top of page
Search
myanmarehs

ဘာကြောင့် မော်တော်ယာဥ် မသုံးရနေ့ဆိုပြီးဖြစ်လာတာလဲ?

EHS Myanmar | 10.2.2021 . ဘယ်လိုဖြစ်ပေါ်လာတာလဲလေ့လာကြည့်ရအောင်။

ပထမဆုံးအနေနဲ့ World Cars Free Day ရဲ့ History ကတော့ UNEP ပြောပုံအရ Carbusters (ယခု World Car-free Network) လို့ခေါ်တဲ့ Organization မှ 2000 ခုနစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူ့မတိုင်ခင်က နိုင်ငံအချို့တွေထဲမှာ ကားမသုံးရနေ့ကို အကောင်ထည်ဖော်ဖြစ်ခဲ့ပေမဲ့ အဲ့ဒီ့ Organization ကမှ ကားမသုံးရ Global Campaign ကနေတဆင့် နှစ်တိုင်း September 22 ကို World Car-free Day အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။


ဒီ World Car-free Day ဆိုတဲ့နေ့ရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ပေါ်မှာသာမက ကျွန်တော်တို့ လူသားတွေအပေါ်မှာပါ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကားတွေရဲ့ Negative Impact တွေကို ကျွန်တော်တို့ သိရှိနားလည်စေရန်နဲ့ ကားမသုံးပဲ သူ့ရဲ့ Alternative နည်းလမ်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ Public Transportation အသုံးပြုခြင်း စတဲ့ ကောင်းကျိုးတွေကို သိရှိနားလည်းစေရန်ဖြစ်ပါတယ်။ ဒီနေ့က တကမ္ဘာလုံးပေါ်မှာ ကြီးမားတဲ့ Positive Impact မပေးနိုင်ပေမဲ့ ကျွန်တော်တို့အတွက် အသိပညာရရှိစေရန်နဲ့ ထိုမှတဆင့် ဆက်လက်ပြီးလုပ်ဆောင်သွားနိုင်ရန် ဖြစ်ပါတယ်။ . မော်တော်ယာဥ်များနှင့်သဘာဝပတ်ဝန်းကျင် ဘယ်လိုဆက်စပ်သလဲ။


ကျွန်တော်တို့စီးနေတဲ့ ကား‌တွေရဲ့ Environmental Impact တွေကတော့ လမ်းပေါ်မှာ မောင်းနေတော့မှာ ဖြစ်နေတာမဟုတ်ပါဘူး။ မြင်အောင်ပြောရမယ်ဆိုလျှင် ကားတစ်စီးရဖို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းပစ္စယတွေကအစ နောက်ဆုံး ကားသင်္ချိုင်းရောက်တဲ့ထိကို ရှိနေတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Car Manufacturing အဆင့်ကနေစရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို ကားအရေအတွက်ပေါင်း ၆၇ သန်းလောက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒီ့ထက်မြင်အောင်ပြောရမယ်ဆိုရင် ၁ စက္ကန့် ကို ကား 2 စီးလောက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ 2030 ရောက်ပါက ထိုအရေအတွက်မှာ ၂ ဆတိုးသွားမှာဖြစ်ပါတယ်။ ထိုပျမ်းမျှကားတစ်စီး ကိုထုတ်လုပ်နိုင်ဖို့ဆိုလျှင်ပင် Steel, Iron, Aluminum နဲ့အခြား Metal တွေအပြင် Synthetic Plastics, Leather, Paints, Coatings, Oil, Glass and Rubber စတဲ့ပစ္စည်းတွေအပါအဝင် အခြားသော ပစ္စည်းပေါင်းမြောက်များစွာဖြင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထိုပစ္စည်းတွေရရှိဖို့ရာ ထုတ်လုပ်ရတဲ့နည်းလမ်းတွေနဲ့ တစ်နေရာနဲ့ တစ်နေရာပို့ဆောင်ရတဲ့နည်းလမ်းတွေက ကာဗွန်ဒိုင်အောကဆိုဒ် (Carbon Dioxide) တွေကို အမြောက်အမြားထုတ်လုပ်တဲ့အပြင် ပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေနဲ့ လေတို့ကိုလည်း ညစ်ညမ်းစေပါသေးတယ်။ ထိုကြောင့် UNEP 2010 Report အရ Vehicle Manufacturing သည် အခြားသောကုန်ပစ္စည်းထုတ်လုပ်ခြင်းတွေထက် ပိုပြီး‌တော့ Environmental Impact ကိုဖြစ်ပေါ်စေပါတယ်။

