top of page
Search

ဂရိနိုင်ငံ၏ တောမီးလောင်ကျွမ်းမှု (သို့မဟုတ်) နွေရာသီအိပ်မက်ဆိုးတစ်ခု

August 12th | EHS Myanmar

.

၂၀၂၁ ခုနှစ်သည် ကမ္ဘာအနှံ့တောမီးလောင်ကျွမ်းမှုကြီးတွေနဲ့ သတင်းဆိုးတွေ ဆက်တိုက်ဆိုသလိုကြားနေရတဲ့နှစ်တစ်နှစ်

ဖြစ်ပါတယ်။ ယခုတဖန် ဩဂုတ်လတွင်လဲ သဘာဝ ပတ်ဝန်းကျင်အတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် ဂရိနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြန်ပါပြီ။

.

အိုလံပစ်အားကစားပွဲတော်မွေးဖွားရာ Arkadia နှင့် Olympia မြို့အနီးမှာ တောမီးများလောင်ကျွမ်းနေတာပါ။ တောမီးလောင်ကျွမ်းမှုကြောင့် ထောင်ပေါင်းများစွာသော လူများ စွန့်ခွာထွက်ပြေးနေကြရပြီး၊ မီးသတ်သမား ထောင်ဂဏန်းဝန်းကျင်

ဖြင့် ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။ တောမီးလောင်ကျွမ်းမှုက ယခုဆိုလျှင် သစ်တောဟက်တပေါင်း ၅၆ ၀၀၀ (ဧကပေါင်း ၁၄၀ ၀၀၀) လောင်ကျွမ်းခဲ့ရပြီးဖြစ်ကြောင်း European Forest Fire Information System မှထုတ်ပြန်ထားပါတယ်။တောမီးလောင်မှုကြောင့် မီးခိုးငွေ့များ (smoke and fumes) များ ဖြစ်ပေါ်လျက်ရှိပြီး လေထုညစ်ညမ်းမှု စိုးရိမ်အဆင့်ရောက်ရှိ၍ အသက်ရှုရ ခက်ခဲမှုများနှင့်ပါ ရင်ဆိုင်နေရပါတယ်။ ဂရိနိုင်ငံအတွက်တော့ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးသော အပူဒဏ်ကိုခံစားရတော့မှာဖြစ်ပါတယ်။

.

ဂရိနိုင်ငံတောမီးလောင်မှုကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုမြူများ (transboundary haze pollution) များကို တူရကီနိုင်ငံမှလဲ ခံစားနေရသည့်အတွက် ဥရောပနိုင်ငံများဖြစ်သည့် ယူကေ၊ ပြင်သစ်၊ ရိုမေးနီးယား နှင့် ဆွစ်ဇလန်နိုင်ငံတို့မှ တောမီးကိုထိန်းချုပ်နိုင်ရန် အကူအညီပေးလျက်ရှိနေပါတယ်။ ယခုလိုတောမီးလောင်ကျွမ်းမှုများက ဥရောပ၏ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကို ဆိုးရွားသထက်ဆိုးရွားစေလာခဲ့ပါပြီ။


Source - BBC News




ree

 
 
 

Comments


bottom of page