EHS Myanmar ၏ Internship Program ဆိုတာဘာလဲ
- myanmarehs
- Dec 16, 2021
- 1 min read
Internship Programဆိုတာကတော့ ကျွန်မတို့အားလုံး သိကြတဲ့အတိုင်း လုပ်ငန်းခွင်မဝင်ခင် လိုအပ်သည်များကို သင်ယူလေ့လာနိုင်ရန် အလုပ်သင်ကာလကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ . EHS Myanmarရဲ့ အလုပ်သင်ကာလတစ်လျှောက်မှာ ကျွန်မတို့အတွက် လုပ်ငန်းခွင်ဝင်ချိန်မှာ မရှိမဖြစ်လိုအပ်သော Digital Skills, Personal Skills, Soft Skills, Communication Skills အစရှိသည်တို့ကို ပုံမှန်ကိုယ့်မှာရှိရင်းစွဲထက် ပိုမိုစည်းစနစ်ကျစွာ အသုံးချတတ်စေရန် Supervisorများမှ အနီးကပ်လေ့ကျင့်သင်ပေးကြားမှုများအပြင် ရှိပါတယ်။ . ဒါ့အပြင် EHS Myanmar Internအနေနဲ့ နောက်ထပ် ဂုဏ်ယူရတဲ့ တစ်ချက်ကတော့ Internတစ်ယောက်အနေနဲ့ အလုပ်ချည်းပဲ အချိန်ပြည့် လုပ်နေရတာမျိုးမဟုတ်ဘဲ သဘာဝပတ်ကျန်းပိုင်းဆိုင်ရာ ပညာရေးပိုင်းကိုလည်း စဉ်ဆက်မပြတ် လေ့လာမှုများ ရှိနေစေရန်အတွက် -
(၁) EHS Myanmar မှ ဖွင့်လှစ်သော Online Courseများကို Free of Charge တက်ခွင့်ရခြင်း၊
(၂) ပြည်တွင်း၊ပြည်ပမှ ဖွင့်လှစ်သော သစ်တန်းများ၊ workshopများ၊ trainingများ၊ webinarများ တက်ခွင့်ရခြင်း၊
(၃) Internများသိလိုသည့် ပညာရေးပိုင်းဆိုင်ရာများကို Fieldအလိုက် Supervisorများမှ Internal trainingပေးခြင်း၊
(၄) Internများအချင်းချင်း Knowledge sharing sessionများပြုလုပ်ခြင်း၊
(၅) Environmental Articleများ၊ Newsletterများ ပြုစုရေးသားရန်အတွက် Technical Paperများ၊ Research Paperများနှင့် ပြည်တွင်း ပြည်ပသတင်းများကို အချိန်နှင့်တပြေးညီ ဖတ်ယူလေ့လာခွင့် ရရှိနေခြင်း အစရှိသဖြင့် ကျွန်မတို့အတွက် များစွာမှ အကျိုးရှိသော Internship Programလေး တစ်ခုပဲ ဖြစ်ပါတယ်ရှင့်။ . ယခုဆိုလျှင် Internship Program အပတ်စဥ် (၃) ခုအထိ ခေါ်ယူဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူ (၆) ယောက်ကို အောင်မြင်စွာသင်တန်းဆင်းပေးနိုင်ခဲ့ပြီး ကျောင်းသူ တစ်ယောက်ကို permanent position (၁)ခု ပေးနိုင်ခဲ့ပါတယ်။







Comments