Environmental လို့ပြောလိုက်ရင် ဘာကိုမြင်မိလဲ?(Part 1)
- myanmarehs
- Apr 28, 2021
- 3 min read
ဟုတ်ပါတယ်....ဒီမေးခွန်းကို Environmental Field နဲ့ အကျွမ်းတဝင် မဟုတ်တဲ့သူကိုမေးကြည့်ရင် ဘာဖြေလေ့ရှိပါလဲ?
Environmental Subject ဟုဆိုလိုက်လျှင် သစ်ပင်စိုက်တာ၊ သစ်တောတွေမပြုန်းတီးဖို့ကာကွယ်တာ၊ အမှိုက်မပစ်အောင်လုပ်တာ၊ ပလတ်စတစ်မသုံးအောင်တိုက်တွန်းတာ တွေပဲ သင်တဲ့ ဘာသာရပ်လို့ စာရေးသူတို့နိုင်ငံမှာ အများစုက ထင်နေကြဆဲပါ။
အဲဒီတော့ Environmental ဆိုတဲ့ စကားရပ်အောက်မှာ ဘယ် issues တွေကို ပါဝင်ပြီး ဘယ် subject တွေလေ့လာရမလဲ? လေ့လာသင့်လဲ? ဘယ် Specialist Field တွေ ကို ရွေးပြီး ဘယ် Environmental Specialist အဖြစ် အသက်မွေးဝမ်းကြောင်းပြုသင့်လဲ? စတာတွေကို အခန်းဆက် အနေနဲ့ ပြောပေးသွားပါမယ်။
အရင်ဆုံးအနေနဲ့ Environmental ဆိုတဲ့ စကားရပ်ထဲမှာ ဘယ်လို ပညာရပ်တွေပါဝင်နေလဲဆိုတာအရင်ဆုံးပြောပြပေးချင်ပါတယ်။
စိုက်ပျိုးရေး နှင့်မွေးမြူရေးပညာရပ်များ - Agricultural pollution, Natural Resource Management, Agroforestry, Animal Husbandry, Aquaculture, Biodynamic Farming, Biotechnology, Composting, Genetically modified foods, Herbicides, Organic Farming, Permaculture စတဲ့ စိုက်ပျိုးမွေးမျိုးရေးဆိုင်ရာ ပညာရပ်များ။
လေထုအရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာပညာရပ်များ - Acid Rain, Air Pollution, Asthma, Criteria pollutants, Fossil Fuels, Photochemical smog, Indoor Air Quality, Industrial Air Quality, Industrial Pollution, Ozone Depletion, Pollution Prevention, Transport and the environment စသဖြင့် Air Quality ဆိုင်ရာ ပညာရပ်များ။
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပညာရပ်များ - Global Warming, Greenhouse effect, Urban heat island effect စတဲ့ climate change ဆိုင်ရာပညာရပ်များ။
ပတ်ဝန်းကျင်ဂေဟစနစ်ဆိုင်ရာပညာရပ်များ - Coastal ecosystems, Coral Reefs, Deserts, Forests, Grasslands, Mountains, Oceans, Rainforests, Rivers, Lakes and Streams, Wetlands တို့နှင့် Ecosystem ဆိုင်ရာပညာရပ်များ။
စွမ်းအင်စီမံခန့်ခွဲခြင်းဆိုင်ရာ ပညာရပ်များ - Alternative Fuels, Biomass, Energy Conservation, Efficient Energy Use, Fossil Fuel, Fuel Cells, Geothermal Energy, Hydroelectric Energy, Nuclear Power, Solar Energy, Wind Energy စတဲ့ Energy ဆိုင်ရာပညာရပ်များ။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဆိုင်ရာပညာရပ်များ - Chemical Spills, Floods, Hurricanes, Landslides, Monsoons, Nuclear and radiation accidents, Oil Spills, Tornadoes, Wildfires စတဲ့ Environmental Disasters နှင့်ဆိုင်သည့်ပညာရပ်များ။
သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးဆိုင်ရာပညာရပ်များ - Economic Development, Free Trade, Globalization တို့နှင့်ဆိုင်တဲ့ Environmental Economics ဆိုင်ရာပညာရပ်များ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးလုပ်ငန်းများ - Environmental Studies, Outdoor Education စတဲ့ ပညာပေး ဆိုင်ရာပညာရပ်များ။
သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားဆိုင်ရာပညာရပ်များ - Deep Ecology, Ecofeminism, Religion and Environmentalism, Social Ecology စတဲ့ Environmental Ethics ပညာရပ်များ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေပညာရပ်များ - Environmental Legislation, Environmental Policy, Environmental Justices, Environmental Politics, Environmental Regulation စတဲ့ ဥပဒေဆိုင်ရာပညာရပ်များ။
သစ်တောဆိုင်ရာပညာရပ်များ - Agroforestry, Deforestation, Forest Management, Old Growth, Rainforests, Reforestation, Sustainable Forestry စတဲ့ သစ်တောဆိုင်ရာ ပညာရပ်များ။
မြေဆီလွှာညစ်ညမ်းမှုဆိုင်ရာပညာရပ်များ - Brownfields, Industrial Pollution, Landfills, Pollution Prevention, Resource Extraction, Solid Pollution and Quality စတဲ့ Ground Pollution ဆိုင်ရာပညာရပ်များ။
သက်ရှိများကျက်စာရာနေရာများထိန်းသိမ်းကာကွယ်စောင့်လျှောက်ခြင်းဆိုင်ရာပညာရပ်များ - Marine Conservation, National Parks, Pollution, Public Lands, Resource Extraction, Wilderness Areas, Habitat Conservation စတဲ့ပညာရပ်များ။
ပြည်သူ့ကျန်းမာရေးဆိုင်ရာပညာရပ်များ - Asbestos, Asthma, Cancer, Chlorine, Dioxin, Drinking Water, Fluoride, Food Quality, Genetically Modified Foods, Lead, Light Pollution, Mercury Pollution, Multiple Chemical Sensitivity, Noise Pollution, Occupational Health and Safety,
Organochlorines, Poverty, Radiation, Radon, Toxins စတဲ့ လူ့ကျန်းမာရေးထိခိုက်မှုကာကွယ်လျှော့ချခြင်းဆိုင်ရာ (Human Health) ပညာရပ်များ။
သမိုင်းပညာရပ်များ - Environmental History နှင့် Prehistory စသည့် ပညာရပ်များ။
အဏ္ဏဝါသိပ္ပံပညာရပ်များ - Aquaculture, Beaches, Coastal Ecosystems, Coral Reefs, Fisheries, Marine Biology, Oceanography စတဲ့ပညာရပ်တွေ။
လူဦးရေဆိုင်ရာပညာရပ်များ - Overconsumption နှင့် Overpopulation တို့ကြောင့် impacts တွေအများကြီးရှိခြင်း စတာတွေကိုလေ့လာရတဲ့ ပညာရပ်များ။
Sciences ပညာရပ်များ - Atmospheric Sciences, Biology, Biotechnology, Botany, Chemistry, Ecology, Geography, Geology, Meteorology, Oceanography, Ornithology, Ornithology, Paleontology, Environmental Science စတဲ့ ပညာရပ်များ။
လူမှုသိပ္ပံ ပညာရပ်များ - Humanities, Archaeology, Ethnic Diversity, Indigenous Cultures, World Cultures စတဲ့ Social Sciences စတဲ့ပညာရပ်များ။
ဟန်ချက်ညီသောစီးပွားရေးဆိုင်ရာ ပညာရပ်များ - Alternative Fuels, Corporate Accountability, Economic Development, Ecotourism, Energy Conservation, Green Building, Life Cycle Assessment, Pollution Prevention, Social Investing, Sustainable Technology, Waste Reduction, Water Conservation စတဲ့ ပညာရပ်များ။
စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရပ်များ - Environmental and Social Impact Assessment, Economic Development, Sustainable Agriculture, Sustainable Forestry, Environmental Management, Sustainable Technology စတဲ့ Sustainable Development ပညာရပ်များ။
