top of page
Search

EHS Myanmar's research work about Internet Emissions

ယခုခေတ်ကာလသည် နည်းပညာခေတ်ဖြစ်သည်ကို လူတိုင်း သိရှိပြီးဖြစ်ပါသည်။ ကမ္ဘာနှင့် အ၀န်း လူပေါင်းသန်းနှင့်ချီသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် ဆက်သွယ်ရေးပစ္စည်းများ၊ networks များစွာကို အသုံးပြုလျက်ရှိပါသည်။ သို့သော် လူသားများအတွက် အလွန်သက်သာ၍ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်သော နည်းပညာအသုံးပြုမှုများသည် သဘာ၀ပတ်၀န်းကျင်အပေါ် သက်ရောက်မှုများစွာရှိနေသည်ကို မျက်ကွယ်ပြု၍မရပါ။

.

သို့ဖြစ်၍ ကျွန်ုတို့ EHS Myanmar အနေဖြင့် "A study on Environmental Impacts of Internet Emission: a case study of Yangon" ခေါင်းစဉ်ဖြင့် သုတေသနကျမ်း (mini research) တစ်ခု ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။မြန်မာနိုင်ငံ၌ နည်းပညာအသုံးပြုမှု အများဆုံးဟု ဆိုနိုင်သည့် ရန်ကုန်မြို့အား အဓိကထား၍ သုတေသနစစ်တမ်းကောက်ယူသွား မည့်အပြင် နည်းပညာကျွမ်းကျင်သူများနှင့် ပူပေါင်းဆောင်ရွက်သွားမည်လဲ ဖြစ်ပါသည်။

.

ဤ သုတေသန သည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းမှုကို စိတ်ပါ၀င်စားသူ အားလုံးအတွက်အကျိုးရှိစေမည့် အပြင်ကျွန်ုပ်တို့နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ကဏ္ဍတွင်လဲ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်၍ မိမိတို့တက်စွမ်းသမျှ တနိုင်တပိုင်လုပ်ဆောင်နေခြင်းလဲဖြစ်ပါသည်။ ထို့ကြောင့် သုတေသန ပြီးမြောက် အောင်မြင်ဖို့ စိတ်ဝင်စားသည့် မိတ်ဖက် အဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများကိုလဲ ဖိတ်ခေါ်အပ်ပါသည်။ သုတေသနကျမ်းပြီးမြောက်သွားပါက အများပြည်သူသိစေရန် ပြန်လည်ဖြန့်ဝေ (publish) ပေးသွား မည့်အပြင် webinar တစ်ခုလဲပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

.

သိချင်တာများရှိပါက EHS Myanmar's Research Team email- ehsresearch.projects@gmail.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

.

EHS Myanmar Telegram Channel - https://t.me/ehsmyanmar




 
 
 

Comments


bottom of page