top of page
Search
myanmarehs

သန္ဓေပြောင်း COVID-19 တတိယလှိုင်း ကိုသတိပြုနိုင်ရန်

Updated: Apr 28, 2021

မြန်မာ၏ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်တတိယလှိုင်းဖြစ်နေကြပါသည်။ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီမှာဆိုလျှင်လူနာနှင့်ကုတင်မလောက်၍ ဆေးရုံကုတင်တစ်ခုကို လူနာ ၂ယောက်နှုန်း ထားနေရတဲ့အခြေအနေရောက်နေတာကိုလဲတွေ့ရပါသည်။ ထိုင်းနိုင်ငံမှာ ဆိုလျှင်လဲ သန္ဓေပြောင်း COVID-19 ကြောင့် တစ်နေ့ကို လူပေါင်း ၁၅၀၀ ကျော် ကူးဆက်ခံနေရဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလဲ ကိုဗစ်ထက် အရေးကြီးတဲ့ နိုင်ငံရေးပြသနာများနှင့်ရင်ဆိုင်နေရသည်ဆိုသော်လည်း အချိန်မရွေးဖြစ်နိုင်သည့် Coronavirus ကိုလဲ မမေ့လျော့သင့်ပါကြောင်း နှင့် သိသင့်သိထိုက်သည်များကို ရေးသားဖော်ပြလိုက်ပါသည်။ . COVID-19 ကူးဆက်ခံနေရမှုစာရင်း - Source - John Hopkins University & MOHS . ထိုင်းနိုင်ငံ - ၄၃ ၇၄၂ ယောက်/ သေဆုံး - ၁၀၄ ဘင်္ဂလားဒေ့ရှ် - ၇၂၃ ၂၂၁ ယောက်/ သေဆုံး - ၁၀ ၄၉၇ အိန္ဒိယ - ၁၅ ၀၆၁ ၉၁၉ ယောက်/ သေဆုံး - ၁၇၈ ၇၆၉ မြန်မာ - ၁၄၂ ၆၄၄ ယောက်/ သေဆုံး - ၃ ၂၀၆ . COVID-19 လက္ခဏာများမှာ - . ၁။ ဖျားခြင်း၊ (88% common) ၂။ ချောင်းခြောက်ဆိုးခြင်း၊ (68% common) ၃။ မအီမသာဖြစ်ခြင်း၊ (38% common) ၄။ ချွဲထွက်ခြင်း၊ ချွဲကပ်ခြင်း၊ (33% common) ၅။ အသက်ရှုမဝခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ (19% common) ၆။ လည်ချောင်းနာခြင်း၊ ၇။ ခေါင်းကိုက်ခြင်း၊ ၈။ နှာစေးခြင်း၊ ၉။ ခန္ဓာကိုယ်ယားယံခြင်း၊ ၁၀။ အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ၁၁။ အနံ့ အရသာပျောက်ခြင်း၊ ၁၂။ မျက်လုံး နီခြင်း၊ နာခြင်း၊ ယားခြင်း၊ ၁၃။ အရေပြားယားယံခြင်း။ . မူလ COVID-19 လက္ခဏာအများစုမှာ ဖျားခြင်း၊ အနံ့ပျောက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း မဝခြင်း တွေဖြစ်ပါသည်။ ယခု UK မှ သန္ဓေပြောင်း COVID-19 မှာတော့ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ လက်ချောင်းယောင်ခြင်း၊ အဆစ်ယောင်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လက်ဖျားခြေဖျားတွေပြာခြင်း၊ ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊ ဝမ်းလျောခြင်း စတဲ့ လက္ခဏာတွေတွေ့ရပါသည်။ . COVID-19 ကူးဆက်ခြင်းမရှိစေရန် - . ၁။ အပြင်ထွက်တိုင်း Mask တပ်ပါ။ ၂။ လက်ကိုမကြာခဏဆေးပါ။ ပြင်ပရှိပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ။ အပြင်ကပြန်လာပြီးတိုင်း လက်ဆေးပါ။ ၃။ တယောက်နှင့်တယောက် ၆ ပေအကွာမှာနေပါ။ ၄။ ဆေးရုံ ဆေးခန်းများ မလိုအပ်ပဲသွားခြင်းရှောင်ကျဥ်ပါ။ ၅။ မသန့်ရှင်းသော လက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ပါနဲ့။ ၆။ နှာချေ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှုးသုံးပါ။ ၇။ နေမကောင်းဖြစ်နေလျှင်၊ မအီမသာဖြစ်လျှင်၊ ဖျားနေလျှင် အိမ်မှာပဲနေပါ။ ၈။ အဖျားကြီးခြင်း၊ အသက်ရှုရခက်ခဲခြင်း တွေဖြစ်လျှင် ဆေးရုံဆေးခန်း အမြန်ပြပါ။ ၉။ COVID-19 လက္ခဏာသံသယရှိသူများနှင့် တိုက်ရိုက်ထိတွေ့ခြင်းရှောင်ကျဥ်ပါ။ မဖြစ်မနေထိတွေ့ရတော့မည်ဆိုလျှင် Face shield နှင့် PPE ဝတ်စုံများသုံးပါ။ ၁၀။ တက်နိုင်သမျှ အိမ်မှာနေပါ။ အိမ်ကနေ တော်လှန်ရေးလုပ်ပါ။ . COVID-19 နှင့်ပတ်သတ်၍ ရောဂါလက္ခဏာများ၊ ဆောင်ရန်ရှောင်ရန်များ၊ ကာကွယ်ဆေးအကြောင်းအရာများ စသည်တို့ကိုလေ့လာချင်လျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဖွင့်လှစ်သင်ကြားပေးနေသည့် အခမဲ့ အွန်လိုင်း သင်တန်းများကို ယခုဖော်ပြပါ လင့်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ WHO ၏ certificate လဲရမှာမို့ တော်လှန်ရေးလုပ်ပြီး နားသည့်အချိန်များတွင် လူငယ်များအနေဖြင့် လေ့လာထားသင့်ပါကြောင်း တင်ပြအပ်ပါသည်။ . WHO Free online course - https://openwho.org/courses .

Environment-Health-Safety (EHS Myanmar) မှ ပြုစု ရေးသားသည်။ --------------------------------------------------------- မြန်မာပြည်သူပြည်သားများအားလုံး အမြန်ဆုံးအေးချမ်းသာယာနိုင်ပါစေ









0 views0 comments

Comments


bottom of page