top of page
Search
myanmarehs

Sustainable Cities များဖြစ်လာစေရန် အခြေခံကျသည့် Urban Ecology

EHS Myanmar | 5.4.2022


မြို့ပြဂေဟဗေဒစနစ် (Urban Ecology) ဆိုသည်မှာ မြို့ပြဒေသများရှိ လူသားတွေ နှင့် လူ မဟုတ်သော သက်ရှိများ၏ ဆက်နွှယ်မှု၊ သဘာဝအတိုင်း နှင့် တည်ဆောက်ထားသော ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင် (physical environment) နှင့် သက်ရှိများ၏ အပြန်အလှန်ဆက်နွှယ်မှု၊ စွမ်းအင် ထုတ်လုပ်မှုများ၊ အသုံးပြုသည့် ဝတ္ထုပစ္စည်းများ (materials) များ၊ သတင်း အချက်အလတ်စီးဆင်းမှုများမှ မြို့ပြစနစ်အပေါ် သက်ရောက်မှုများကိုလေ့လာခြင်း ပညာရပ်ဖြစ်ပါသည်။ မြို့ပြဂေဟဗေဒပညာရပ်သည် ဂေဟဗေဒသိပ္ပံ (Ecological Science) ၏ ဇီဝဗေဒဆိုင်ရာ နည်းစနစ်များနှင့် အယူအဆများကို ကျင့်သုံးသည့်အပြင် လူမှုရေးသိပ္ပံများ နှင့် ပါစပ်ဆက်ပြီး စိုးရိမ်ပူပန်မှုများ၊ အယူအဆများ ကို ချဉ်းကပ်မှုအမျိုးမျိုးနှင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန်လဲလိုအပ်ပါသည်။ မြို့ပြဂေဟစနစ် (Urban Ecological Systems) များတွင် သက်ရှိတစ်ဦးချင်းဆီ၊ လူဦးရေထူထပ်ခြင်း နည်းပါးခြင်းများ၊ လူမှု့ အသိုက်အဝန်းများ နှင့် ရှုခင်းများအပြင် အဆောက်အဦများ နှင့် အခြေခံအဆောက်အအုံများ (buildings and infrastructure)များ ပါဝင်ပေသည်။

.

