top of page
Search
myanmarehs

Climate Crisis: This is not a joke.

၂၀၂၁ ခုနှစ် ဇွန်လိုင်လ အတွင်း ရာသီဥတုပြောင်းလဲမှု၊ ဖောက်ပြန်မှု တို့ကြောင့် သဘာဝဘေးအန္တရာယ်များခံစားရပြီး လူအယောက် ၁၀၀ ထက်မနည်းသေဆုံးသွားရပြီ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း Sciencealert.com မှဖော်ပြထားသည်။


ပုံ ၁ - ဇွန်လိုင်လ ၂၀ ရက်နေ့မှစ၍ ဖြစ်ပေါ်လာသော ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နှင့် မိုင်းယောင်းမြို့နယ် တွင် ရေကြီးရေလျှံပြီး မြေပြိုမှုဖြစ်စဥ်များ၊

ပုံ ၂ - ဇွန်လိုင်လ ၂၁ ရက်နေ့မှစ၍ ဖြစ်ပေါ်လာသော တရုတ်နိုင်ငံ Zhengzhou မြို့တွင် ရေကြီးရေလျှံမှုတို့ကြောင့် လူ ၁၂ဦးသေဆုံးမှု ဖြစ်စဥ်၊

ပုံ ၃ - ဇွန်လိုင်လ ၂၁ ရက်နေ့ မှစတင်လောင်ကျွမ်းခဲ့သော အမေရိကန်နိုင်ငံ Oregon ပြည်နယ်၏ တောမီးလောင်မှုတို့ကြောင့် သစ်တော်ဧကပေါင်း ၃၆၄ ၀၀၀ ဧက ပျက်ဆီးခဲ့ရမှုဖြစ်စဥ်၊

ပုံ ၄ - ဇွန်လိုင်လ ၁၈-၁၉ မှစ၍ ဖြစ်ပေါ်လာသော ဂျာမနီနိုင်ငံ၊ ဘလ်ဂျီယံနိုင်ငံ၊ ဩစတီးယားနိုင်ငံ တို့တွင် ရေကြီးရေလျှံပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၀၀ သေဆုံးခဲ့မှုဖြစ်စဥ်၊


ထို့အပြင် ကနေဒါနိုင်ငံ နှင့် ရုရှနိုင်ငံတို့မှ တောမီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ကနေဒါနိုင်ငံတွင် တောမီးလောင်ခြင်း ကြောင့်လူပေါင်း ၅၇၀၀ ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး၊ ရုရှနိုင်ငံ ဆိုက်ဗေးရီးယား မြောက်ပိုင်းဒေသတောမီးလောင်မှုကြောင့် သစ်တော်ဧကပေါင်း ၃.၇ သန်း ပျက်ဆီးခဲ့ရပြီး လေထုညစ်ညမ်းမှုဆိုးရွားလျက်ရှိကြောင်းလဲ သိရသည်။ . သဘာဝဘေးအန္တရာယ်များကြောင့် ရာသီဥတုဖောက်ပြန်တာလား၊ ရာသီဥတုဖောက်ပြန်လို့ သဘာဝဘေးအန္တရာယ်တွေကြုံရတာလား။ . Listen us on Podcast - https://anchor.fm/ehsmyanmar ---------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."



2 views0 comments

Comments


bottom of page