top of page
Search
myanmarehs

Internet ၏ မမြင်နိုင်သောအကျိုးဆက်များ / အပိုင်း (၃)

EHS Myanmar | 22.11.2021

(ယခင်ဆောင်းပါးမှအဆက်) . ယခင်ဆောင်းပါးများတွင် Internet ၏ အလုပ် လုပ်ပုံများကို ယေဘုယျအားဖြင့် လေ့လာခဲ့ပြီးသွားပြီ ဖြစ်သည်။ ထိုသို့လေ့လာခဲ့ရခြင်းမှာလည်း ယခုဆောင်းပါး အဆက်ဖြစ်သည့် Internet ၏ မမြင်နိုင်သောအကျိုးဆက် များကိုသိရှိဖို့ရာတွင် Internet ၏ အလုပ်လုပ်ပုံတို့ကို အကျဉ်းချုပ်မျှအရင်ဆုံးလေ့လာမှသာ ပို၍ရှင်းလင်းမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Internet ၏ နည်း ပညာဆိုင်ရာအလုပ်လုပ်ပုံများအား လူအများနားမလည်နိုင် ခြင်းနှင့် နားလည်ရန်ခက်ခဲခြင်းတို့ကြောင့်ပင် သူကြောင့် ဖြစ်ပေါ်နေသော အကျိုးဆက်များ (ကောင်းကျိုးများ၊ ဆိုး ကျိုးများ) အား လူအများမျက်စိရှေ့တွင် မမြင်နိုင်ခြင်းနှင့် သတိမမူနိုင်ခြင်းတို့ ဖြစ်ပါသည်။ ထို့ကြောင့်ပင် Internet ၏ မမြင်နိုင်သော အကျိုးဆက်များဟု ခေါင်းစဉ်တက်ရ ခြင်းပင်ဖြစ်ပါသည်။ ယခင်ဆောင်းပါးများတွင် ရေးသားခဲ့သည့်အတိုင်း Internet ဆိုသည်မှာလည်း အခြားတိုးတက်၍ ဆန်းကြယ် သောနည်းပညာများကဲ့သို့ပင် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းများစွာရှိပါသည်။ ဤသို့ကြောင့် ယခု စကားပြေဆောင်းပါးတွင်မူ Internet ၏ သဘာဝ ပတ်ဝန်းကျင်ပေါ်တွင်ရှိသော အကျိုးဆက်များ ။ (ကောင်းကျိုး၊ ဆိုးကျိုး) ကို အဓိကထား၍ လူသာများပေါ် တွင်ရှိသော Internet ၏ အကျိုးဆက်များ (ကောင်းကျိုး၊ ဆိုးကျိုး) ကိုလည်း ဆက်လက်၍လေ့လာသွားမည်ဖြစ် ပါသည်။ . လူသားများပေါ်တွင်ရှိသော Internet ၏ ကောင်းကျိုးများ -

