top of page
Search
myanmarehs

EHS Myanmar ၏ သုတေသန လမ်းကြောင်း နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် သုတေသန အရေးကြီးပုံ

EHS Myanmar | 27.4.2022


သုတေသန (Research) ဆိုသည်မှာ သိုမှီးစုဆောင်း ရရှိထားသော ဗဟုသုတများစွာကို တိုးပွားစေရန်အလို့ငှာ ပြုလုပ်သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိ၍ စနစ်ကျသော အလုပ်တစ်မျိုးဖြစ်သည်။[၁] သုတေသနတွင် ပြဿနာ (သို့) အကြောင်းအရာတစ်ရပ်နှင့်ပတ်သက်၍ နားလည်မှု ပိုမိုဖြစ်ပေါ်လာစေရန် သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ စနစ်တကျ စီမံခြင်းနှင့် အသေးစိတ် လေ့လာသုံးသပ် စိစစ်ဝေဖန် ပိုင်းခြားခြင်းများ ပါဝင်သည်။ သုတေသနလုပ်ငန်းတစ်ခုသည် နယ်ပယ်တစ်ခု၌ အတိတ်ကပြုလုပ်ခဲ့သော (သုတေသန)လုပ်ငန်းတစ်ခုကို ချဲ့ထွင်ခြင်းလည်း ဖြစ်နိုင်သည်။ အကြောင်းအရာတစ်ရပ် (သို့) ပညာရေးအတွက် ဗဟုသုတအသိပညာများကို ပိုမို ဖွံ့ဖြိုးစေရန် သုတေသနလုပ်ငန်းများကို အသုံးပြုနိုင်သည်။ စမ်းသပ်မှုများ၊ လုပ်ငန်းစဉ်များ၊ ကိရိယာများ၏ ကြောင်းကျိုးခိုင်လုံမှုကို စစ်ဆေးစမ်းသပ်ရန် ယခင်ပြုလုပ်ဖူးသော သုတေသနလုပ်ငန်းမှ အစိတ်အပိုင်းအချို့ (သို့) တစ်ခုလုံးကို ပုံစံတူ လုပ်ဆောင်နိုင်ပေသည် ဟု ဝီကီပီးယားတွင်ဖော်ပြထားသည်။ . Sustainable Development တွင် အရေးပါပုံ။

