top of page
Search
myanmarehs

တန်ဖိုးထားသင့်သော မြေဆီလွှာများ

EHS Myanmar | 10.11.2021

ကျွ န်ုပ် တို့နေထိုင်သော ကမ္ဘာမြေ ၏ စိုက်ပျိုးမြေသုံးပုံတစ်ပုံကျော်သည် အန္တာရယ်ရှိသော အခြေအနေများ စိုက်ပျိုး ရန်ခက်ခဲသော အခြေနေများနှင့်ရင်ဆိုင်နေရသည် ဟု အပြည်ပြည်ဆိုင်ရာသုသေတနမှတ်တမ်းများ များအရ သိရ ပါသည်။ ဤအခြေနေအား အချိန်မှီပြန်လည် ထိန်းချုပ် နိုင်ခြင်းမရှိပါက ကမ္ဘာပေါ်ရှိ စိုက်ပျိုးမြေအားလုံး သည် လာမည့် နှစ်ပေါင်း ခြောက်ဆယ် အတွင်းစိုက်ပျိုးရန်ခက်ခဲသော အခြေနေများနှင့် ရင်ဆိုင်ရ လိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အစားအသောက်အားလုံး ၏ ၉၅% သည် စိုက်ပျိုး မြေ များမှ ရရှိသည့်အတွက် ယခုကဲ့ သို့ စိုက်ပျိုးမြေများ အန္တာရယ်ရှိတဲ့ အခြေနေနှင့် ရင်ဆိုင်နေရ ရခြင်းသည် သက်ရှိ လူသား အားလုံး အတွက် အလွန်ကြီး မားသော ပြဿနာ တစ်ရပ်ဖြစ်နေပေသည်။ စိုက်ပျိုးမြေ သိပ္ပံပညာရှင် ( soil scientist ) များ က စိုက်ပျိုး မြေဆီလွှာများ ပျက်စီး နေရခြင်းနဲ့ ပက်သက်ပြီး လွန်ခဲ့သော ဆယ်စုတွေ ကထဲ က သုသေတနများ လေ့လာမှုများ မှ တစ်ဆင့်သတိပေး နေလျက် ရှိသည်။ . ကမ္ဘာ့လူဦးရေတိုးပွါးလာနေသည်နှင့်အမျှ စိုက်ပျိုးရေးကိုတိုးမြှင့်လုပ်ဆောင်လာရပြီး မြေဆီလွှာများလည်း စိုက်ပျိုးရေးနည်းစနစ်များကြောင့် ပို၍ပျက်စီးလာရသည်။ ပုံမှန်သဘာဝ အားဖြင့် မြေဆီလွှာသည် ပေါက်ရောက်နေတဲ့ အပင်များကို လိုအပ်သောအစာ အဟာ ရများ ထောက်ပံ့ပေးပြီး အပင်များ သေဆုံး သွားတဲ့ အခါတွင်လည်း အပင်များဆွေးမြေ့ပျက်ဆီးခြင်းမှတစ်ဆင့် မြေဆီလွှာမှ အာဟာရဓာတ်များကို ပြန်လည်ရ ရှိခြင်းဖြင့် မြေဆီလွှာသည်ကျန်းမာနေသည်။ လူသားတို့၏ စိုက်ပျိုးရေးစနစ်တွင် သီးထပ်စိုက်ပျိုးခြင်းများကြောင့် လည်း မြေအာဟာရဓာတ်များလျော့နည်းလာတတ်သည်။ ထို့အပြင် အဆိုးဆုံးအနေနှင့် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး များကိုနှစ်စဉ် အသုံးပြုကြရသဖြင့် လည်း စိုက်ပျိုးမြေအရည်အသွေးတဖြေးဖြေး ကျဆင်းမှုနှင့် မလွဲမသွေ ကြုံတွေ့ရလေ့ရှိသည်။ . ယင်းကို ကာမိစေရန်ဓာတ်မြေဩဇာကို နှစ်စဉ်ပိုမို တိုးတက်သုံးစွဲပေးရလေ့ရှိပြီး ထိုသို့ ပိုမို သုံးစွဲရသဖြင့် မြေကြီးမှာ ပို၍ ပို၍ ပျက်ဆီးလာကာ အဆိုးဆုံး အနေဖြင့် အဆိုပါမြေပေါ်တွင် အပင်စိုက်ပျိုး ၍ မရတော့သော အခြေနေများနှင့်ရင်ဆိုင်လာရပေမည်။ ဓာတုပိုးသတ်ဆေး သုံးစွဲရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သီးနှံကိုလာရောက်ဖျက်ဆီးသော