top of page
Search

Free Learning Webistes for Environmental

EHS Myanmar | 24.11.2021


ရတနာသိုက်ကို တွေ့ရှိ‌နေတဲ့ အခု စာဖတ်သူသူများကို မင်္ဂလာပါလို့ EHSက နှုတ်ဆက်လိုက်ပါတယ် ဟုတ်ပါတယ်။ ဒီနေ့ EHS Myanmar အနေနှင့်certificateပါ freeရယူနိုင်တဲ့ Environmental ရတနာသိုက် websitesများကို ဖော်ပြပေးသွားပါမယ်


ESCAP E-learning Platform

ဒီwebsiteလေးကတော့ SDG goals 17ချက် နဲ့ သက်ဆိုင်တဲ့ free online coursesတွေ စုစည်းရာ ဖြစ်ပါတယ် ။environmentနဲ့ သက်ဆိုင်တဲ့ courseများစွာကို တက်ရောက်ပြီး free certificateပါ ရယူနိုင်တဲ့ websiteရတနာလေး တသ်ခုဖြစ်ပါတယ်။သူရဲ့ ကောင်းမွန်တဲ့အချက်ကတော့ အောင်မှတ်မရရင် ပြန်လည်ဖြေဆိုခွင့်ရှိပြီး certificateလေး ရရှိနိုင်တာပါနော်။


UNCC:e-Learn

ဒီwebsiteလေးက တော့ ကိုယ်က Environmentalအကြောင်းသိချင်တယ် သိပ်တော့ အချိန်အများကြီး မပေးနိုင်ဘူးဆိုတဲ့ သူများအတွက် 45မိနစ် ၊ 1နာရီ ၊2နာရီ၊3နာရီအတွင်း ပြီးနိုင်တဲ့ courseလေးတွေ အများကြီး ကို ပြင်ဆင်ထားပေးပါတယ်ဗျ။certificateကရော သင်တန်းပြီးရင် freeရယူနိုင်ပါတယ်‌ဗျ။


FAO elearning Academy

Environmental coursesတွေ အပြင် forestry , agriculture နဲ့ food security, sustainable food တွေ အကြောင်း လေ့လာချင်လျှင် free certificate ရတဲ့ ဒီ websiteလေးကို ညွှန်းပါရစေ


World Bank Group

Open Learning Campus

Water supply, sanitation, climate change ,solid waste, disaster management အစရှိတဲ့ environmental coursesလေးတွေ လေ့လာချင်ရင် အောက်က linkလေးကို နှိပ်လိုက်နော်။ စာဖတ်သူတို့ လိုချင်တဲ့ environmental coursesလေးတွေ ဟတ်ချလောင်းဆိုပြီး ပေါ်ပေါက်လာပါလိမ့်မယ်နော်


RECOFTC

Forestry and Environmental courseတွေ လေ့လာဖို့ free certificate ရတဲ့ဒီ websiteလေးကိုပါ အကြံပေးရပါစေ။ဒီwebsite‌လေးက assignmentပုံစံထပ်ရလေ့ရှိပြီး courseလေးတွေက deadlineလေးရှိတာမို့ သင်တန်းတွေ တက်ပြီး ပြီးအောင်မတတ်ဖြစ်တဲ့ ကိုယ်တွေလို လူတွေအတွက် အဆင်ပြေတဲ့ websiteလေးပါ။


Cap-Net(Water knowledge for all)

Waterနဲ့ ပတ်သတ်တဲ့ courseလေးတွေ လေ့လာချင်ရင် ဒီwebsiteလေးမှာ လေ့လာပေးနော်။


Coursea

Online learning ရဲ့ အဓိက ဆရာကြီး လာပါပြီ

Courseaပါ။နာမည်ကြီး တက္ကသိုလ်ပေါင်း များစွာ စုစည်းထားတာပြီး environmental courseတွေကို လေ့လာချင်သလောက် လေ့လာလို့ရတဲ့ ရတနာသိုက်ပါ။courseaမှာ အရမ်းသဘောကျတဲ့ အချက်တစ်ချက် ရှိပါတယ်။အဲ့ဒါကတော့ ကိုယ်က certificateလည်း လိုချင်တယ် သင်တန်းကြေးလည်း မတတ်နိုင်ဘူးဆို financial aid လျှောက်လို့ရတာပါ။လျှောက်တိုင်းလည်း ရပါတယ်။ခေတ် နောက်ကျမသွားအောင် linkထဲ ၀င်ကြည့်သွားဦးနော်


EDX

သူလည်း online learningမှာ ဆရာကြီးတစ်ဆူပါပဲ။Harvard လို တက္ကသိုလ်မျိုးက courseတွေကိုတောင် လေ့လာခွင့်ရတဲ့ websiteပါ။သူရဲ့ အားသာချက်က courseတိုင်းကို freeလေ့လာခွင့်ရတာပါ ။ သို့ပေမဲ့ certificateရချင်ရင်တော့ certificateဖိုး ပေးရပါမယ်။ဒါလေးကတော့ သူ့ website linkပါ


ကဲ environmental websitesတွေ အကြောင်းလေးပြောပြီးပြီ။အခုတော့ အဲ့ websitesတွေ သွားပြီး certificate တွေ ယူလိုက်ကြတော့နော်။


မြေမှ ရေးသားပြုစုသည်။


#EHS Myanmar #Environmental #online courses
















 
 
 

Comentarios


bottom of page