သဘာဝပတ်ဝန်းကျင်ပညာဆိုသည်မှာ ပတ်ဝန်းကျင်အပေါ်တွင်မှီခိုနေသော သက်ရှိသက်မဲ့တို့၏ ရှင်သန်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေစနစ်အပေါ်သက်ရောက်လာမည့် ဆိုးကျိုးများ (Pollution and Impact) များကိုလေ့လာခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း နှင့် ကျွန်ုပ်တို့နေထိုင်ရာနိုင်ငံ နှင့် ကမ္ဘာကြီး ကိုရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးမှုဖြစ်လာစေရန် စသည်တို့ကို လေ့လာရခြင်းဖြစ်ပါသည်။ ဒီလိုလေ့လာခြင်းတွေမှာ သုတေသနပြုလုပ်ခြင်းကလဲ အရေးကြီးတဲ့နေရာမှာပါဝင်လျက်ရှိပါသည်။ သဘာဝပတ်ဝန်းကျင်အပေါ်ညစ်ညမ်းစေနိုင်သည့် အကြောင်းအချင်းအရာများကို အမြဲမပြတ်လေ့လာပြီး ဖြေရှင်းချက်များ (Environmental Solutions) များလုပ်ဆောင်ဖို့က သဘာဝပတ်ဝန်းကျင်သုတေသနပြုလုပ်ချက်တွေပေါ်မှာ အဖြေရှာရခြင်းပဲဖြစ်ပါသည်။ ဒီလို Environmental Pollution နှင့် Solution တွေကို လေ့လာဖော်ထုတ်ပြီးမှသာလျှင် လိုအပ်သော မူဝါဒများ၊ ဥပဒေများ၊ လမ်းညွှန်ချက်များ နှင့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ချမှတ်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါသည်။ Sustainable Development လိုမျိုး Sustainability ဖြစ်ဖို့ဆိုလျှင် သဘာဝပတ်ဝန်းကျင်တစ်ခုထည်းသာမက၊ လူမှုဘဝဖွံ့ဖြိုးရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဖို့က ထည့်သွင်းစဥ်းစားရမည်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ပညာရှင်များသာမက လူမှုရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များပါ ပူးပေါင်းအဖြေရှာမှသာ Sustainable Development လမ်းကြောင်းပေါ်ရောက်ရှိမည်။ . ကျွန်ုပ်တို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံမှာ သုတေသနများကလွန်စွာအားနည်လျက်ရှိပါသည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ရေးရာကဏ္ဍတွေမှာဖြစ်ပါသည်။ ပွင့်လင်းစွာပြောရမည်ဆိုလျှင် Environmental Education နှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ လူသိများလာတာ ဆယ်စုနှစ်တစ်ခုတောင်မပြည့်ချင်သေးပါဘူး။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှသာ တက္ကသိုလ်၊ ကောလိပ်တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘွဲ့ကြို ဘွဲ့လွန်သင်တန်းတွေ ပြန်လည်ဖွင့်လှစ်လာတာတွေ့ရနိုင်ပါသည်။ ယခုခေတ်အခြေအနေဆိုလျှင်လဲ Environmental Public Awareness လှုပ်ရှားမှုများက ယခင်များကထက်ပိုမိုများပြားလာပါသည်။ လူငယ်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများ ဆိုလျှင် အွန်းလိုင်းပေါ်မှလည်းကောင်း မြေပြင်ဆင်း၍လည်းကောင်း ကျေးလက်မြို့ပြမကျန် လူကြီးလူငယ်မရွေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာများကို လုပ်ဆောင်နေခြင်းများကိုလဲတွေ့မြင်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်သည့် ကဏ္ဍများတခုချင်းစီအလိုက် အားနည်းနေသေးတာကိုတွေ့နေရပါသေးသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း တက်စွမ်းသလောက် သုတေသနများကိုလဲလုပ်ဆောင်လျက်ရှိနေတာကိုလဲတွေ့မြင်ရနိုင်ပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ EHS Myanmar လို အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများကလဲ တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်ဆီးမှုလျော့နည်းလာအောင် နှင့် Sustainable Developement ဖြစ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့အတွက် သုတေသနလုပ်ငန်းများကို ယခုထက်ပိုမို ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါသည်။ . တစ်ဆက်ထည်းမှာပင် ကျွန်ုပ်တို့ EHS Myanmar အဖွဲ့အစည်းအနေဖြင့် Research Team ၏ဦး‌ဆောင်မှု၊ တာဝန်ယူမှုနှင့် အဖွဲ့၏ အခြားသော Team Member များ၏ ကူညီမှုများကြောင့် October 2021 မှ စတင်ကာ April 2022 အထိ (၆) လတာကာလအတွင်း "𝐀 𝐒𝐭𝐮𝐝𝐲 𝐨𝐧 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭𝐬 𝐨𝐟 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐄𝐦𝐢𝐬𝐬𝐢𝐨𝐧𝐬: 𝐀 𝐂𝐚𝐬𝐞 𝐒𝐭𝐮𝐝𝐲 𝐨𝐟 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫" ဆိုသည့် ခေါင်းစဉ်ဖြင့် အသေးစားသုတေသန Research Paper တစ်စောင်အား အောင်မြင်စွာရေးသားနိုင်ခဲ့ပါသည်။ ထို Research Paper အား EHS Myanmar အဖွဲ့အစည်းအနေဖြင့် National Conference များတွင်လည်းကောင်း၊ International Conference များတွင်လည်းကောင်း ဖတ်ရှုနိုင်ရန်နှင့် အများပြည်သူများဖတ်ရှုနိုင်ရန် ထိုစာဆောင်အား Online ပေါ်တွင် Publish လုပ်သွားနိုင်ရန် ကြိုးစားပြုလုပ်ဆောင်ထားပြီးလဲဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မကြာခင်အချိန်တွင် ကြေငြာသွားပါမည်။

. ၂၀၂၂-၂၀၂၃ ခုနှစ်တွင်လဲ EHS Myanmar အနေဖြင့် နိုင်ငံအတွက်အကျိုးပြုမည့် သုတေသနစာတမ်းတစ်စောင်အား ထပ်မံရေးသားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။


ရေးသားသူ - နိုင်ကျော်လူ နှင့် Hector ------------------------------------------------ အသေးစိတ်ကို - ehsresearch.projects@gmail.com နှင့် www.ehsmyanmar.org တို့တွင်လေ့လာ စုံစမ်းမေးမြန်းနိုင်ပါသည်။




61 views0 comments

Comments


bottom of page