top of page
Search
myanmarehs

ကောင်းမွန်သောလေထု၊ ကောင်းမွန်သော ကမ္ဘာမြေ ဖြစ်စေဖို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စို့

စက်တင်ဘာလ ၇ ရက်နေ့သည် (7-9-2021) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာသန့်ရှင်း သောလေထုနေ့ International Day of Clean Air for Blue Skies နေ့ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ရန် နှင့် လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကိုပိုမိုသိရှိနားလည်စေရန်အတွက် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၇၄/၂၁၂) အရ နှစ်စဥ် စက်တင်ဘာ (၇) ရက်နေ့ကို ကျင်းပရန်ဆုံးဖြတ်ခဲ့ကြပါသည်။ ဒီနှစ် International Day of Clean Air for Blue Skies အတွက် ဆောင်ပုဒ်မှာ “Healthy Air, Healthy Planet” ဟူ၍ မြန်မာလိုဆိုရသော် “ကောင်းမွန်သောလေထု၊ ကောင်းမွန်သော ကမ္ဘာမြေ ဖြစ်စေဖို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စို့” ဟု၍ဖြစ်ပါသည်။ . ကမ္ဘာလေထုကို နိုင်ထိုဂျင် ၇၈ ရာခိုင်နှုန်း ၊အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း ၊ အာရွန် ၀.၉ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့များ ၀.၁ ရာခိူင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။ထို သတ်မှတ်ပမာဏထက်ပိုမိပါဝင်နေပါက လေထုကို ညစ်ညမ်းစေပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းခြင်း ဆိုသည်မှာ လေထဲတွင် အဆိပ်ရှိ ဓာတ်ငွေ့များ ဒြပ်ပေါင်းများ ပါဝင်လာပြီး လူသားများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။တစ်နည်းအားဖြင့် လေထုညစ်ညမ်းခြင်းဆိုသည်မှာ လေထဲတွင် ရှိသင့်သော ဓာတ်ငွေ့များ သာမက အခြားဓာတ်ငွေ့များပါ ပါဝင်လာြပီး လေထုအရည်အသွေးနိမ့်ကျလာြပီး အိုဇုန်းလွှာ ကို ထိခိုက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေပါသည်။ . လေထုညစ်ညမ်းခြင်းဖြစ်စေသောကြောင်းရင်းများကိုလေ့လာကြည့်ရာဝယ်၊ ယာဥ်များ အဆမတန်များပြားလာခြင်း ၊ ဆောက်လုပ်ရေးလုပ်ငန်းများ ၊ စက်ရုံများ ၊အမှိုက်မီးရှို့ခြင်း ၊ တောင်ယာမီးရှို့ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မီးရှို့စိုက်ပျိုးခြင်း တို့ဖြစ်ပါသည်။လျှပ်စစ်မီး မရရှိသေးသော နေရာများတွင် ထင်းမီးသွေးများနှင့်ချက်ပြုတ်ခြင်းသည်လည်း လေထုညစ်ညမ်းစေသောအကြောင်းရင်းတွင်လည်း ပါဝင်သေးသည်။

