top of page
Search
myanmarehs

Achievement of EHS Myanmar in the year 2021

EHS Myanmar's 2021 Annual Report/ ၂၀၂၁ အစီရင်ခံစာ ____________________________________________________________________________________________ EHS Myanmar ၏ ၂၀၂၁ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများမှာ - . EHS Myanmar ၏ မူပိုင် ပညာပေးဆောင်းပါး နှင့် ဆောင်းပါးတိုပေါင်း - (၄၄) ပုဒ်ကျော်ကို ရေးသားနိုင်ခဲ့ပါတယ်။ . Environmental နှင့် Health & Safety နှင့်ဆိုင်သည့် လေ့လာစရာ စာအုပ်ကောင်း (၅၀) ကျော်ကိုလဲ ဝေမျှနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း နှင့် နိုင်ငံခြားကျောင်းလျှောက်ထားခြင်း ဆိုင်ရာ အခွင့်အလမ်းများနှင့်ဆိုင်သည့် Post ပေါင်း (၁၀) ခုကျော်ကိုလဲ ဝေမျှခဲ့ပါတယ်။ . Environmental နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် လူငယ်ပညာရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ နှင့် video ပညာပေးမှုများ (၁၄) ခု ကျော်ကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ . ဇန်နဝါလ (၁၉) ရက်နေ့တွင် Community Awareness Training (၁) ခုအဖြစ် STEPS Community ဖြင့်ပူးပေါင်း၍ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒေသခံပြည်သူများကို စွန့်ပစ်အမှိုက်များစီမံခန့်ခွဲခြင်း နှင့် ပြန်လည်အသုံးချနည်းများကို EHS Myanmar ၏ Internship ညီမတို့မှ သွားရောက်သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်။ . တစ်နှစ်အတွင်း အခမဲ့ အွန်လိုင်းသင်တန်းပေါင်း (၄) ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီး corporate training (၂) ခုနှင့် EHS Myanmar သင်တန်း (၃) ခုတို့ဖြင့် သင်တန်းသား အရေအတွက် (၃၅၀) ကျော်ကို သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်။ . မိတ်ဖက်အဖွဲ့အစည်း (၁၃) ခုနှင့် Collaboration များပြုလုပ်နိုင်ခဲ့ပါတယ်။ လူငယ်တွေကိုအသိပညာ အတတ်ပညာ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Internship Program (၃) ခုကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ . EHS Myanmar ၏ ၂၀၂၁ တစ်နှစ်တာကာလ တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ သတိပြုဖွယ်ရာ များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို Online Platform များ၊ Podcast တို့မှတဆင့် အစွမ်းကုန်ကြိုးစားပြီးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး လဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ နှင့် သုတေသနပြုလုပ်ခြင်းလုပ်ငန်းစဥ်များကိုလဲ မတူညီသော apporach အသစ်များဖြင့် လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ . ကျွန်တော် ကျွန်မတို့ EHS Myanmar တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို လွတ်လပ်စွာ မျှဝေလိုပါက ယခုဖော်ပြပါ link တွင် အမည်မဖော်ပဲ ဝင်ရောက် အကြံပြုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

https://forms.gle/rgY33FSdXm5MMeBo7 . နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity."



4 views0 comments

Comments


bottom of page