top of page
Search
myanmarehs

"Environmental Air Pollution" Online Course Registration Now Open

ယခု နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ လေထုညစ်ညမ်းမှုပညာရပ်ဆိုင်ရာ "Environmental Air Pollution" အခြေခံအွန်လိုင်းအတန်းအသစ် ကို စတင်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။


> EHS Myanmar ဆိုတာဘာလဲ?


EHS Myanmarကို မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


> ဘာတွေသင်မှာလဲ?


- Introduction and Overview

- Air Pollutants and their characteristics

- Causes and sources of Air Pollution

- Environmental Effects of Air Pollution

- Health Effects of Air Pollution

- Outdoor (Ambient) Air Pollution

- Indoor Air Pollution

- Policy and Guidelines (National and International)

- Case Studies, etc.


> ဘယ်သူတွေသင်မှာလဲ?


The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ President ကိုယ်တိုင် course materials (lecture notes, ebooks, quiz, disucssion etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


> ဘယ်သူတွေတက်သင့်သလဲ?


Environmental Air Pollution Online Course ကို လေထုညစ်ညမ်းမှုပညာရပ်အကြောင်း စတင်လေ့လာမည်သူများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားသည့် "Begineer Level" သင်တန်းတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် အခြေခံပညာအထက်တန်းအောင်ပြီးသား ကျောင်းသား/ ကျောင်းသူများ၊ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသား/ ကျောင်းသူများ နှင့် လေထုညစ်ညမ်းမှုအကြောင်းကို အခုမှစတင်လေ့လာမည့်သူများအတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။


> သင်တန်းအချိန်က ဘယ်အချိန်တွေလဲ? ဘယ်နှရက်လဲ?


ရုံးချိန်လွတ် ၃ရက်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင်သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။


Time : 6:00 pm - 8:30 pm

Date : November 26th - 28th, 2021

Days : 3 Days (Friday, Saturday and Sunday)


> သင်တန်းကြေးကကော? online ကနေပေးလို့ရရဲ့လား?


သင်တန်းကြေးက ၂၅၀၀၀/- ကျပ် သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။


> လူအရမ်းများလျှင် စာနားမလည်မှာစိတ်ပူမိတယ်။


ဒီ့အတွက် မပူပါနဲ့။ သင်တန်းသားဦးရေ ၃၅ ယောက်သာလက်ခံသွားမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေးဖို့တော့လိုပါမယ်နော်။


> ဟုတ်ပြီ...တက်မယ်ဗျာ/ရှင့်...သင်တန်းဘယ်လိုအပ်ရမလဲပြောပါဦး။


သင်တန်းတက်ဖို့ လျှောက်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ Link မှတစ်ဆင့် လျှောက်လွှာဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်းဖို့တော့လိုပါမယ်နော်။


Registration Form - https://forms.gle/uf23TV24pZu2p9r87


> သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း 09456991399 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

---------------------------------------------------------------------------

Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar









29 views0 comments

Comments


bottom of page