top of page
Search
myanmarehs

Internet ၏ မမြင်နိုင်သောအကျိုးဆက်များ//အပိုင်း (၄)

EHS Myanmar | 4.1.2022

.

အရှေ့ပိုင်း (အပိုင်း ၃) တွင်မူ Internet ၏ လူသားများပေါ်တွင်ရှိသော ကောင်းကျိုးနဲ့ ဆိုးကျိုးများကို ယေဘူယျအားဖြင့် လေ့လာပြီးသွားခဲ့ပြီဖြစ်ပါတယ်။ ထို့ကြောင့် ယခုပိုင်း (အပိုင်း ၄) တွင်မူ Internet ၏ မမြင်နိုင်သော၊ ပုံမှန်အားဖြင့်သတိမမူမိသော သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသည့် ကောင်းကျိုးနဲ့ ဆိုးကျိုးများကို ဆက်၍လေ့လာမည်ဖြစ်ပါသည်။


ပုံမှန်အားဖြင့် လူသားများသည် Internet ၏ သဘာဝပတ်ဝန်းကျင်ပေါ်ရှိသော အကျိုးဆက်များ (Impacts) ကို ပုံမှန်အားဖြင့် သတိပြုမူမှုမရှိကြဘူးဖြစ်ပါသည်။ လူသားများပေါ်တွင်ရှိသော Internet ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သတိမူနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော အကျိုးဆက်များကိုမူ မေလျော့နေတတ်ကြပါသည်။ ထိုသည်မှာ Internet ၏ မမြင်နိုင်သော ၎င်း၏အတွင်းရှိ ရှုပ်ထွေးလှသည် အလုပ်လုပ်မှု (operations) များကြောင့်ဖြစ်ပါသည်။


- Internet ၏ သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော ကောင်းကျိုးများ


Information and Communication Technology (ICT) devices များမှတဆင့် Internet ကြောင့်ပင် ကျွန်ုပ်တို့ လူသားများ၏ ဘဝများ များစွာပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ Internet ကြောင့်ပင် ကျွန်ုပ်တို့၏ ဆက်သွယ်သောနည်းလမ်းများမှာ ပို၍ အချိန်တိုတိုနဲ့ လုပ်ငန်းဆောင်တာများပြီးမြောက် (Efficient) နိုင်ပြီဖြစ်ပါသည်။ Internet မရှိခဲ့သည့် အရင်ခေတ်များတွင်မူ လူတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်နိုင်ဖို့ရာတွင်မူ လူကြုံ သို့မဟုတ် စာတိုက်များမှတဆင့် ချောစာများ (Mails) ကို လနဲ့ချီ၍သော်လည်းကောင်း၊ နှစ်နဲ့ချီ၍သော်လည်းကောင်း ပို့ဆောင်ရပါသည်။ ထို့ကြောင့် ထိုသို့ပို့ဆောင်ရာတွင် ထိုခေတ်အခါ၏ ကျောက်မီးသွေးသုံးစွဲသော စက်ပစ္စည်းများကြောင့် ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) များ ပို၍ရောက်စေခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ပို၍ဆိုးရွားလာစေပါသည်။ ယခုခေတ်တွင်မှု ICT device