top of page
Search
myanmarehs

ကဲကဲ...အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ သင်တန်းလေးလာပါပြီ။

EHS Myanmar မှ ယခု အောက်တိုဘာလ ၁၆ ရက်နေ့ မှာ Environmental Sustainability Course Batch-1 ကို ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။


EHS Myanmar ဆိုတာဘာလဲ? EHS Myanmarကို မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


ဘာတွေသင်မှာလဲ? - Circular Economy - Sustainable Development Goals - Environmental Health - Environmental Hazard and Public Health - Wastewater Treatment System - Sludge digestion and Biosolid management -etc.


ဘယ်သူတွေသင်မှာလဲ? အတွေ့အကြုံရှိ နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားနေတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


ဘယ်သူတွေတက်သင့်သလဲ? Environmental Sustainability (သဘာ၀ပတ်၀န်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး) ကို အခြေခံပညာအထက်တန်းအောင်ပြီးသား ကျောင်းသား/ ကျောင်းသူများ၊ တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့ရပြီးသူများ၊ ဘွဲ့လွန်ပညာတက်ရောက် သင်ယူနေသူများအတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ . သင်တန်းကရရှိလာတဲ့ အသိပညာဗဟုသုတများကို လက်တွေ့အသုံးချဖို့ ရည်ရွယ်ချက်ရှိပြီး လူ့ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေအကျိုးပြုဖို့ ဆန္ဒရှိသူများကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။


ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ? ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင်သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။

Duration : 3 weeks (16th October 2021 to 31st October 2021) Days : Saturday and Sunday Time : 6:30pm - 8:30pm


သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၂၅၀၀၀ ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။


လူအရမ်းများလျှင် စာနားမလည်မှာစိတ်ပူမိတယ်။ ဒီ့အတွက် မပူပါနဲ့။ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေးဖို့တော့လိုပါမယ်နော်။


ဟုတ်ပြီ...တက်မယ်ဗျာ/ရှင့်...သင်တန်းဘယ်လိုအပ်ရမလဲပြောပါဦး။ သင်တန်းတက်ဖို့ လျှောက်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ Link မှတစ်ဆင့် လျှောက်လွှာဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းသားဦးရေကန့်သတ်ထားတဲ့အတွက် အမြန်လျှောက်ဖို့တော့လိုမယ်နော်။



Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။


မရှင်းတာ၊ သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page နှင့် edu.ehsmyanmar@gmail.com သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း 09456991399 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။



20 views0 comments

Comentários


bottom of page