ဘာကြောင့် Sustainable Cities တွေဖြစ်ဖို့လိုအပ်သလဲ။

မြို့ပြဖွံ့ဖြိုးတိုးတက်မှုများသည် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် နှင့် ပတ်သက်လာလျှင် မကောင်းသော ဆိုးကျိုးတွေများတယ်ဟု ယူဆကြသည့်သဘောရှိပါသည်။ ယေဘူယျအားဖြင့် လူအများစု က မြို့တွေ (Urban Development) ကို သဘာဝနဲ့ ဆန့်ကျင်ဘက်လို့ ယူဆကြတာကိုတွေ့ရနိုင်ပါသည်။ ဤအချက်သည် မှန်သင့်သလောက်တော့မှန်ပါသည်။ ဒါက အကြောင်းမဲ့ ကောင်းကောင်းမရှိဘဲ ယူဆကြတာ မဟုတ်ပါဘူး။ စက်မှုတော်လှန်ရေး (Industrial Revloution) ပြီးကတည်းက မြို့များသည် ကွန်ကရစ် ဘီလပ်မြေများ မှန်များ နှင့် တည်ဆောက်ထားသော စက်ရုံများနှင့် ရုံးအဆောက်အအုံများ ကိုတည်ဆောက်အသုံးပြုနေကြပြီးဖြစ်ပါသည်။ ထို့အတွက်ကြောင့်လဲ မြို့ပြဧရိယာအသစ်ဖန်တီးခြင်း၏ ပထမခြေလှမ်းမှာ လူသားတွေနေထိုင်နေရန် နယ်မြေသတ်မှတ်ခြင်းအတွက် တနည်းအားဖြင့် အခြေခံအဆောက်အအုံများတည်ဆောက်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် (Natural Environment) ၏ အင်္ဂါရပ်အားလုံးကို ဖယ်ရှားလိုက်ရသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ယိုယွင်းပျက်ဆီးမှု နှင့် ညစ်ညမ်းမှုတို့ကပါ ပါဝင်လာပါသည်။ စိမ်းလန်းသောခေါင်မိုးများ၊ မြို့ပြသစ်တောများ၊ စိမ်းလန်းသောအဆောက်အဦများ၊ bioswales မြောင်းများ၊ သက်ရှိနံရံများ၊ ပန်းခြံများ၊ မြက်ခင်းများနှင့်ကမ်းခြေများသည် မြို့ပြဖွံ့ဖြိုးမှုများ မတိုင်မီကရှိခဲ့သော ဂေဟစနစ်များ၏ တည်ဆောက်ပုံ၊ အရည်အသွေးနှင့် သဘာဝအတိုင်း များကို ဘယ်သောအခါမှ အစားထိုးနိုင်မည်မဟုတ်ပါ။ ဒါကြောင့်လဲ သဘာဝ နှင့် သယဇာတဖြစ်သော မြို့ပြများဖြစ်လာစေရန် အတွက် လူသားတိုင်းမှာတာဝန်ရှိနေပြန်ပါသည်။ သဘာဝပတ်ဝန်းကျင်အသိပညာပေးခြင်းလုပ်ငန်း (Environmental Awareness Training) များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လဲလိုအပ်ပါသေးသည်။ စိမ်းလန်းသောမြို့ပြဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်အတွက်လဲ မူဝါဒများလဲအရေးပါပါသည်။ ကောင်းမွန်ခိုင်မာသော မူဝါဒများရှိပါက ပိုမိုစိမ်းလန်းစိုပြေပြီး ကျန်းမာပျော်ရွှင်ပြီး နေထိုင်စရာကောင်းသော မြို့များဖြစ်လာရမည်ဖြစ်ပါသည်။


ကိန်းကဏန်းများကိုလေ့လာကြည့်ရာဝယ် ၁၉၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်း သည် မြို့ပြဖြစ်ခဲ့သော်လည်း ၂၀၅၀ ခုနှစ်တွင် (၆၈) ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြသည်။ ဤ ဖြစ်စဉ်သည် လူဦးရေ (၁၀) သန်းထက်ပိုသော မြို့ကြီးများ (mega cities) များကို ဦးစွာရိုက်ခက်စေလိမ့်မည်။ ထို့အပြင် ၁၉၉၀ ခုနှစ် တွင် မြို့ကြီး (Mega Cities) (၁၀) ခုရှိခဲ့သော်လည်း ၂၀၃၀ ပြည့်နှစ် တွင် (၄၁) မြို့အထိဖြစ်လာရန် မျှော်မှန်းထားကြသည်။ ဤတိုးတက်မှု၏ (၉၀)ရာခိုင်နှုန်းသည် အာရှနှင့် အာဖရိကတွင် ဖြစ်ပေါ်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များကခန့်မှန်းထားကြသည်။


မူရင်းဆောင်းပါး Urban Ecology: A Bright Future for Sustainable Cities, December 14, 2018 - by John Lieber


ဘာသာပြန်ရေးသားသူ - နိုင်ကျော်လူ

-------------------------------------------------------------------------


လူကြီးမင်း နှင့် လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းအားဖြင့် "Let's build Environmental friendly Society" ရရှိလာမည့်အကျိုးကျေးဇူးတွေကို တန်ဖိုးထားစိတ်ဝင်စားမယ်ဆိုလျှင်ဖြင့် EHS Myanmar ၏ "Environmental Corporate Training and Development program" ဖြင့်အစွမ်းကုန်မျှဝေကူညီပေးပါရစေရှင့်။ Please do not hesitate to contact us and visit our Facebook Page first. 𝐦𝐲𝐚𝐧𝐦𝐚𝐫𝐞𝐡𝐬@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦




68 views0 comments

Comments


bottom of page