1980 နောက်ပိုင်း (Internet အား စီးပွားဖြစ်အသုံးမပြုခင်က) တွင်မှု Internet ဆိုသည်မှာ လူအများမကြားဘူး၊ မထိ တွေ့ဘူးသေးသည့် အမေရိကန်စစ်တပ်အတွက်သာ စွန့်ဦး တီထွင်ထားသော နည်းပညာအငယ်တစ်ခုသာဖြစ်ပါသည်။ သို့ပေမဲ့ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များကြောင့်ပင် ယခုဆိုလျှင်ပင် Internet ဆိုသည်မှာ လူတို့၏ အသုံးမပြုရ လျှင်မဖြစ်နိုင်သော အရာတစ်ခုပင်ဖြစ်လာပြီဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးကဏ္ဍအတွက်သော်လည်းကောင်း၊ နိုင်ငံရေး ကဏ္ဍအတွက်သော်လည်းကောင်း၊ ပညာရေးကဏ္ဍအတွက် သော်လည်းကောင်း၊ ကျန်းမာရေးကဏ္ဍအတွက် သော်လည်းကောင်း၊ ယဉ်ကျေးမှုကဏ္ဍအတွက် သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအတွက်သော်လည်းကောင်း Internet ဆိုသည်မှာ အလွန့်အလွန်မှအရေးပါလှသော နည်းပညာတစ်ခုဖြစ်လာပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခု COVID 1၄ အခြေအနေ တွင်မူ လူတို့သည် Internet အားအဓိကမှီခိုအားထား၍ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရပြီဖြစ်ပါသည်။ ထို့အပြင် Internet ကြောင့်ပင် ကမ္ဘာတစ်ဝန်း သတင်း အချက်အလက်များ (Information) စီးဆင်းမှုသည် ပို၍လွယ်ကူမြန်ဆန်လာပြီဖြစ်တဲ့အပြင် လူသားများ ၊ လုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများ အများစုသည် Internet အားအဓိကမှီခိုအားထား၍ လုပ်နေရသောကြောင့် ပင် ယခုခေတ်ကိုမူ သတင်းအချက်အလက်ခေတ် (The Age of Information) သို့မဟုတ် ဒီဂျစ်တယ်ခေတ် (The Age of Digitalisation) ve oncos:calcolo malo ဖြစ်ပါသည်။ ထိုကဲ့သို့ သတင်းအချက်အလက်များအား စက္ကန့်ပိုင်းအတွင်းရရှိလာနိုင်မှုကြောင့်ပင် လူသားများသည် ယခင်ကထက်ပင် အသိပညာများပို၍တိုးတက်လာပြီ သို့မဟုတ် အသိပညာများပို၍လွယ်ကူမြန်ဆန်စွာရှာဖွေနိုင် လာပြီဖြစ်ပါသည်။ ဥပမာများပေးရပါက ပထမတစ်ခု အနေဖြင့် ဖျော်ဖြေရေးတွင်မူ ရှေးယခင်များတွင် ရုပ်ရှင်ရုံ များသို့သွားရောက်၍ ကြည့်ရှုခြင်း၊ CD or DVD အခွေများ ငှား၍ ကြည့်ရှုရခြင်း၊ စာအုပ်များကို စာအုပ်ဆိုင်များတွင် ငှား၍ဖတ်ရခြင်း ရှိခဲ့သော်လည်း ယခုခေတ်တွင်မူ Netflix, YouTube, HBO Max, Disney+, Hulu, Paramount Plus, Google Books စသည့် Software Application များ ကြောင့်ပင် ကိုယ့်အိမ်မှ ခြေဖဝါးခွာစရာမလိုတော့ဘဲနဲ့ကို ပင် ရုပ်ရှင်များကြည့်ရှုခြင်း၊ စာအုပ်များဖတ်ယူခြင်းတို့ပင် ပြုလုပ်လာနိုင်ပြီဖြစ်ပါသည်။ . ဒုတိယတစ်ခုအနေဖြင့် ကျွန်တော်တို့ လိုချင်သောကုန်ပစ္စည်းများကိုဝယ်ယူရာတွင် လည်း အရင်ကပင်မတူတော့ချေဖြစ်ပါသည်။ အမေရိကန် ရဲ့ အီလက်ထရွန်နစ် စီးပွားရေး (E-commerce) ၊ နည်း ပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Amazon သည် ကျွန်တော်တို့လိုချင်သော ကုန်ပစ္စည်းများကို အိမ်အပြင် ထွက်စရာမလိုတော့လောက်အောင် အိမ်အရောက်ပို့ဆောင် ပေးနေပြီဖြစ်ပါသည်။ ဒီအပြင် ဈေးဝယ်ထွက်ရာတွင်မူ အ ရင်က ဈေးဝယ်ကောင်တာများတွင် လူမလိုတော့ပဲနဲ့ self Serving စနစ်ဖြင့်ဈေးဝယ်လို့ရနေပြီဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် လူတစ်ယောက်၏ သို့မဟုတ် ကုန်ပစ္စည်းတစ်ခု၏ ကျော်ကြားမှုပုံစံသည်လည်း အရင်က နှင့်မတူတော့သည်မှာ အသေအချာပင်ဖြစ်ပါသည်။ ယခု အချိန်များတွင်မူ လူတစ်ယောက်အား ကျော်ကြားလာအောင် လုပ်ချင်ပါက အင်တာနက်ကို (အထူးသဖြင့် Social Media များကို) ပို၍အသုံးချလာကြပြီဖြစ်ပါသည်။ Internet ၏ လူတို့အပေါ်တွင်ရှိသော ကောင်းကျိုးများပင်ဖြစ်ပါသည်။ . လူသားများအပေါ်တွင်ရှိသော Internet ၏ ဆိုးကျိုးများ -

အပေါ်က ပြောခဲ့သည့်အတိုင်း Internet သည် လူသားများ အပေါ်တွင် ကောင်းကျိုးများရှိသကဲ့သို့ ကောင်းမွန်စွာအသုံး မချနိုင်ပါက ဆိုးကျိုးများလည်းဖြစ်ပေါ်လာနိုင်ပါသည်။ အပေါ်ကပြောခဲ့သည့်အတိုင်း Internet ကြောင့်ပင် သတင်း အချက်အလက်များ စီးဆင်းမှုမြန်ဆန်ခြင်း သို့မဟုတ် ရရှိမှု လွယ်ကူခြင်းတို့ကြောင့်ပင် သတင်းအချက်အလက်ဖောင်းပွ မှုများ (Information Overload) ဖြစ်ပေါ်လာ၍ ကိုယ် လိုချင်သော တိကျသည့်သတင်းအချက်အလက်များကိုမှု ရရှိရန်ပို၍ခက်ခဲလာပြီဖြစ်ပါသည်။ ထို့အပြင် Internet ကြောင့်ပင် ကျွန်တော်တို့အတွက် ရွေးချယ်မှုများ (Options) ပို၍များပြားလာပြီဖြစ်ပါသည်။ ထိုသို့များလာ ခြင်းကြောင့် ပို၍ကောင်းနိုင်သလို လူတို့၏ လောဘများ အတောမသတ်နိုင်ခြင်းကြောင့်လည်း ပို၍ဆိုးဝါးလာနိုင် ပါသည်။ နောက်တစ်ခုအနေဖြင့် Internet အသုံးမတည့်မှု ကြောင့်ပင် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများ (Mental Health Issues) လည်းဖြစ်လာနိုင်ပါသည်။ အဓိက အားဖြင့် Cyberbullying များနှင့် ကျော်ကြားသောသူများ မှတဆင့် အတုအယောင်လွမ်းမိုးမှု (Fake Influence) များ ကြောင့်ပင်ဖြစ်သည်။ ထိုမှဆင့် စိတ်ဓာတ်ကျလာခြင်း (Depression), စိုးရိမ်စိတ်များများလာခြင်း (Anxiety), ယုံကြည်မှုလျော့ကျလာခြင်း (Unconfidence) နှင့် နောက်ဆုံး ကိုယ့်ကိုကို သတ်သေ (Suicide) အထိပါ ဖြစ်လာပါသည်။ ထို့နောက် Internet ကြောင့်ပင် "ကမ္ဘာ ကြီးဟာ ရွာကြီး ဖြစ်လာသကဲ့သို့ပင် နီးနေတဲ့သူများကို ဝေး ရာသို့ပို့ဆောင်နိုင်ပါသည်။ မိသားစုထမင်းစားဝိုင်းများတွင် အရင်ကထက် တစ်ယောက်နဲ့တစ်ယောက်စကားပြောနည်း သွားခြင်း၊ သူငယ်ချင်းများ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတော့ခြင်း၊ လူများကျန်းမာရေးလိုက်စားမှုနည်း လာခြင်း စသည်တို့သည် ကျွန်တော်တို့၏ Internet အား မှန်မှန်ကန်ကန် အသုံးမပြုခြင်းတို့ကြောင့်ဖြစ်ပါသည်။ ထိုမှ တဆင့် Internet ဆွဲခြင်း (Internet Addiction) များဖြစ် ပေါ်လာပါသည်။ အထူးသဖြင့် ယခုခေတ်လူငယ်များသည် မှု Internet မရှိပဲ ၃ နာရီမျှမနေနိုင်တော့တဲ့အထိဖြစ်လာ ပါသည်။ နောက်ဆုံးတစ်ခုအနေဖြင့် Internet အသုံးမ တည့်မှုကြောင့်ပင် ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ (Privacy) ချိုးဖျက်ခံရအထိ ဖြစ်လာပါသည်။ Social Media ကုမ္ပဏီတစ်ခုဖြစ်သည့် Facebook သည်ပင်လျှင် ထိုသို့ privacy ချိုးဖောက်မှုများကြောင့် ပြဿနာများစွာတက်ခဲ့ရဖူးပါသည်။ Internet ၏ လူတွင်ပေါ်တွင်ရှိသော ဆိုးကျိုးများပင်ဖြစ်ပါသည်။ . Internet ဟာ ကျွန်တော်တို့ တီထွင်ခဲ့သော အသုံးချခံ ပစ္စည်း (Tool) တစ်ခုဖြစ်သည့်အတွက်ကြောင့်ပင် နောက်ဆက်တွဲဖြစ်ပေါ်လာသော ပြဿနာများသည် Internet အားအသုံးပြုနေသော ကျွန်တော်တို့လူသားများ ပေါ်တွင်သာမူတည်ပါသည်။ Internet အားမှန်မှန်ကန်ကန် အသုံးချပါက ကောင်းကျိုးများစွာလည်း သယ်ဆောင်လာ နိုင်သလို အသုံးမတည့်ပါကလည်း ဆိုးကျိုးများစွာ ဖြစ်လာ နိုင်ပါသည်။ (A Good Servant and A Bad Master) ထို့ကြောင့် ကျွန်တော့်အနေဖြင့် စာဖတ်သူတို့အားမှာလို သည်မှာ Internet ကို မှန်မှန်ကန်ကန်နှင့် ကိုယ့်ကောင်းကျိုး အတွက်သာအသုံးချစေချင်လိုခြင်းဖြစ်ပါသည်။


ရေးသားသူ - Hector


ကိုးကားကျမ်း - How the internet can harm us, and what can we do about it? - www.epthinktank.eu




1,864 views0 comments

Comments


bottom of page