. ဒုတိယအချက်အနေနဲ့ ကားတွေကို တကယ်တမ်းလမ်းပေါ်မှာ အသုံပြုတဲ့အချိန် အဓိက Environmental Impact ကတော့ Air Pollution ဖြစ်ပါတယ်။ AIT, 2017 အရ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံ၏ မြို့ပေါ်မှာတွင် 60-80% သော Air Pollution မှာ လမ်းပေါ်ရှိ ကျွန်တော်တို့မောင်းနေသောကားများမှ လာတာဖြစ်ပါတယ်။ တစ်စီးခြင်းပြောပါက ပျမ်းမျှကားတစ်စီးသည် Carbon Dioxide တစ်နှစ်ကို 4.6 metric ton လောက်ထုတ်လုပ်ပါတယ်။ Carbon Dioxide အပြင် Carbon Monoxide, Sulphur Dioxide, Volatile Organic Compound, Greenhouse Gases အစရှိတဲ့ လူ့အတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့များကိုလည်းထုတ်လုပ်ပါသေးတယ်။ ထို Air Pollution ကြောင့်ပင် အဆုတ်ကင်ဆာ၊ နှလုံးရောဂါအစရှိတဲ့ နာတာရှည်ရောဂါများကိုဖြစ်လာစေနိုင်ပါတယ်။။ WHO အရ နှစ်တိုင်း လူပေါင်း ၇ သန်းနှီးပါးဟာ Air Pollution ကြောင့်သေဆုံးနေကြရပါတယ်။ . နောက်ဆုံးတစ်ခုအနေနဲ့ ကားသက်တမ်းကုန်လို့ စွန့်ပစ်လိုက်တဲ့ ကားများဟာ သေချာထိန်းသိမ်းခြင်းနဲ့ Recycle လုပ်ခြင်းမရှိပါက သူ့မှာကျန်ရှိတဲ့ ဆီအကြွင်းအကြံများ၊ Battery အကြွင်းအကြံများစသည်တို့သည် မြေဆီလွှာနဲ့ ရေကို ထိခိုက်စေနိုင်ပါတယ်။ . အဲဒီတော့ ကားအသုံးပြုမှုကိုစွန့်လွှတ်လိုက်ရမှာလား။


အပေါ်မှာ ကားတွေရဲ့ Negative Impact တွေကိုပြောခဲ့လို့ ကားတွေဟာ‌လူတွေအတွက်မကောင်းဘူး၊ အသုံးမပြုသင့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ ဒီလိုမျိုး ကားတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ လူနေမှုဘဝအဆင့်အတန်းဟာ တိုးတက်မြင့်မား လာတာဖြစ်ပါတယ်။ အဲ့တာကြောင့် Diesel Engine or Gas Engine ကားတွေထက် ကျန်တဲ့ Environmental Friendly ဖြစ်စေတဲ့ သွားလာတဲ့နည်းလမ်းပိုပြီးတော့ ရွေးချယ်လာသင့်ပါတယ်။ ဥပမာအနေနဲ့


1. Electric Cars or Electric Vehicle များက ပထမအဆင့်ဖြစ်တဲ့ ထုတ်လုပ်တဲ့အဆင့်မှာတော့ Carbon Footprint ရှိနိုင်ပေမဲ့ တကယ်တမ်းအသုံးပြုတဲ့အချိန်မှာတော့ ပုံမှန်ကားထက်ပိုပြီး Environmental Friendly ဖြစ်စေပါတယ်။ EV အနေနဲ့ နာမည်အကြီးဆုံးကတော့ Tesla ဖြစ်ပါတယ်။


2. Public Transportation တွေဖြစ်တဲ့ Bus တို့၊ Train တို့ဆိုတာ သွားမယ်နေရာတူတဲ့သူများအားလုံးကို စုပြီးတော့ပို့ဆောင်ပေးတဲ့အတွက်ကြောင့် လူတစ်ယောက်တဲ့ Carbon Footprint က လူဆယ်ယောက်စာဖြစ်သွားလို့ Carbon Dioxide ထုတ်လုပ်မှုကိုလျော့ချပေးနိုင်ပါတယ်။


3. Bicycling and Walking က သွားမဲ့နေရာတိုတောင်းတဲ့အချိန်မှာ ပုံမှန်ကားသုံးမဲ့အစား အသုံပြုသင့်ပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကြောင့်လည်း အားကစားလုပ်ပြီးသားဖြစ်လို့ ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။


စက်တင်ဘာလ ၂၂ ရက် World Car Free Day အထိမ်းအမှတ်အဖြစ်ရေးသားလိုက်ရပါတယ်။


စာရေးသားသူ - Hector ............................................................................. Self-Assessment Form of Environmental Sustainability - https://forms.gle/3XVnGxrEZLcnk7rb7




1 view0 comments

Comments


bottom of page