top of page
Search
myanmarehs

နှစ်သစ်မှာ Eco-Friendly Lifestyle ဖြစ်အောင်နေနည်း (၇) ချက်

EHS Myanmar | 4.1.23


နှစ်သစ်ရောက်ပြီဆိုတော့... New Year’s resolution Goal တွေထဲမှာလဲ Eco-Friendly Lifestyle ဖြစ်အောင်နေမယ်ဆိုတဲ့ Goal လေးလဲထည့်ထားဖို့ တိုက်တွန်းလိုက်ပါရစေ။ သင် တစ်ဦးတစ်ယောက်ကနေ နေစဉ် ထွက်မယ့် ကာဗွန်ခြေရာ (Carbon Footprint) ကို လျှော့ချနိုင်လျှင် တစ်နှစ်လုံးမှထွက်မယ့် Carbon Footprint ကိုအများကြီးလျှော့ချနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ Eco-Friendly Lifestyle ဆိုတာ minimalism ဖြစ်သလို၊ ပိုက်ဆံချွေတာရာလဲရောက်ပါတယ်။


ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကြီးကိုထိန်းသိမ်းရင်း နှစ်သစ်ကို ဘယ်လိုလျှောက်လှမ်းရမလဲမသိရင်တော့ အဆုံးထိဖတ်လိုက်ပါ။


၁. အဝတ်အစားတွေမလိုအပ်လျှက်မဝယ်ပါနဲ့။

ကမ္ဘာပေါ်မှာ Fashion Industry က သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုများစွာဖြစ်ပေါ်စေပါတယ်။ ဆေးဆိုးခြင်း ထုတ်ပိုးခြင်းတို့ကြောင့် နှစ်စဉ် ရေသယံဇာတအသုံးပြုမှုက ဂါလံပေါင်း ဘီလျံ (၁၀၀) လောက်ရှိပါတယ်။ တန်ပေါင်း (၉၂) သန်းသော အဝတ်အစားအဟောင်းများကလဲ landfill မှာပဲစွန့်ပစ်ရောက်ရှိသွားတာဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းများမှ polyester, nylon, polyamide နှင့် acrylic fibers တို့ကြောင့် microplastics များ ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ အဝတ်အထည်တွေကိုလိုသလောက်ပဲဝယ်ပါ၊ Theft Shop တွေကို အားပေးပါ။ Overbuy မဖြစ်စေပါနဲ့။

၂. ပြည်တွင်းဖြစ်ကိုအားပေးပါ။

ပြည်တွင်းဖြစ်ဆိုရာမှာ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း အားလုံးကိုဆိုလိုပါတယ်။ ပြည်တွင်းဖြစ်ကိုအားပေးခြင်းကြောင့်လဲ သယ်ယူပို့ဆောင်ရေးမှထွက်ရှိတဲ့ Carboon Footprint ကိုများစွာ လျှော့ချနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာ - ကားနဲ့သယ်လာရလျှင် သို့မဟုတ် လေယာဉ်နဲ့သယ်လာရလျှင် ဒီယာဉ်တွေကထွက်ရှိတဲ့ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်တွင်း ဖြစ်ကိုအားပေးခြင်းကလဲ ပြည်သူအချင်းချင်းဖေးမကူညီရာလဲရောက်ပါတယ်။ ထို့အပြင် အကြီးကြီးတွေပြောရရင်တော့ နိုင်ငံခြားငွေလိုအပ်ချက်ကိုလဲ အထိုက်အလျောက်လျှော့ချနိုင်ပြီး ပြည်တွင်းငွေးကြေးကို လဲထိန်းရာလဲရောက်ပါတယ်။ ပြည်တွင်းဖြစ်ထုတ်ကုန်ကို အားပေးခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းကို အားပေးရာလဲရောက်ပါသေးတယ်။