ဟန်ချက်ညီသောလူနေထိုင်မှုဆိုင်ရာ ပညာရပ်များ - Consumerism, Green Building, Home Maintenance, Organic Gardening, Social Investing, Sustainable Transport စတဲ့ Sustainable living ဆိုင်ရာ ပညာရပ်များ။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပညာရပ်များ - Alternative Fuel Vehicles, Mass Transit, Electric Cars, Telecommuting စတဲ့ ပညာရပ်များ။
မြို့ပြတိုးတက်ခြင်းဆိုင်ရာပညာရပ်များ - Light Pollution Management, Noise Pollution, Sprawl, Traffic, Urban Heat island effect, Urban Planning, Infrastructure Planning စတဲ့ပညာရပ်တွေ။
အသီးအရွက်များစီမံခန့်ခွဲခြင်းဆိုင်ရာ ပညာရပ်များ - Fruitarians, Veganism, Vegetarianism, Lactose Vegetarianism တို့နှင့်ဆိုင်တဲ့ ပညာရပ်များ။
စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်းဆိုင်ရာ ပညာရပ်များ - Bioremediation, Composting, Environmental Remediation, Segregation, Incineration, Sanitary Landfills, Hazardous and Toxic Waste, Nuclear Waste, Hospital Waste, 3R Management စတဲ့ waste management ဆိုင်တဲ့ပညာရပ်တွေ။
ရေသန့်စင်ခြင်းဆိုင်ရာ ပညာရပ်များ - Beaches, Drinking Water, Fishing, Industrial Pollution, Pollution Prevention, Water Conservation, Wastewater Management, Ground Water Management, Water Pollution, Water Treatment, Wastewater Treatment, Watersheds စသည့် Water Quality ဆိုင်ရာပညာရပ်များ။
တောရိုင်းတရိစ္ဆာန်များနှင့် ဆိုင်သည့်ပညာရပ်များ - Biodiversity, Conservation Biology, Endangered Species, Fauna, Flora, Invasive Species, Native Plants, Wild Flowers, Wildlife Conservation, Sanctuaries စသည့် Wildlife ပညာရပ်များ နှင့် Engineering ဆိုင်ရာ ပညာရပ်များ - Environmental Engineering, Wastewater Engineering, Mechanical Engineering, Food Engineering, Civil Engineering, Mining Engineering, Environmental Technology, Air Pollution Engineering, Modelling, Waste to energy, Ecological Engineering, Hydraulic Engineering, Hydrology, Risk Assessment and Hazard Identification, Sanitary Engineering စတဲ့ အင်ဂျင်နီယာဘာသာရပ်များ ပါဝင်ပါတယ်။
အထက်ဖော်ပြပါ ပညာရပ်တွေကို သီးသန့်ဖြစ်စေ၊ Environmental ဘာသာရပ် အောက်ကနေဖြစ်စေ သင်ကြားနိုင်ပြီး ကျွမ်းကျင်ရာ Specialist Field မှာ Expert အထိ လေ့လာနိုင်ပါတယ်။ အဲဒီတော့ အပေါ်ကပညာရပ်တွေက Environmental ပညာရပ်နဲ့ ဆက်စပ်နေတဲ့အတွက် Environmental Family တွေလို့ပဲ
ဆိုရပါမယ်။
ဒါတွေပဲမကသေးပါဘူး။ အခြား ပညာရပ်တွေလဲရှိနိုင်ပါသေးတယ်။ ကျွန်တော်တို့ဖော်ပြဖို့မေ့ခဲ့ရင်လဲ comment မှာဆွေးနွေးနိုင်ပါတယ်။
နောက်တပိုင်း Part 2 အနေနဲ့ Environmental Issues တွေအကြောင်း ပြောပြသွားမှာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ EHS Myanmar Facebook Page ကို see first လုပ်ထားပြီး စောင့်မျှော်ပေးကြပါဦး
Ko Kaung Htet Swan (EHS Myanmar) မှရေးသားသည်။
Ref: Wikipedia

Commentaires