Online Knowledge Sharing Webinar 01/21
- myanmarehs
- May 5, 2021
- 1 min read
EHS Myanmar ရဲ့ online knowledge sharing Webinar အနေနဲ့ ထိုင်းနိုင်ငံမှ Top 1 to 10 ဝင် Public University တစ်ခုဖြစ်တဲ့ International Bachelor Program in Kasetsart University အကြောင်းကို မေလ ၈ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီတွင် Zoom Video Conferencing မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်တွေ၊ ကျောင်းလျှောက်ပုံအဆင့်ဆင့်၊ ကျောင်းတက်နေဆဲ ကာလအတွင်း တွေ့ကြုံလာသော အတွေ့အကြုံများ၊ အခက်အခဲများ၊ ကျောင်းစရိတ်နှင့် နေစားစရိတ် အခြေအနေ များကို Guest speaker အဖြစ် လက်ရှိ ကျောင်းပြီးထားသော Bachelor Program Alumni တစ်ယောက်ကို EHS Myanmar မှ ဖိတ်ကြားထားပါတယ်။
.
ပါဝင်ဆွေးနွေးပေးမည့် မသက်နှင်းဆုဆုဟာဆိုရင် Kasetsart University ရဲ့ International Bachelor program မှာ Environmental Engineering ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ ပညာဆည်းပူးခဲ့စဉ် ကြုံလာရသော အတွေ့အကြုံ၊ international program မှာ ဘယ်လိုမေဂျာတွေ ရှိမလဲ၊ ကုန်ကျစရိတ်ပိုင်းတို့ကို ဝေမျှပေးနိုင်ပါတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် international bachelor ကို တက်ရောက်ဖို့ စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ လက်မလွှတ်ပဲ နားထောင် မေးမြန်းနိုင်သော အခွင့်အရေးများ ရရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံမှာ တက်ရောက်နိုင်မည့် international bachelor program တစ်ခုကို စိတ်ဝင်စားတဲ့ မည်သူမဆို Knowledge Sharing Webinar 01/21 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ Zoom ကနေ တစ်ဆင့် ကျင်းပမှာ ဖြစ်တဲ့အတွက် ယခု လင့်မှာ Register ပြုလုပ်ရန် လိုအပ်ပြီး မေးမြန်းချင်တဲ့ မေးခွန်းများကို comment မှတစ်ဆင့် ကြိုတင်မေးမြန်းနိုင်ပါတယ်။
.
Register Here - https://forms.gle/e589d7igZ1pMjiqN7
.
(လူဦးရေ အကန့်အသတ်ရှိပါသည်။)
.
မှတ်ချက်။ ။ scholarships အတွက် sharing လုပ်ပေးခြင်း မဟုတ်သလိုကျောင်းကြော်ငြာသော agent လဲ မဟုတ်ပါ။ လူငယ်များအတွ ကုန်ကျစရိတ် အသင့်အတင့်နဲ့ international bachelor degree ကို တက်ဖို့ စိတ်ဝင်စားသူများအတွက်သာ knowledge sharing သီးသန့် လုပ်ပေးခြင်းသာ ဖြစ်ပါတယ်။
....................................................................................
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."

Comments