🌐 ဒီဇင်ဘာလ (၄) ရက်နေ့တွင် Environmental Sustainability Course Batch 2 (Intermediate Level) ကို ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။
🌐 EHS Myanmar ဆိုတာဘာလဲ?
EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
🌐 ဘာတွေသင်မှာလဲ?
- Circular Economy
- Sustainable Development Goals
- Environmental Hazard and Public Health
-Environmental Health Risk Assessment (EHRA)
- Wastewater Treatment System and Management
- Sludge digestion and Biosolid management
-etc.
🌐ဘယ်သူတွေသင်မှာလဲ?
အတွေ့အကြုံရှိ နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားနေတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🌐ဘယ်သူတွေတက်သင့်သလဲ?
Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။
.
🌐 ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ?
ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။
အချိန်။ ။ ညနေ ၆:၃၀ မှ ည ၉:၀၀ နာရီ အထိ
နေ့ရက် ။ ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ)
🌐သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား?
သင်တန်းကြေးက ၂၅၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။
🤩 EHS Myanmar ၏ Partnership Organizations များမှ Members များကတော့ Partnership Discount ရရှိမှာဖြစ်ပါတယ်။
🌐 လူအရမ်းများလျှင် စာနားမလည်မှာစိတ်ပူမိတယ်။
ဒီ့အတွက် မပူပါနဲ့။ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေးဖို့တော့လိုပါမယ်နော်။
🌐 ဟုတ်ပြီ...တက်မယ်ဗျာ/ရှင့်...သင်တန်းဘယ်လိုအပ်ရမလဲပြောပါဦး။
သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။
Registration Form - https://forms.gle/Ee1SLVFCK8udtH72A
Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဒီဇင်ဘာလ (၁) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
☎️ အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09456991399 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
---------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar

Comments