ပိုးမွှားများကိုသေကြေပျက်စီးစေရန်ဖြစ်သော်လည်း လေထဲသို့ ပိုးသတ်ဆေး ဖျန်းလိုက်သောအခါ မိမိသေစေ လိုသော ပို:ကောင်များသာမက လူကိုအကျိုးပြုသောပိုးကောင်လေးများ၊ လူတို့၏ မိတ်ဆွေကျေးငှက် သာရကာများ၊ အကျိုးပြုတီကောင်လေးများ၊ အပင်ကို အကျိုးပြုသော ဘက်တီးရီးယားများပါ သေဆုံးကုန်လေ့ရှိသည်။ ယင်းတို့ကို တော့ non-target species ဟုခေါ်ပါသည်။ လေထုဆိုသည်မှာအမြဲ လှုပ်ရှားနေရသောကြောင့် ပိုးသတ်ဆေး အမှုန်များသည်လေနှင့်အတူ တခြားနေရာများသို့လွင့်ပါကာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ သုသေတန စာအုပ် စာတန်းများ အရ အသုံးပြုလိုက်သော ပိုးသတ်ဆေးများ၏ ၉၈% နှင့် ပေါင်းသတ်ဆေး ၉၅%တို့သည်မဆိုင်သောနေရာများသို့ ပျံနှံ ရောက်ရှိသွားသည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပိုးသတ်ဆေး ၁၀၀ ဂရမ်အသုံးပြုလိုက်ပါက ၂ ဂရမ် ကသာ သီးနှံအဖျက်ပိုးကောင်သတ်သည့်အလုပ်ကိုလုပ်ပြီး ကျန် ၉၈ ဂရမ်သည်မဆိုင်သော အကျိုးပြုသတ္တဝါလေးများကို သတ်ခြင်းနှင့် ရေထု လေထု မြေထု စသည့် သဘာဝပတ်ဝန်းကျင်ထဲသို့ပျံနှံရောက် ရှိစေခြင်းဖြင့်မလိုလားအပ်သော အန္တာရယ်များကို ဖြစ်ပေါ်စေသည်။ . မြေကြီးထဲတွင် လူကိုအကျိုးပြုစေသောတစ်နည်းအားဖြင့် အပင်ကိုအကျိုးပြုစေသော ဘက်တီးရီးယားများစွာရှိနေသည်ကိုသတိပြုမိသူ နည်းနေပါသေးသည်။ အဆိုပါအကျိုးပြု ဘက်တီးရီးယားများမှာ မြေကြီး အလေးချိန်၏ ၅% အထိရှိနေလေ့ရှိပြီး ယင်းတို့လုံလောက်စွာရှိမှ အပင်အတွက်လိုအပ်သည့် နိုက်ထရိုဂျင် ကိုလုံလောက်စွာ ရရှိမည်ဖြစ်သည်။ မြေကြီးပေါ်တွင် မီးရှို့ခြင်း (open burning) များကြောင့်လည်း အဆိုပါ ဘက်တီးရီးယားများကို မီးမြှိုက် သတ်လိုက်သကဲ့သို့ဖြစ်ကာ ဘက်တီးယားအရေအတွက်ကိုလည်း များစွာလျော့နည်းစေပါသည်။ မြေဆီလွှာ အတွင်းရှိ အကျိုးပြုဘက်တီးယားလေးများ ( microorganisms) ၏ အကျိုးပြုလုပ်ငန်းစင်များ ပျက်ဆီးသွားပါက လည်း စိုက်ပျိုးရန်ခက်ခဲ သွားမည်ဖြစ်ပြီး ယခင်အခြေနေသို့ရောက်ရန်မှာလည်း နှစ်ထောင်ပေါင်းများစွာ ကြာပေလိမ့်မည်။ . စာရေးသူအနေဖြင့် မြေဆီလွှာ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အကောင်းဆုံး စိုက်ပျိုးရေးနည်းလမ်း ကို ပြောပါဆိုလျှင် အော်ဂဲနစ် စိုက်ပျိုးရေး စနစ် ( Organic farming ) ကို အားပေးလိုသည်။ နိုင်ငံတကာတွင် အောဂဲနစ် အစားစာများ ကို သီးခြားဆိုင်များ စူပါမားကတ်များတွင် ရောင်းဝယ်ဖောက်ကား နေကြသည်မှာ ဆယ်စုနှစ် နှစ်ခုကျော် လောက်ရှိနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှာတော့ ယခုမှ အစပျိုးကာစဖြစ်၍ အော်ဂဲနစ်စိုက်ပျိုးရေးများ အစားအစာ များ နှင့် မရင်းနှီးကြသေးပါ။ အော်ဂဲနစ်အစားအစာ ဆိုသည်မှာ အော်ဂဲနစ် နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ထားသောအစားအစာ များကိုခေါ်ပါသည်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဆိုသည်မှာ ဓာတုနည်းပညာဖြင့်ထုတ်လုပ်ထားသော ဓာတ်မြေဩဇာ ဓာတုပိုးသတ်ဆေး ဓာတုပေါင်းသတ်ဆေးများကို အသုံးမပြုပဲ သဘာဝနည်းပညာများကိုသာအခြေခံ၍ သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်သည့် စိုက်ပျိုးရေးစနစ် (သို့) ဓာတုလွတ်စိုက်ပျိုးရေးစနစ် ( Farming without synthetic chemicals) ဖြစ်ပါသည်။ ဒါ့အပြင် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်သည် သဘာဝစိုက်ပျိုးရေးစနစ်ကို ခေတ်မှီသိပ္ပံ နည်းပညာနှင့်ပေါင်းစပ်ကာ တီထွင်ကြံဆမှုများထည့်သွင်းပြုလုပ်ထားသည့် ခေတ်မှီပြီးအဆင့်တန်းမြင့်မားသော စိုက်ပျိုးရေးစနစ်တစ်ခုဟု ဆိုနိုင်ပါသည်။ အော်ဂဲနစ်စိုက်ပျိုးရေးတွင် အပင်တစ်ပင် ကြီးထားဖို့ လိုအပ်သော မြေဩဇာများကို သဘာဝနည်းဖြင့် ပြုလုပ်ထားသော မြေဆွေးများ တီကောင်ကဲ့သို့သော သတ္တဝါငယ်များမှ ထုတ်လုပ်သော စွန့်ပစ်ပစ္စည်းများ နွားချေးကဲ့သို့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှအစ သိပ္ပံနည်းကျ ထုတ်လုပ်ထားသော အကျိုးပြုဘက်တီးရီးယား ( Effective microorganism ) မှရရှိသော မြေဩဇာများကိုအသုံးပြုကြရပါသည်။ ထို့အပြင် သီးနှံ အဖျက်ပိုးမွှားများရန်မှကာကွယ်ရန် သဘာဝနည်းလည်းပေါင်းစုံအသုံးပြု၍ စိုက်ပျိုးရသောခေတ်မှီ သိပ္ပံ နည်းစနစ်တစ်ခုဖြစ်သည်။ . ကျွနိုပ်တို့အနေဖြင့် အော်ဂဲနစ် သီးနှံများ နှင့် အော်ဂဲနစ် စိုက်ပျိုးရေးများကို အားပေးတိုးမြှင့် လုပ်ဆောင်ကြဖို့လိုအပ်ပြီး ဓာတုဓာတ်မြေဩဇာများကိုလည်း ရှောင်ကျဉ်နိုင်မှသာလျှင် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ကောင်းမွန်သောသဘာဝပတ်ဝန်းကျင်နှင့် အာဟာဓာတ်များကြွယ်ဝသောမြေဆီလွှာ (Fertile Soil) ကိုအမွေပေးနိုင်မည်ဖြစ်သည်။

ညနေကြယ် မှရေးသားသည်။


ကိုးကားကျမ်း -

- အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားစာများနှင့် ကျန်းမာရေး - ဒေါက်တာခင်မောင်လွင် (FAME)

- Journal of Hydrology: Regional Studies




5 views0 comments

Comments


bottom of page