များမှတဆင့် Internet ကြောင့်ပင် လူတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရာတွင် Messenger ကဲ့သို့သော Social Media များကြောင့်ပင် တစ်နေရာမှ တစ်နေရာသို့ စက္ကန့်ပိုင်းအတွင်းဆက်သွယ်ခွင့်ရသောကြောင့် ပို၍ Efficient ဖြစ်လာစေခြင်းဖြင့် ကြားထဲတွင်မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုများကို လျော့ချနိုင်ခြင့်ဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကို ထိန်းသိမ်းရာရောက်ပါသည်။ ထို့အပြင် ကုန်ထုန်လုပ်မှု (Production or Manufacturing)၊ ပို့ဆောင်မှုအပိုင်း (Transportation) တွင်လည်း Internet အားအသုံးပြု၍ မလိုအပ်သော စွန့်ပစ်ပစ္စည်းများ (Wastes) ကိုလျော့ချနိုင်ပါသည်။ နောက်ဥပမာတစ်ခုအနေဖြင့် မလိုအပ်သော သဘာဝသယံဇာတထုတ်သုံးမှုများကိုလည်း လျော့ချနိုင်ပါသေးသည်။ အရင်အခေတ်အခါကတွက်မူ ဗဟုသုတရှာချင်ပါက စာအုပ်တစ်အုပ်၊ သတင်းစာတစ်‌စောင်တွင် အကြောင်းအရာတစ်ခုဘဲ ဖတ်လို့ရသော်ငြားလည်း ယခုခေတ်တွင်မူ Smart Phone တစ်လုံးတွင်ကို ကိုကြိုက်သမျှ စာအုပ်ပေါင်းသန်းပေါင်းများစွာကို ဖတ်လို့ရပါသည်။ဖျော်ဖြေရေးကဏ္ဍတွင်လည်း ယခင်များက CD များ၊ DVD များ၊ Cassette Tape များဖြင့်ကြည့်ရသော်လည်း ယခုခေတ်တွင်မူ ဖုန်းတစ်လုံးထဲမှာကိုပင် ကိုကြိုက်သမျှ သန်းပေါင်းများစွာသော သီချင်းများ၊ ရုပ်ရှင်များကို ကြည့်ရှုနိုင်ပါသည်။ ထိုသို့အားဖြင့် Internet ကြောင့်ပင် ကျွန်ုပ်တို့၏ လူနေမှုဘဝများပို၍ Efficient ဖြစ်လာစေပြီး မလိုအပ်သော စွန့်ပစ်ပစ္စည်းများ၊ သဘာဝသယံဇာတအသုံးပြုများကို ဖယ်ရှားနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် Google Map or Apple Map မှတဆင့် Internet အားအသုံးပြု၍ ကိုယ်ရောက်လိုသော နေရာအား Efficient ဖြစ်ဖြစ် သွားရောက်နိုင်ခြင်းအားဖြင့် ပို့ဆောင်ရေးကြောင့်ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုအား လျော့ချနိုင်ပါသည်။ အချက်အလက်များအရ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးကဲ့သို့သော ကဏ္ဍများနဲ့ယှဉ်ကြည့်ပါက Internet သည် ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု၏ ၂% မျှသာရှိပါသည်။ Internet ၏ သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော ကောင်းကျိူးများပင်ဖြစ်ပါသည်။