၃. 3R စနစ်ကို စွဲစွဲမြဲမြဲကျင့်သုံးတက်ပါစေ။

3R ဆိုတာကတော့ စာရေးသူအထူးရှင်းပြနေစရာလိုမယ်မထင်ပါ။ လျှော့ချသုံးစွဲပါ - ပြန်လည်သုံးစွဲပါ - အသစ်တဖန်တီထွင်ပြုပြင်သုံးစွဲပါ။ လူတွေသဘောက်ပေါက်ထားတာထက်ပစ္စည်းတော်တော်များ များကို recycle ပြန်လုပ်လို့ရနိုင်ပါတယ်။ ကတ်ထူပြား၊ စက္ကူနှင့် ပလတ်စတစ်တို့အပြင် အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းများ နှင့် အဝတ်အထည်များကို ဘေးကင်းလုံခြုံစွာပြန်လည်အသုံးပြုနိုင်ပါတယ်။ Dry Battery များအစား ပြန်လည်အားသွင်းနိုင်တဲ့ Lithium ion battery တွေပါတဲ့ လျှပ်စစ်ပစ္စည်းတွေကိုပိုမိုသုံးစွဲပါ။ အကယ်၍ Recycle လုပ်လို့မရခဲ့ပါက ဒီတိုင်းစွန့်ပစ်ခြင်းထက် အသုံးပြုနိုင်တဲ့သူများဆီလှူဖို့ကိုလဲစဉ်းစားဖို့လိုပါမယ်။ အထူးသဖြင့် အဝတ်အစားအဟောင်းတွေကိုပြန်လည် လှူဒါန်းတာမျိုး၊ ရုံးလုပ်ငန်းခွင်တွေမှာဆို စက္ကူတွေကိုပြန်လည်အသုံးပြုတာမျိုး စတာတွေကိုလုပ်ဆောင်ပေးဖို့ လိုပါမယ်။ Sustainable ပစ္စည်းတွေဖြစ်တဲ့ biodegradable cutlery တွေ၊ Reusable paper towel တွေ၊ စတီးပိုက်တွေ နဲ့ Recycle အိတ်တွေကို သုံးဖို့ လိုပါမယ်။


၄. Food Waste ကိုလျှော့ချပါ။

ကမ္ဘာ့လူဦးရေရဲ့ (၁၀) ရာခိုင်နှုန်း တနည်းအားဖြင့် လူပေါင်း (၈၁၁) သန်းလောက်သော လူတွေက ဆာလောင်မွတ်သိပ်တဲ့ဒဏ်ခံစားနေရပါတယ်။ ဒီလိုလူတွေကို ကျွန်ုပ်တို့အနေနဲ့ အားနာသင့်ပါတယ်။ ဒါကြောင့် အစာတွေကို အလဟဿမဖြစ်ပါစေနဲ့။ အစားအစာအလေအလွင့်ဖြစ်မှုကိုလျှော့ချခြင်းကြောင့် ငွေချွေတာမှုကို အများကြီးဖြစ်စေပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုမှအစ၊ သယ်ယူပို့ဆောင်ခြင်း၊ ထုတ်ပိုးခြင်း၊ ချက်ပြုတ်ခြင်း နှင့် ရောင်းချခြင်းအဆုံး အဆင့်ဆင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် Disposal လုပ်ရတဲ့ ကုန်ကျစရိတ်ကိုလဲ သက်သာရာရောက်ပါတယ်။ အဓိကကတော့ ဖော်ပြပါအဆင့်တစ်ခုခြင်းဆီမှာထွက်ရှိတဲ့ ကာဗွန်ထုတ်လွှတ်မှု နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်မှုကို အထိုက်အလျောက်လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။


၅. လျှပ်စစ်စွမ်းအင်ကိုချွေတာသုံးစွဲပါ။

လျှပ်စစ်စွမ်းအင်အသုံးပြုခြင်းက သဘာဝပတ်ဝန်းကျင်အပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိပါတယ်။ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) ထုတ်လုပ်ခြင်းသည် လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍမှဖြစ်တယ်ဆိုတာသတိ ပြုဖို့လိုပါတယ်။ မှန်ပါတယ်...ကျွန်ုပ်တို့နိစ္စဓူဝအလုပ်တွေအတွက်လျှပ်စစ်က မရှိမဖြစ်ပါပဲ။ ဒါပေမယ့်လဲ သေးသေးလေးကစပြီးပြုပြင်မယ် ဆိုလျှင်ကောင်းတဲ့အရာမဟုတ်ပါလား။ ဥပမအားဖြင့် မီးတွေမလိုရင်ပိတ်ထားမယ်၊ အခန်းထဲကထွက်ရင် မီးတွေမှိတ်မယ်၊ အဲကွန်း ပန်ကာတွေပိတ်ထားခဲ့မယ်။ ဖုန်းအားပြည့်ပြီဆို ပလပ်တွေဖြုတ်ထားမယ်စတဲ့အလေ့အကျင့်ကောင်းတွေလုပ်မယ်ဆိုလျှင် လျှပ်စစ်မီတာခ ချွေတာရာလဲရောက်မယ်၊ GHG ထုတ်လွှတ်မှုကိုလဲအတန်အသင့်လျှော့ချနိုင်ပါလိမ့်မယ်။

