top of page
Search
myanmarehs

Free Online Environmental Impact Assessment (EIA) Courses Guide by EHS Myanmar

EHS Myanmar | 16.12.22


EHS Myanmar က Environmental Free Online Course တွေကို အမြဲတမ်းဝေမျှပေးလျက်ရှိပါတယ်။ ယခုတခေါက်မှာကတော့ EHS Myanmar ရဲ့ Environmental Management and Planning (EMP) Batch - 2 မဖွင့်ရသေးတဲ့ကာလအတွင်းမှာ EIA ပညာရပ်ကိုလေ့လာချင်တဲ့လူငယ်တွေအတွက် နိုင်ငံတကာမှ အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးနေတဲ့ Online Course အချို့ကို ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။

၁။ Environmental management system Course

OpenlearningWorld နဲ့ မစိမ်းတဲ့သူတွေဆိုလျှင်တော့ သိကြပါလိမ့်မယ်။ Open Learning တွေရဲ့ Free Online Course တွေမှာ Environmental Management System အမည်နဲ့ဖွင့်လျက်ရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ဒီ Course မှာဆိုလျှင် Environmental Policy, Environmental Impact Assessment - EIA, Environmental Audit, ISO 9000 နှင့် ISO 14000 Series – The Basic Principles စတဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။

သင်တန်းကြာမြင့်ချိန် - ၁၈ နာရီ

၂။ Organisations, environmental management and innovation Course

ဒီတခုကတော့ OpenLearn ရဲ့ Free Course တစ်ခုဖြစ်ပါတယ်။ ဒီသင်တန်းမှာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စက်ရုံစီမံကိန်းတွေတည်ဆောက်လည်ပတ်တော့မယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်မှုမရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းတွေ ကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။ Eco-innovation နဲ့ Ciruclar Economy အကြောင်းအရာတွေကိုလဲ လေ့လာခွင့်ရမှာဖြစ်ပါတယ်။

သင်တန်းကြာမြင့်ချိန် - ၁၂ နာရီ သင်တန်းဆင်းလက်မှတ် - Certificate of Participation ရမည်

၃။ First Steps in Making the Business Case for Sustainability Course

University of Colorado Denver ကနေဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းကိုတော့ Coursera မှာ ဝင်လေ့လာရမှာဖြစ်ပါတယ်။ Sustainable Business တစ်ခုဖြစ်လာအောင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်နည်းပြီး ဖြစ်ပေါ်လာမယ့် ညစ်ညမ်းမှုတွေကိုလျှော့ချမယ့် နည်းလမ်းများကို Concept ရအောင်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကြာမြင့်ချိန် - ၁၅ နာရီ သင်တန်းဆင်းလက်မှတ် - Certificate ရဖို့ငွေသွင်းရမည်


> EHS Myanmar ၏ Environmental Management and Planning (EMP) Course Batch 2 ကိုတက်ဖို့စိတ်ဝင်စားတယ်ဆိုလျှင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ https://www.ehsmyanmar.org/courses

သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."




17 views0 comments

Comments


bottom of page