- Internet ၏ သဘာဝပတ်ဝန်းကျင်ပေါ်တွင်ရှိသော ဆိုးကျိုးများ


Internet သည် သဘာဝပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုးများလည်းရှိသလို ဆိုးကျိုးများလည်းရှိပါသည်။ အပေါ်ကပြောခဲ့သည့်အတိုင်း ထိုသို့ဖြစ်ရခြင်းမှာ Internet ၏ နည်းပညာဆိုင်ရာ အလုပ်အလုပ်ပုံတို့ကို လာအများနားလည်နိုင်ရန်ခက်ခဲခြင်းကြောင့်ဖြစ်ပါသည်။ Internet ၏ ဆိုးကျိုးများကို လေ့လာရာတွင် အဓိကအပိုင်း ၂ ပိုင်းခွဲ၍ လေ့လာသွားမည်ဖြစ်ပါသည်။


1. Data Centers


ကျွန်ုပ်တို့ အပိုင်း ၂ တွင်လေ့လာခဲ့သည့်အတိုင်း သတင်းအချက်အလက်များသိုလောင်ရုံ (Data Center) များသည် Internet မှတဆင့် ကျွန်ုပ်တို့ အသုံးပြုနေသော သတင်းအချက်အလက်များကို စီမံခန့်ခွာသောနေရာများဖြစ်ပါသည်။ YouTube ပေါ်တွင် Video တစ်ခုတင်လိုက်ရင်သော်လည်းကောင်း၊ Facebook သို့မဟုတ် Twitter ပေါ်တွင် Post တစ်ခုတင်လိုက်ရင်သော်လည်းကောင်း၊ Google တွင် သတင်းအချက်အလက်တစ်ခုရှာလိုက်ရင်သော်လည်းကောင်း ရရှိလာသော ထိုသတင်းအချက်အလက်များသည် Data Center များမှ ရရှိ၍ Data Center များထံသို့ရောက်ရှိပါသည်။ ထို့ကြောင့် Google တို့၊ Facebook ကဲ့သို့သော ကြီးမားလှသည့် Internet ကုမ္ပဏီများသည် ကမ္ဘာတစ်ဝန်းရှိ သန်းထောင်နဲ့ချီသော အသုံးပြုသူများကြောင့် သန်းနဲ့ချီနေသော သတင်းအချက်အလက်များကို သူတို့၏ Data Center များက စက္ကန့်မလပ် စီမံခန့်ခွဲနေရပါသည်။ လေ့လာမှုများအရ Google တွင် ကမ္ဘာတစ်ဝန်း တစ်ခုနဲ့တစ်ခုချိတ်ဆက်နေသော Data Center ပေါင်း ၁၆ ခုရှိနေပြီး ထို Data Center များသည် တစ်စက္ကန့်ကို သတင်းအချက်အလက်များ ၄ သောင်းလောက် စီမံခန့်ခွဲနေရပါသည်။ ထိုသို့ စီမံရခြင်းကြောင့်လည်း ထို Data Center များဟာ လျှပ်စစ်များစွာလိုအပ်ပါသည်။ ထို့အပြင် Data Center များသည် အလုပ်လုပ်ရင်း အပူများစွာထုတ်လုပ်သည့်အတွက်ကြောင့် ထိုအပူများအားလျော့ချနိုင်ရန် အအေးစက်များစွာ လိုအပ်သည်။ ထို့ကြောင့် Data Center များ၏ လျှပ်စစ်လိုအပ်မှုသာမက ထို Data Center များအားအေးနိုင်စေရန် ထိန်းပေးထားသော အအေးစက်များ၏ လျှပ်စစ်လိုအပ်မှုများလည်းရှိလာပြီဖြစ်ပါသည်။ လေ့လာမှုများအရ ၂၀၁၂ တွင်မူ Data Center များသည် ကမ္ဘာ့လျှပ်စစ်သုံးစွဲမှု၏ ၁%-၂% မျှရှိပါသည်။ ထိုသည်မှာ တစ်နှစ်ကို ၃၀၀ TWh မျှဖြစ်ပါသည်။ ပညာရှင်များ၏ ခန့်မှန်းမှုအရ ထိုကိန်းဂဏန်းမှာ ပို၍ပင်တိုးလာဖို့သာရှိပါသည်။ ဥပမာတစ်ခုဖြင့်ပြောရပါက Cambridge တက္ကသိုလ်၏ ခန့်မှန်းချက်အရ Cryptocurrency တွင် ယခုခေတ်ရှိနာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်သည့် Bitcoin ၏ တစ်နှစ်လျှပ်စစ်သုံးစွဲမှုသည်ပင်လျှင် Argentina နိုင်ငံတစ်နိုင်ငံလုံး၏ တစ်နှစ်စာလျှပ်စစ်သုံးစွဲမှုထက်ကိုပင် ပိုပါသည်။ ထိုသို့အသုံးပြု‌နေသောလျှပ်စစ်များသည် ကျောက်မီးသွေးများ၊ ရေနံများကဲ့သို့သော Fossil Fuel များအား အဓိကအသုံးပြု၍ ထုတ်လုပ်နေသောကြောင့်ပင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုများ ပို၍များလာ၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ပို၍ဆိုးဝါးလာစေနိုင်ပါသည်။


မည်သို့ပင်ဆိုစေကာမှု ထိုသို့သောအချက်များကြောင့် Google ကဲ့သို့သော Internet ကုမ္ပဏီများသည် ဉာဏ်ရည်အတု (Artificial Intelligence) များအားအသုံးပြု၍ Data Center များကိုပို၍ Efficient ဖြစ်လာ‌စေရန်လုပ်နေကြပြီဖြစ်ပါသည်။ ထို့အပြင် Microsoft သည်လည်း သူတို့၏ Data Center များအားရေအောက်တွင်ထားခြင်း၊ Anartica ကဲ့သို့သော အေးခဲ့သည့်ပတ်ဝန်းကျင်ရှိသည့်နေရာတွင်ထားခြင်းဖြင့် Data Center များ အပူထုတ်လုပ်မှုကိုလျော့ချနိုင်ပြီး လျှပ်စစ်သုံးစွဲမှုကို လျော့ချနိုင်ပါသည်။


