top of page
Search

နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု

နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲ?

=====================================================

EHSMyanmar | 22.2.2023


သင်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲဆိုတာကို တွေးကြည့်ခဲ့ဖူးပါသလား? ဥပမာ - ဈေးကနေ သွားပွတ်တံတစ်ချောင်းဝယ်လာရင်း ဒီသွားပွတ်တံက eco-friendly ဖြစ်ရဲ့လားဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုအတွေးတွေအတွက် အဖြေကို ရှာဖွေကြည့်မယ်ဆိုရင် အဖြေဟာ Life Cycle Assessment (LCA) မှာ တည်ရှိနေပါတယ်။


Life Cycle Assessment (LCA) ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိစစ်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတအရင်းအမြစ်တွေကနေ ကုန်ကြမ်းပစ္စည်း ထုတ်ယူတာကစလို့ ကုန်ချောပစ္စည်းဖြစ်အောင် ထုတ်လုပ်တာ၊ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ထုတ်ပိုးမှုအဆင့်ဆင့်နဲ့ ဖြန့်ဝေရေး၊ အဲ့ဒီ့နောက် ကုန်ပစ္စည်း အသုံးပြုမှုကနေ နောက်ဆုံး စွန့်ပစ်အမှိုက်ဖြစ်သွားတဲ့တိုင်အောင် ယန္တရားလည်ပတ်မှုတစ်လျှောက်လုံးမှာ LCA က ပါဝင်ပတ်သတ်နေမှာပါ။


Life Cycle Assessment (LCA) က အခန်းကဏ္ဍတွေအများကြီး ပါဝင်တာမို့ ထင်သလောက် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် LCA ကနေတစ်ဆင့် ကျွန်တော်တို့ မြင်တွေ့နေတဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းတွေရဲ့ မတူညီကွဲပြားမှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ကမ္ဘာမြေအပေါ် သက်ရောက်နေတဲ့ အကျိုးဆက်တွေကိုလည်း လျော့ကျအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


Life Cycle Assessment (LCA) အကြောင်း အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် Environmental Sustainability Course (Batch 5) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။


ရေးသားသူ - ယွန်းနန္ဒာ


အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

---------------------------------------------------------------------------

Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/




ree

 
 
 

Comments


bottom of page