top of page
Search
myanmarehs

FFF (Fridays For Future) ဆိုတာဘာလဲ။

EHS Myanmar | 10.12.2021 (Friday)


FFFဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိကျောင်းသားများ၏ ရာသီဥတုနှင့်ပတ်သက်၍ နိုင်ငံခေါင်းဆောင်များဆီမှ ထိရောက်သောလှုပ်ရှားမှုများ ပြုလုပ်ရန် တောင်းဆိုသော နိုင်ငံတကာလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။ SS4C (School Strikes for Climate), Youth For Climate, Climate Strike or Youth Strike For Climate ဟူ၍လည်း ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားများက အမည်သမုတ်ထားလျက်ရှိတယ်။ ထိုကဲ့သို့လှုပ်ရှားမှုများသည် လူငယ်များကဦးဆောင်၍ မိမိတို့ယခု ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်၀န်းကျင်ဆိုင်ရာပြောင်းလဲမှုများကြောင့် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ယိုယွင်းဖောက်ပြန်မှုများကို ထိန်းသိမ်းရန် ပြည်သူလူထုအား လှုံ့ဆော်သည့်သဘောမျိုးဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသောလူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူမှာ အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်ရှိ ဆွီဒင်နိုင်ငံမှ Greta Thunberg ဖြစ်ပါတယ်။ သူမဟာ ဩဂုတ်လ၊ 2018 ခုနှစ်မှာ ဆွီဒင်နိုင်ငံရွေးကောက်ပွဲလုပ်နေသောကာလအတွင်း ဆွီဒင်နိုင်ငံလွှတ်တော်ရှေ့မှာ သူမတစ်ယောက်တည်း ရာသီဥတုဆိုင်ရာပြသာနာများကို ‌အရေးတယူဆောင်ရွက်ပေးရန် ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့သည်။ ထိုကဲ့သို့ တစ်ကိုယ်တည်းစတင်ခဲ့သော ဆန္ဒပြမှုသည် အချိန်ပို၍ကြာလာသည်နှင့်အမျှ များစွာသော လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် ယနေ့အထိရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။

.

Gretaနှင့် ကျောင်းသားများသည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန်နည်းလမ်းများ၊ Paris Agreement ကိုလိုက်နာ၍ ပတ်၀န်းကျင်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုများကို အရေးတယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် #FridaysForFuture ကိုဖန်တီး၍ ကမ္ဘာတစ်ဝှမ်းရှိလူငယ်များပိုမိုပါ၀င်လာရန် လှုံဆော်မှုများပြုလုပ်ခဲ့ပါတယ်။

အနီးစပ်ဆုံးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့‌တွင် ကမ္ဘာပေါ်ရှိ နေရာပေါင်း 1400 မှကျောင်းသားလူငယ်များက ဥရောပ၊ အမေရိကန်၊ အာဖရိက နှင့် ဂျာမနီတွင် "No political party is doing enough" မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ လုံလောက်သောလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းမရှိသေးဟူ၍ ပြည်သူလူထုအားပတ်၀န်းကျင်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ပိုမို၍အသိပညာရှိစေရန် လှုံဆော်မှုများ ပြုလုပ်ခဲ့တယ်။ ကမ္ဘာပေါ်တွင်နေထိုင်သောလူများ၏ မဆင်မခြင်နေထိုင်မှုများကြောင့် ရာသီဥတုယိုယွင်းမှုပြသာနာများကလဲ တစ်စနှင့်တစ်စ ပိုမိုကြီးထွားလာခဲ့တယ်။ ထိုကဲ့သို့မဆင်မခြင်နေထိုင်သောသူများရှိသကဲ့သို့ ကမ္ဘာကြီးကိုထိန်းသိမ်းစောင့်ရှောက်နေသောကျောင်းသားလူငယ်အင်အားစုကလဲ ပို၍အင်အားတောင့်တင်းလာခဲ့တယ်။

.

စာဖတ်သူအနေဖြင့် Fridays For Future strike ၏လှုပ်ရှားမှုများ၊ ရာသီဥတုဖောက်ပြန်မှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ လူငယ်များတက်ကြွစွာလှုပ်ရှားမှုများကို မျက်စိမပြတ်စေရန် Instagram accounts များကို Follow လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။


(Friday For Future)


(Greta Thunberg)


"People are surfing.

People are dying.

Entire ecosystems are collapsing.

We are at the beginning of a mass extinction and all you can talk about is money and fairy tales of external economic growth.

How dare you?"


"လူတွေ ဒုက္ခရောက်နေကြတယ်။

လူတွေ သေနေကြတယ်။

ဂေဟစနစ်တစ်ခုလုံးလဲ ပျက်စီးနေတယ်။

ကျွန်ုပ်တို့က အစုလိုက်အပြုံလိုက်မျိုးတုံးပျက်စီးမှုရဲ့ခြေလှမ်းကိုစလှမ်းနေပေမယ့် သင်ကတော့ ငွေနဲ့သင့်ရဲ့စီးပွားရေးလုပ်ငန်းကိုပဲသင်အာရုံစိုက်နေတယ်။

မင်းဘယ်လောက်သတ္တိရှိသလဲ?"

(Greta Thunberg, 16-year-old environmental activist to world leaders at the United Nations climate summit)


ရေးသားသူ - Mon




6 views0 comments

Comments


bottom of page