top of page
Search
myanmarehs

ကျောက်မီးသွေးလောင်စာများ နှင့် သဘာဝပတ်ဝန်းကျင်

EHS Myanmar | 22.10.21

ရုပ်ကြွင်း(fossils)များသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ရှင်သန်ခဲ့သော သက်ရှိများ၏ အကြွင်းအကျန်များကိုဆိုလိုသည်။ စွမ်းအင်(energy)သည် ထိုသက်ရှိအကြွင်းကျန်များတွင် ပါဝင်ဖွဲ့စည်းထားသော ကာဗွန်ဓာတ်ပေါင်းများတွင် သိုလှောင်ထားသည်။ ရေနံ သဘာဝဓာတ်ငွေ့ ကျောက်မီးသွေး အစရှိသည့် ရုပ်ကြွင်းလောင်စာ(fossil fuels) များမှ စွမ်းအင်များ ထုတ်ယူသုံးစွဲမှုသည် ကမ္ဘာနှင့်အဝန်း ကျယ်ပျံ့လျှက်ရှိသည်။ကျောက်မီးသွေး (coal) တို့သည် စွမ်းအင်ထုတ်လုပ်ရန် အသုံးများဆုံး ရုပ်ကြွင်းလောင်စာများထဲမှ အပါအဝင်ဖြစ်သည့်အလျောက် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသည့် ဖန်လုံအိမ်အာနိသင်(green house effect)ကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်(co2) ထုတ်လွှတ်ပေးသည့် အရင်းမြစ်တစ်ခုလဲဖြစ်သည်။ . Coal ဖြစ်ပေါ်ခြင်းနှင့် အမျိုးအစားများ-

ကျောက်မီးသွေးများဖြစ်ပေါ်မှုတွင် ရေနံ သဘာဝဓာတ်ငွေ့ နှင့်ကွဲပြားသည်မှာ ရေနံ သဘာဝဓာတ်ငွေ့တို့သည် ပင်လယ်ထဲရှိ သေးငယ်သော သက်ရှိဇီဝကောင်များ (micro-organisms)များနှင့် ရေညှိများမှ ဖြစ်ပေါ်ပြီး ကျောက်မီးသွေးများသည် ကုန်းမြေပေါ်ရှိ ရွှံ့နွန်ထူသော အပင်များပေါက်ရောက်သော နေရာများတွင်ဖြစ်ပေါ်သည်။ ထိုနေရာများတွင် ပျက်စီးသွားသောအပင်များ အပိုင်းအစများအား ရေ ရွှံများဖုန်းလွှမ်းကာ အောက်စီဂျင်ပျက်လပ်၍ ဇီဝဓာတ်များပျက်စီးကာ ကာဗွန်များခိုအောင်းကာ ကျောက်မီးသွေးများဖြစ်လာကြသည်။ ထိုမှတစ်ဆင့် အချိန်ကြာလာသည်နှင့် ပထမအဆင့် (peat) အမျိုးစား ကျောက်မီးသွေးဖြစ်လာသည်။ ထိုမှ အပူချိန် ဖိအား အချိန်ပမာဏ များလာသည်နှင့် စွမ်းအင်ပိုထုတ်နိုင်သော (lignite) (bituminous) (anthracite) သို့ ပြောင်းလဲဖစ်ပေါ်လာသည်။ မြန်မာနိုင်ငံတွင်ကျောက်မီးသွေးများအား ဧရာဝတီအထက်ပိုင်းနှင့် ချင်တွင်းချိုင့်ဝှမ်းတွင် ထုတ်ယူလေ့ရှိသည်။ . ကျောက်မီးသွေးအသုံးပြုမှုများ-

ကျောက်မီးသွေးများသည် မူလပုံစံဖြင့် ဘက်စုံသုံးမရသောကြောင့် မြင့်မားသောအပူချိန်၌ ရေခိုးငွေ့များနှင့် အရည်ဟိုက်ဒရိုကာဗွန်လောင်စာ (liquefaction) နှင့် အငွေ့ဟိုက်ဒရိုကာဗွန်လောင်စာ (gasification) အဖြစ်သို့ ပြောင်းလဲကာ စွမ်းအင်ထုတ်လုပ် အသုံးပြုကြရသည်။ Coal အသုံးပြုမှုကို United Stated နှင့် Europeနိုင်ငံများက လျှော့ချလျှက် ရှိနေသော်လည်း အာရှတွင် အသုံးပြုမှု ဆက်လက်မြင့်မားကာ ကမ္ဘာတစ်ဝန်း သုံးစွဲမှု၏75% ထိ မြင့်မားလျှက်ရှိသည်။ China သည် ကမ္ဘာတစ်ဝန်း coal အသုံးပြုမှု၏ 65% ထိ ရပ်တည်လျှက်ရှိသည်။ . ကျောက်မီးသွေးတူဖော်ခြင်း၏ ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ -

အငွေ့အဖြစ်နှင့် ဆိုးကျိုးများဖြစ်ပေါ်စေခြင်ကျောက်မီးသွေး တူဖော်ခြင်းနှင့် ထုတ်ယူသုံးစွဲမှုများဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဘေးအန္တရာယ်များ ဖြစ်ပေါ်စေမှုကို ထင်ထင်ရှားတွေ့ရပါသည်။ စွမ်းအင် တစ်ယူနစ်ထုတ်ရန် coal လောင်ကျွမ်းမှုသည် carbon dioxideထုတ် လွှတ်မှုပမာဏမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထက်ပင် များနေသေးသည်။ ဒါ့အပြင် Coal သုံးစွဲခြင်းသည် sulfur dioxide များပါထုတ်လွှတ်သဖြင့် မျက်စိ အသည်း စသည့်ကိုယ်ခန္ဓာအစိတ်ပိုင်းများပါ ထိခိုက်လျက်ရှိသည်။ ထိုဓာတ်ငွေ့များဟာ လေထိရှိ ရေခိုးရေငွေ့များနှင့်ဓာတ်ပြုကာ အာက်ဆစ်မိုး(sulfuric acid rainfall ) ရွာသွန်းကာ ရေနေသတ္တဝါများသေကြေ ပျက်စီးခြင်း အပင်များပျက်စီးခြင်းဖြစ်ပေါ်သည်။ ပြင်းထန်သောနေရာများ၌ ကျောက်များပင် အရည်ပျော်လျှက်ရှိသည်။ . အစိုင်အခဲအဖြစ် ပြာများမှ အန္တရယ်ဖြစ်ပေါ်ခြင်း -

ကျောက်မီးသွေး သုံးစွဲခြင်းဟာ ဒြပ်ထုအညစ်အကြေး (solid waste) များကိုပါ ထုတ်လုပ်သည်။ အထူးသဖြင့် coal များလောင်ကျွမ်းသောအခါ ပြာများထွက်လာသည်။ထိုပြာများတွင် မီးလောင်ရန် ခက်ခဲသော silicate mineralsတွေ အဆိပ် အတောက်ဖြစ်စေတဲ့ အမှုန်အမွှားတွေ များစွာပါဝင်ပြီး လေထုကိုညစ်ညမ်းစေတော့သည်။ ထို့ပြင် ထိုပြာများသည် တိုက်စားခံရမှု မြန်ဆန်လျှက် toxic metals များဖြစ်သော selenium, uranium တိုကို ထုတ်လွှတ်ပြီး ရေညစ်ညမ်းမှု ကိုပါ ဖြစ်စေသည်။ ကျောက်မီးသွေး ထုတ်လုပ်သော power plant တစ်ခုတည်း နှင့်ပင် solid waste တန် သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သည်။ . တူးဖော်သော မိုင်းတွင်းများမှ ဘေးအန္တရာယ်များ -

ကျောက်မီးသွေး ထုတ်လုပ်တူးဖော်မှုသည် ကုန်ကျစရိတ်ကြီးသည့်အတိုင်း အန္တရယ်လည်း ကြီးလှသည်။ မိုင်းတွင်း ပြိုကျခြင်း အလုပ်သမားများ အဆုတ်ရောဂါဖြစ်ခြင်းနှင့် သဘာဝဓာတ်ငွေများ ပေါက်ကွဲမှု အန္တရယ်များဖြစ်ပေါ် လျှက် ရှိသည်။ ထိုပြင် လေ့လာတွေ့ရှိချက်များအရ ကျောက်မီးသွေးတူးဖော်ရာ၌ ရေဒီယိုသတ္တိကြွ ဒြပ်စင်ဖြစ်သော Uranium များပြိုကွဲရာမှ ဖြစ်လာသော radioactive gas များ ရှုရှိုက်မိကာ ကင်ဆာရောဂါ ခံစားရကြောင်းလည်း သိရသည်။ . ထိုကြောင့် coal အသုံးပြုကို ဥပဒေများဖြင့် ကန့်သတ်ထားခြင်း၊ စွမ်းအင်ကို မျှမျှတတ ထုတ်လုပ်သုံးစွဲခြင်း၊ ချွေတာ ခြင်း၊ renewable energy ဖြင့်အစားထိုးအသုံးပြုခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သင့်ကြောင်းအကြံပြုလိုက်ပါသည်။

ရေးသားသူ….ရန်ကျော်


ကိုးကား - Environmental Geology(Professor Emerita, Northern Illinois University), Ourworlddata.org, Socratic.org

-------------------------------------------------------------

We are now on Telegram. Join us now. EHS Myanmar Channel - https://t.me/ehsmyanmar


#EHS Myanmar #coal



5 views0 comments

Comments


bottom of page