top of page
Search
myanmarehs

Environmental Sustainability online Course Batch-4 အတွက် သင်တန်းသားလက်ခံနေပါပြီ

ဩဂုတ်လ (၁၃) ရက်နေ့တွင် အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ Environmental Sustainability Course Batch 4 (Intermediate Level) ကို ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။


EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


ဘာတွေသင်မှာလဲ? - Circular Economy and Sustainability - Environmental Hazards and Public Health -Environmental Health Risk Assessment (EHRA) - Wastewater Treatment System and Management - Sludge digestion and Biosolid management -etc.


ဘယ်သူတွေသင်မှာလဲ? အတွေ့အကြုံရှိ နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားနေတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်သူတွေတက်သင့်သလဲ? Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။


ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ? ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။

အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ နေ့ရက်။ ။ ဩဂုတ်လ ၁၃ရက်နေ့မှ ၂၈ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ) သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing


မှတ်ချက်။ ။ ဆရာ/ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၂နာရီမှ ၂နာရီခွဲဝန်းကျင် ကြာမြင့်နိုင်ပါသည်။


သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၂၅၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။

EHS Myanmar ၏ Partnership Organizations များမှ Members များက နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Discount ရရှိမှာဖြစ်ပါတယ်။


သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေး ဖို့တော့လိုပါမယ်နော်။


သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။

Registration Form - https://3c5.com/wcxy6


Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဩဂုတ်လ (၁၀) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။


အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09755282383 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar



21 views0 comments

Comments


bottom of page