. လေထုညစ်ညမ်းခြင်းကြောင့် ခံစားရသော ဆိုးကျိုးများမှာ -


ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး(World Health Organization) ရဲ့ အဆိုအရ တစ်နှစ်လျှင် လူသန်းပေါင်း ၇သန်းခန့် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရသည်။ ဝင်ငွေနည်း တိုင်းပြည်များ နှင့် ဝင်ငွေအလယ်အလတ်ရှိသော တိုင်းပြည်များ ပိုမိုခံစားရသည်။မြန်မာနိုင်ငံသည်လည်း ဝင်ငွေနည်းတိုင်းပြည်တစ်ခု ဖြစ်သောကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုခံစားရသည်။ကမ္ဘာဘဏ်၏ အဆိုအရ ၂၀၁၇ တွင် လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံရှိ လူေပါင်း ၄၅၀၀၀ကျော် သေဆုံးခဲ့သည်။၂၀၂၀ ကမ္ဘာ့လေအရည်အသွေးစစ်တမ်းအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး နိုင်ငံ အဆင့်၁၉တွင် ရပ်တည် ခဲ့သည်။ထို့ကြောင့် မြန်မာနိုင်ငံတွင် လည်း လေထုညစ်ညမ်းမှုများကို လျော့ချရန် အရေးတကြီးလိုအပ်ပါသည်။ . လေထုညစ်ညမ်းမှု လျော့ချနိုင်ရန် လူတိုင်းပါဝင်နိုင်သော နည်းလမ်းများကိုဖော်ပြပေးလိုက်ရပါသည်။ အောက်ဖော်ပြပါ နည်းလမ်းများသည် မိမိ၏ နေ့စဥ◌် ဘဝတွင် အလွယ်တကူလိုက်နာကျင့်သုံးနိုင်သည့် နည်းလမ်းများဖြစ်သည်။


၁။ အနီးနားရှိ စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ နှင့် အနီးအနားနေရာသို့ သွားလျှင် လမ်းလျှောက်သွားပါ ၊ စက်ဘီးစီးပါ။


၂။ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ်များကို အသုံးပြုပါ။


၃။စွမ်းအင်ကို ချွေတာပါ ။ အခန်းအပြင်သို့ ထွက်ရင် မီးပိတ်ပါ။ ကွန်ပျူတာ ၊တီဗွီနှင့် လျှပ်စစ်သုံး ပစ္စည်းများကို မလိုအပ်ဘဲ အသုံးမပြုရန်(မဖွင့်ထားရန်)။


၄။ပစ္စည်းများကို ပြန်လည်အသုံးပြုပါ ။ ပြုပြင်သုံးပါ။


၅။ ပြန်လည် ပြုပြင်ထားသော ပစ္စည်းများကို ဝယ်ယူအားပေးပါ။


၆။ပြည်တွင်း အော်ဂဲနစ်အစားအစာများကို ဝယ်ယူအားပေးပါ။


၇။ပလတ်စတစ်အိတ်များအစား ကြာရှည်ခံပြီး ပြန်လည် အသုံးပြုနိုင်သော အိတ်များကို အသုံးပြုပါ။


၈။ စာရွက်များကို မိတ္တူကူးသောအခါ သိူ့မဟုတ် ပရင့်(print) ထုတ်သောအခါ စာရွက်၏ ရှေ့ဘက်နှင့် ကျောဘက် နှစ်ဘက်စလုံးကို အသုံးပြုပေးပါ။


၉။ အမှိုက်မီးမရှို့ပါနဲ့။


၁၀။အပင်စိုက်ပါ။


၁၁။ အသိပညာပေးမှုကို မြင့်တင်ပါ။


မိမိကိုယ်တိုင် ပါဝင်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို သန့်စင်သောသောလေထုဖြင့် လွှမ်းခြုံခွင့်ပေးကြပါစို့ ဟုတိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာသန့်ရှင်း သောလေထုနေ့ (၂၀၂၁ ) အား ဂုဏ်ပြုရေးသားဖော်ပြလိုက်ပါသည်။


ရေးသားသူ - မြေ


ကိုးကားကျမ်း - - Environmental Conservation Department (ECD), MONREC - World Air Quality Report 2020(Region& City PM2.5 Ranking) - EANET -ACID DEPOSITION MONITORING NETWORK IN EAST ASIA(MYANMAR-Policies and Practices Concerning Acid Deposition) - World Health Organization (WHO) - Myanmar Environmental Air Analysis, The World Bank - National Geographic Organization - Green Trumbe.com - Ventura County Air Pollution Control District(50 simples ways to help reduce air pollution)




434 views0 comments

Comments


bottom of page