2. Communication Networks


ဒုတိယအပိုင်း‌အနေဖြင့် Energy သုံးစွဲမှုများသော Internet အစိတ်အပိုင်းတစ်ခုမှာ Communication Networks များဖြစ်ကြပါသည်။ Communication Networks ဆိုသည်မှာ ကျွန်ုပ်တို့၏ လက်ထဲတွင်ရှိသော ICT device များ (Smart Phone and Computer) နှင့် Data Center များသို့ သတင်းအချက်အလက်များဖလှယ်နိုင်ရန် ချိတ်ဆက်ထားသော ရှုပ်ထွေးလှသည့် ကေဘလ်ကြိုးများ၊ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် Cellular Tower များ၊ ဖုန်းလိုင်းများ၊ Internet တိုင်များဖြစ်ပါသည်။ Communication Network များသည် အဓိကအားဖြင့် ပင်လယ်သမုဒ္ဒရာထဲမှဖြတ်သန်း၍ ဆက်သွယ်ကြပါသည်။ ထို့သို့သော Communication Network များအား စက္ကန့်မခြား ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်အတွက်ငှာ စွမ်းအင်များစွာလိုအပ်ပါသည်။ ၂၀၁၇ တွင်မူ Communication Network များသည် သတင်းအချက်အလက်နည်းပညာ (Information Technology) ကဏ္ဍရဲ့ စွမ်းအင်အသုံးပြုမှု၏ ၂၉% ဖြစ်ပါသည်။ ၂၀၁၂ တွင်ပြုလုပ်ခဲ့သော လေ့လာချက်တစ်ခုအရ Communication Network များ၏ စွမ်းအင်သုံးစွဲမှုသည် ၂၀၀၇ ခုနစ်တွင် တစ်နှစ်ကို ၂၁၉ TWh မှ ၂၀၁၂ တွင်မူ တစ်နှစ်ကို ၃၅၄ TWh သို့တိုးများလာခဲ့ပါသည်။ ထို့အပြင် အဲ့ဒီ့ အသုံးပြုများသည် ၁၀% မျှတိုးလာမည်ဟု ခန့်မှန်းထားကြပါသည်။


သို့ပေမဲ့ ယခုကဲ့သို့ကြောင့်ပင် ကျွန်ုပ်တို့၏ ICT device များမှ Internet သို့ချိတ်ဆက်နိုင်ရန် မလိုအပ်သော Communication Network များအားလျော့ချနိုင်ရန် Star Link ကုမ္ပဏီများသည်ပင်လျှင် Satellite Internet များကို ပို၍တီထွင်လာကြပါပြီဖြစ်ပါသည်။


ဒီ ဆောင်းပါးတစ်ခုလုံးအား နိဂုံးချုပ်‌ရပါက Internet ဆိုသည်မှာ သူ၏ ရှုပ်ထွေးလှသော နည်းပညာဆိုင်ရာအလုပ်လုပ်မှုများကို လူအများမသိမမြင်နိုင်သောကြောင့်ပင် Internet ကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များကို အများအားဖြင့် သတိမမူကြပဲရှိကြပါသည်။ ထိုသို့သောအကျိုးဆက်များကြောင့် လူသားများပေါ်တွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ပေါ်တွင်လည်းကောင်း ကောင်းကျိုးများလည်းရှိသလို၊ ဆိုးကျိုးများလည်းရှိကြပါသည်။ ထိုသို့သော အကျိးဆက်များသည် ကျွန်ုပ်တို့ လူသားများ၏ Internet အား အသုံးချမှုပေါ်တွင်သာမူတည်ကြပါသည်။


The End


Hector မှပြုစုရေးသားသည်


ကိုးကားကျမ်းများ

- Is the Internet bad for the Environment by Our Changing Climate


- How much Energy does the Internet use by Hot Mess


===================================

EHS Myanmar မှရေးသားသော သဘာဝပတ်ဝန်းကျင်ဆောင်းပါးများကို မပြတ်ဖတ်နိုင်ဖို့ အခုပဲ Telegram Channel ကို join လိုက်ပါ။ https://t.me/ehsmyanmar





16 views0 comments

Comments


bottom of page