top of page
Search

စိမ်းလန်းသော မြို့ပြဖြစ်ဖို့ Urban planting in buildings ကိုလေ့လာကြပါစို့

Apr 27, 2022
1 min read

EHS Myanmar | 26.4.22


မြိုပြလူဦးရေ တိုးများလာသည်နှင့်အမျှ အထပ်မြင့်အဆောက်အအုံများလည်းထူထပ်သိပ်သည်းစွာ ဆောက်လုပ်လာကြရသည်။ ထိုကဲ့သိုသော မြိုပြပတ်ဝန်းကျင်များတွင် စက်ရုံအလုပ်ရုံများ မော်တော်ယဉ်များ မှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုများနှင့် အခြားသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုများကြောင့် လေထုညစ်ညမ်းမှုများ နှင့် အပူချိန်တိုးများလာမှု များကြုံတွေ့နေရလေ့ရှိသည်။ ထိုကဲ့သိုသောအပူချိန်တိုးများလာမှုများ လေထုညစ်ညမ်းမှုများအား တစ်ဖက်တစ်လမ်းမှ ကာကွယ်ရန် အဆောက်အအုံကြီးများတွင်မူ ခေါင်မိုး rooftop ပေါ်၌ အပင်များကို နေရာပေး၍ စနစ်တကျ စိုက်ပျိုးလေ့ရှိသည်။ ထိုသိုစိုက်ပျိုးခြင်းအားဖြင့် အဆောက်အအုံနေ လူသားများ တက်ရောက်အပန်းဖြေအနားယူနိုင်သကဲ့သို rooftop ခေါင်မိုး ပေါ်ကျရောက်မည့်အပူချိန်များမှာလည်း လျော့နည်းစေနိုင်သည်။ ထိုအပြင် မိမိတိုနေထိုင်ရာတိုက်ခန်းများရှေ့နှင့်အိမ်ရှေ့ပတ်ဝန်းကျင်များတွင် သစ်ပင်ပန်းပင်ငယ်များ စိုက်ပျိုးထားခြင်းဖြင့်လည်းအပူချိန်များ လေထုညစ်ညမ်းမှုများလျော့ချနိုင်သည်။ . အပင်လေးများသည် မိမိတို့နေထိုင်ရာ ရှေ့ပတ်ဝန်းကျင်တွင်ဖြစ်စေ နံရံများကိုချိတ်၍ဖြစ်စေ စိုက်ပျိုးပေးခြင်းဖြင့် အနီးအနားပတ်ဝန်းကျင်အားအလှဆင်နိုင်ရုံသာမက လူသားတို၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိသည်။ မိမိရှေ့ပတ်ဝန်းကျင်ရှိအပင်လေးများသည် အနီးနားရှိလေထုအားသန့်စင်ပေးနိုင်သည့်အပြင် asthma နှင့် allergies များဖြစ်ပေါ်စေနိုင်သော မှိုလေးများ အန္တာရယ်မှလည်း ကာကွယ်ပေးထားသေးသည်။ သစ်ပင်ပန်းပင်အလှပင်များ စိုက်ပျိုး တော့မည်ဆိုပါက ရှေ့ပတ်ဝန်းကျင်များတွင် စနစ်တကျဂရုစိုက်ကာစိုက်ပျိုးသင့်သည်။ အိပ်ခန်းများ အခန်းများအတွင်းသို့ မစိုက်ပျိုးသင့်ပေ။ မိမိ တို့အိပ်ခန်းများ အခန်းများထဲတွင် စိုက်ပျိုးလိုပါက စိုက်ပျိုးရန်သင့်သောindoor plants များကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။



ညနေကြယ် မှပြုစုရေးသားသည်။ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar




 
 
 

Comments


bottom of page