top of page
Search
myanmarehs

📑 EHS Myanmar's 2022 Annual Report/ ၂၀၂၂ ခုနှစ် အစီရင်ခံစာ 📑

EHS Myanmar ၏ ၂၀၂၂ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများမှာ -


> EHS Myanmar ၏ မူပိုင် ပညာပေးဆောင်းပါး နှင့် ဆောင်းပါးတိုပေါင်း - (၄၃) ပုဒ်ကျော်ကို ရေးသားနိုင်ခဲ့ပါတယ်။


> Environmental နှင့် Health & Safety နှင့်ဆိုင်သည့် လေ့လာစရာ စာအုပ်ကောင်း (၂၀) ကျော်ကိုလဲ ဝေမျှနိုင်ခဲ့ပါတယ်။


> Environmental နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် လူငယ်ပညာရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ နှင့် Podcast မှ ပညာပေးမှုများ အပြင် EHS Myanmar ၏ BOD များမှ ပြင်ပအဖွဲ့အစည်းများ၏ဖိတ်ခေါ်ချက်များအရ ဟောပြောဆွေးနွေးပွဲများ စုစုပေါင်း (၁၂) ခု ကျော်ကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။


> တစ်နှစ်အတွင်း အခမဲ့ အွန်လိုင်းသင်တန်းပေါင်း (၂) ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီး corporate training (၂) ခုနှင့် EHS Myanmar ၏ သင်တန်း (၃) ခုတို့ဖြင့် သင်တန်းသား အရေအတွက် (၃၆၀) ကျော်ကို သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်။


> မိတ်ဖက်အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ရောက်ခြင်း (၄) ခုတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။


> လူငယ်တွေကိုအသိပညာ အတတ်ပညာ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Internship Program (၂) ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


> ဧပြီလတွင် "A Study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းငယ်တစ်ခုကို လူငယ်ပညာပေးအဖွဲ့အစည်းဖြစ်သည့် "SLC Advocates"နှင့် ပူးပေါင်း၍ ပြုစုနိုင်ခဲ့ပြီး MIMU ResearchGate Academia.edu Zenodo စသည့် Platform များတွင် publish လုပ်ခဲ့ပါတယ်။


> EHS Myanmar ၏ (၂၀၂၂) ခုနှစ် တစ်နှစ်တာကာလတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ သတိပြုဖွယ်ရာ များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို Online Platform များ၊ Podcast တို့မှတဆင့် အစွမ်းကုန်ကြိုးစားပြီးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး လဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ နှင့် သုတေသနပြုလုပ်ခြင်းလုပ်ငန်းစဥ်များကိုလဲ မတူညီသော apporach အသစ်များဖြင့် လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။


ကျွန်တော် ကျွန်မတို့ EHS Myanmar တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို လွတ်လပ်စွာ မျှဝေလိုပါက comment တွင် (သို့မဟုတ်) Page Chatbox တို့တွင်ဝင်ရောက် အကြံပြုပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။


နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity."




11 views0 comments

Comments


bottom of page