top of page
Search
myanmarehs

“Why Environmental Anthropology is Important“ Live Talk @ EHS Myanmar Facebook Page

EHS Myanmar ၏ ၁၂ ကြိမ်မြောက် Live Talk ကို “Why Environmental Anthropology is Important“ ခေါင်းစဉ်ဖြင့် ဩဂုတ်လ၊ ၂၈ ရက် (စနေနေ့) မြန်မာစံတော်ချိန် ည ၇:၃၀ မှာ Facebook Page ကနေတဆင့် ဆွေးနွေးထုတ်လွှင့်သွားပါမည်။ . မနုဿဗေဒ (Anthropology) ဆိုသည်မှာ လူနှင့် လူ၏ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ရှင်သန်နေထိုင်ပုံများကို သိပ္ပံနည်းကျ လေ့လာသော လူသားဆိုင်ရာ သိပ္ပံပညာရပ်ဖြစ်ပါသည်။ ပတ်ဝန်းကျင်မနုဿဗေဒ သို့မဟုတ် Environmental Anthropology သည် မနုဿဗေဒပညာရပ်၏ အထူးဘာသာရပ်ခွဲတစ်ခုဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဖို့နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဂေဟစနစ် (sustainable) ဖြစ်အောင် လူသားတွေရဲ့ အစဥ်အလာ ဓလေ့ထုံးစံ အပြုအမူတွေ ကို မည်ကဲ့သို့ပြုမှုနေထိုင်သင့်သလဲဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါသည်။

.

“Why Environmental Anthropology is Important“ အကြောင်းအရာနှင့်စပ်လျဥ်းပြီး အတွေ့အကြုံ ဗဟုသုတ များ ကို ဖိတ်ကြားထားသော Guest Speaker ဖြစ်သော မနုဿဗေဒပညာရပ်ဆိုင်ရာ သုတေသနပြုလုပ်နေသူ တစ်ဦးဖြစ်သည့် မရီရီခိုင် မှ အဓိက ဆွေးနွေးသွားမှာဖြစ်ပါတယ်။ EHS Myanmar မှ ကိုကောင်းထက်စွမ်း လည်းပါဝင်ဆွေးနွေးတင်ဆက်ပါမည်။

.

မရီရီခိုင် ဟာဆိုလျှင် ၂၀၁၉ ခုနှစ် မှာ B.A ( Hons;) Anthropology ဘွဲ့ကို ရတနာပုံတက္ကသိုလ်ကနေရရှိခဲ့ပါပြီး ၂၀၁၉ ခုနှစ်ကနေ ယခုချိန်ထိ ရတနာပုံတက္ကသိုလ်၏ မဟာတန်းတွင် သုတေသနပြုလုပ်တက်ရောက်နေသူလဲဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ Airlangga University မှာ Master of Sociology အတွက် ပညာသင်ဆုscholarship ရရှိထားသူလဲဖြစ်ပါသည်။

.

Environmental Anthropology ကို စိတ်ဝင်စားသည့် မည်သူမဆို ကျွန်တော် ကျွန်မတို့ EHS Myanmar ရဲ့ Live Talk ကို ဝင်ရောက်နားထောင်ကြဖို့ဖိတ်ခေါ်ပါရစေ။ သိချင်တဲ့မေးမြန်းချင်တဲ့မေးခွန်းများရှိလျှင်လဲ comment မှာ ကြိုတင်မေးမြန်းထားနိုင်ပါတယ်။

.

Live Talk အစီအစဥ် မှာ -

Time: 7:30 pm Date: August 28th, 2021 (Saturday) Streaming: @EHS Myanmar Facebook Page




32 views0 comments

Comments


bottom of page