Myanmar Air Quality during the crisis
- myanmarehs
- May 1, 2021
- 1 min read
စက်ရုံများ၊ မော်တော်ယာဥ်အသုံးပြုမှုများ၊ ကုန်ထုတ်လုပ်မှုများ၊ လောင်စာဆီစွမ်းအင်အသုံးပြုမှုများ လျော့ကျ ရပ်တန့် နေသော်လည်း လေထုအရည်အသွေးညွှန်းကိန်းများ ထက် ကျော်လွန်နေသည့် မြန်မာ့ လေထုအရည်အသွေး။
.
AQICN.org ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ မှ လေထုညွှန်ကိန်းများကို လေ့လာကြည့်ရာဝယ် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များထက် ကျော်လွန်နေသည်ကို တွေ့ရပါသည်။ အမျိုးသားတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်တွင် ၂၄ နာရီ လေထုအရည်အသွေးက 25 µg/m3 ထက် ကျော်လွန်ခြင်းမရှိရပါ။ WHO standard မှာလဲထိုနည်း၎င်းပင်။
.
၃လတာ ညွှန်းကိန်းများအပေါ်အခြေခံရလျှင် မြန်မာ့ လေထုညစ်ညမ်းမှုသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေဆဲပင်ဖြစ်သည်။ ယခု မေလမှစ၍ မိုးတွင်းကာလသို့ တဖြည်းဖြည်းဝင်ရောက်လာပြီဖြစ်၍ လေထု ရည်အသွေးများလဲကောင်းမွန်လာမည်ဟုမျှော်လင့်ရပေသည်။
.
COVID-19 အန္တရာယ် နှင့် လေထုညစ်ညမ်းမှုအန္တရာယ်မှကာကွယ်နိုင်ရန် အပြင်ထွက်တိုင်း PM 2.5 filter ပါ Mask များ တပ်ဆင်ရန် တိုက်တွန်းလိုက်ရပါသည်။
Environment, Health, and Safety Myanmar မှ ပြုစုရေးသားသည်။
Follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
....................................................................................
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."

Comments