၆. ရေဖြန်းတီးခြင်းကိုရှောင်ပါ။

လူ (၁၀) ယောက်မှာ (၁) ယောက်က သန့်ရှင်းသောရေမရပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆို လူပေါင်း သန်း (၆၆၀) နီးပါးဖြစ်ပါတယ်။ ဒါကြောင့်ရေကောင်းရေသန့်ကအလွန်ကိုတန်ဖိုးရှိလှပါတယ်။ ကျွန်ုပ်တို့အိမ်တွေမှာလဲ သတိမထားမိလိုက်ပဲ ရေပိုရေလျှံဖြစ်နေတာတွေကိုသတိပြုရပါမယ်။ ရေချိုးလို့ဆပ်ပြာတိုက်ရင် ရေကိုပိတ်ထားမယ်၊ အဝတ်တွေကို တစ်ထည်ချင်းဆီလျှော်တာထက် စုပေါင်းလျှော်မယ် စတဲ့ အပြောင်းအလဲ အသေးလေးတွေနဲ့ ရေဖြုန်းတီးခြင်းမဖြစ်အောင်ထိန်းနိုင်ပါတယ်။ မိုးရွာတုန်းရေခံဆိုတဲ့စကားအတိုင်း မိုးရွာရင် ရေခံထားမယ်၊ မိုးရေကို ပြန်သုံးလို့ရတဲ့နေရာသုံးမယ်။ ဥပမအားဖြင့် ကားရေဆေးတာ၊ အပင်ရေလောင်းတာ စသဖြင့်ပေါ့။ ဒီလိုရေသုံးစွဲမှုလျှော့ချခြင်းကလဲ ကာဗွန် နဲ့ greenhouse gas ထုတ်လွှတ်ခြင်းတို့ကို လျော့နည်းစေ ပါတယ်။

၇. အသိပညာဗဟုသုတွေကိုမျှဝေပါ။

ကျွန်ုပ်တို့ရဲ့ မိသားစု ညီအကိုမောင်နှမ၊ သူငယ်ချင်းတွေနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ community ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာဗဟုသုတများဝေငှဖို့ကိုလဲ ဒီနှစ်မှစလုပ်ဖို့မမေ့ပါနဲ့။ ဒီလို Eco-Friendly Lifestyle မျိုးဖြစ်အောင် အသိပညာမျှဝေခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံအချိန်တစ်ခုရောက်ရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလူတွေပိုမိုစိတ်ဝင်စားလာပြီး အလေ့အကျင့်ကောင်းတွေတွင်ကျယ်လာပါလိမ့်မယ်။


နှစ်သစ်မှစပြီး ကိုယ့်ကိုကိုယ် ကတိပေးကြည့်ပါ။ ငါ ဘယ်အချက်တွေလုပ်ကိုလုပ်မယ်၊ ဘယ်အချက်တွေကို ကိုကြိုးစားလုပ်ကြည့်မယ် စသဖြင့်ပေါ့... စာဖတ်သူတွေအနေနဲ့ ကိုယ့်လုပ်မယ့် အလေ့အကျင့်ကောင်းလေးတွေရှိလျှင်လဲ comment မှာရေးရင်း ကျွန်တော်တို့ကို ပြောပြာပေးသွားပါဦး....။

နိုင်ကျော်လူ မှရေးသားသည်။


မှီငြမ်း - Chariot Energy, Evanesce. -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။




20 views0 comments

Comments


bottom of page