top of page
Search
myanmarehs

ထိုင်းနိုင်ငံတွင် ကျောင်းတက်ဖို့ စဥ်စားနေသည့် လူငယ်များ အတွက် SIAM တက္ကသိုလ် 🇹🇭

EHS Myanmar ၏ လူငယ်များအတွက် online knowledge sharing Webinar 02/21 အနေနဲ့ ထိုင်းနိုင်ငံ၏ နံပါတ် ၁၁ တွင်ရှိသည့် ပုဂ္ဂလိကကျောင်း တစ်ခုဖြစ်တဲ့ "International Bachelor Program in Siam University" အကြောင်းကို ဇွန်လ ၁၃ ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီတွင် Zoom Video Conferencing မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

.

ထိုင်းနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်တွေ၊ ကျောင်းလျှောက်ပုံအဆင့်ဆင့်၊ ကျောင်းတက်နေဆဲ ကာလအတွင်း တွေ့ကြုံလာသော အတွေ့အကြုံများ၊ အခက်အခဲများ၊ ကျောင်းစရိတ်နှင့် နေစားစရိတ် အခြေအနေ များကို Guest speaker အဖြစ်ဖိတ်ကြားထားသူကတော့ Ms. Hpoo Pwint Dahila Maung ပဲဖြစ်ပါတယ်။ သူမ ကလက်ရှိ Siam University မှ ကျောင်းပြီးထားသော Bachelor Program Alumni ပဲဖြစ်ပါတယ်။

.

ပါဝင်ဆွေးနွေးပေးမည့် မဖူးပွင့်ဒေလီယာမောင် ဟာဆိုရင် Siam University ရဲ့ International Bachelor program မှာ BBA (International Business Administration) ကို လေ့လာဆည်းပူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ ပညာဆည်းပူးခဲ့စဉ် ကြုံလာရသော အတွေ့အကြုံ၊ international program မှာ ဘယ်လိုမေဂျာတွေ ရှိမလဲ၊ ကုန်ကျစရိတ်ပိုင်းတို့ကို ဝေမျှပေးနိုင်ပါတယ်။ ဒါ့အပြင် Siam University ရှိ Engineering ဘာသာရပ်များ နှင့် Management ဘာသာရပ်များအကြောင်းကိုလဲဝေမျှပေးသွားမှာဖြစ်ပါတယ်။

.

ထို့ကြောင့် ထိုင်းနိုင်ငံတွင် international bachelor ကို တက်ရောက်ဖို့ စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ လက်မလွှတ်ပဲ နားထောင် မေးမြန်းနိုင်သော အခွင့်အရေးများ ရရှိနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ တက်ရောက်နိုင်မည့် international bachelor program

တစ်ခုကို စိတ်ဝင်စားတဲ့ မည်သူမဆို Knowledge Sharing Webinar 02/21 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ Zoom ကနေ တစ်ဆင့် ကျင်းပမှာ ဖြစ်တဲ့အတွက် ယခု ဖော်ပြပါလင့်မှာ Register ပြုလုပ်ရမှာဖြစ်ပါတယ်။

.

.

(လူဦးရေ အကန့်အသတ်ရှိပါသည်။)

.

မှတ်ချက်။ ။ scholarships အတွက် sharing လုပ်ပေးခြင်း မဟုတ်သလိုကျောင်းကြော်ငြာသော agent လဲ မဟုတ်ပါ။ လူငယ်များအတွက် ကုန်ကျစရိတ် အသင့်အတင့်နဲ့ international bachelor degree ကို တက်ဖို့ စိတ်ဝင်စားသူများအတွက်သာ knowledge sharing သီးသန့် လုပ်ပေးခြင်းသာ ဖြစ်ပါတယ်။

.

Siam တက္ကသိုလ်ကဘာလဲ။

Siam University သည်ဘန်ကောက်၊ Phasi Charoen ခရိုင်ရှိ Phet Kasem လမ်းပေါ်တွင်တည်ရှိသည်။ Siam တက္ကသိုလ်ကို ၁၉၆၅ ခုနှစ်တွင် Narong Mongkhonvanit မှ ၃ နှစ်ပုဂ္ဂလိကအင်ဂျင်နီယာကျောင်းအဖြစ်တည်ထောင်ခဲ့သည်။ ကမ္ဘာအနှံ့တွင် Siam တက္ကသိုလ်သည်ထိုင်းနိုင်ငံရှိရေရှည်တည်တံ့ခိုင်မြဲသောတက္ကသိုလ်များအဆင့် ၅ နှင့် ၈၂ နိုင်ငံရှိတက္ကသိုလ်ပေါင်း ၉၁၂ ခုတွင် ၉၃ ခုရှိသည်ဟု Green ၏နောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အင်ဒိုနီးရှားအင်ဒိုနီးရှား (UI) ၏မက်ထရစ်အဆင့်သတ်မှတ်ချက်။ Siam သည်အာရှနှင့်ပစိဖိတ်ရှိအခြားသောအဆင့်မြင့်ပညာရေးတက္ကသိုလ်များနှင့်ကျောင်းသားများနှင့်ကထိကများဖလှယ်ခြင်းတွင်ပူးပေါင်းပါဝင်ခြင်းအပါအဝင်ပညာရေးဆိုင်ရာလှုပ်ရှားမှုများတွင်တက်ကြွစွာပါ ၀ င်ခဲ့သည်။

....................................................................................

"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."




10 views0 comments

Comments


bottom of page