top of page
Search
myanmarehs

ဘာကြောင့် လုပ်ငန်းခွင်မှာ Environmental Health and Sustainability ကို အလေးပေးသင့်သလဲ?

EHS Myanmar | 5.3.22

သဘာဝပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏ ကျန်းမာရေး နှင့် သုခချမ်းသာရေး ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်လူသားတို့၏ ကျန်းမာရေးကြား အပြန်အလှန်အကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာနိုင်ရန် နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုများဖြစ်ထွန်းစေရန် Environmental Health ကိုလေ့လာရခြင်းပဲဖြစ်ပါသည်။ လူသားတို့၏ ကျန်းမာရေးကောင်းဖို့အတွက် ဘေးကင်းလုံခြုံပြီး ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်တွေ (Green and Clean Envionment) လိုအပ်ပါသည်။ ကျွန်ုပ်တို့ လူသားတွေ သုခချမ်းသာတွေရရှိဖို့အတွက် အလုပ်လုပ်နိုင်ရမည်။ အလုပ်လုပ်နိုင်ဖို့အတွက် ကျန်းမာကြံ့ခိုင်ရမည်။ ကျန်းမာဖို့အတွက် ကောင်းမွန် သန့်ရှင်း၍ ညစ်ညမ်းမှုမရှိသော သဘာဝပတ်ဝန်းကျင် မှာအသက်ရှင်နေထိုင်ရမည်။ ထို့အပြင် ကျွန်ုပ်တို့ အသက်ရှင်သန်ရန် လိုအပ်သော စွမ်းအင်နှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် မှီခိုနေရသော အရာများဖြစ်သည့် - လေကောင်းလေသန့်ရရှိရန်၊ - ဘေးကင်းသောသောက်သုံးရေရရှိရန်၊ - သန့်ရှင်းပြီး အာဟာရရှိသောအစားအစာများ ရရှိရန်၊ - လုံခြုံစွာနေထိုင်ရန်နေရာများရရှိရန် စသည့် အကြောင်းအရာများသည် အခြေခံကျသောပတ်ဝန်းကျင်တစ်ခုဖြစ်ရန် လိုအပ်ချက်များပင်ဖြစ်ပါသည်။

ဘာကြောင့် လုပ်ငန်းခွင်မှာ Environmental Health and Sustainability ကို အလေးပေးသင့်သလဲ?

အထူးသဖြင့် လုပ်ငန်းခွင်အတွင်းတွင်လဲ Environmental Health ကိုဂရုပြုရပါမည်။ ဝန်ထမ်းများအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခု နှင့် ဘေးအန္တရာယ်ကင်းရှင်းသော လုပ်ငန်းခွင် တစ်ခုဖြစ်ဖို့က အလွန်အရေးကြီးပါသည်။ အကယ်၍ သင်က အလုပ်ပိုင်ရှင်တစ်ယောက်ဆိုပါစို့။ သင်ရဲ့ လုပ်ငန်းခွင်မှာ ကုန်ထုတ်လုပ်မှု (Productivity) လျော့ကျလာမှာကိုလိုချင်မည်မဟုတ်ပါ။ ထိုကြောင့်ဆိုလျှင် မိမိလုပ်ငန်းခွင်အတွင်းမှာရှိသည့် Environmental Hazard များကို သိရှိရမည်။ Sustainable Workplace Practices များကို လိုက်နာကျင့်သုံးရမည်။ ပြီးလျှင် အရေးကြီးဆုံးက Environmental Health Risk Assessment (EHRA) ဖြင့် ဆန်းစစ်၍ ဖြစ်ပေါ်လာနိုင်သည့် risk များကို လျှော့ချနိုင်လျှင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်အောင်မြင်သော (Sustainable Workplace) ဖြစ်လာမည်ဖြစ်ပါသည်။

ရေးသားသူ - နိုင်ကျော်လူ

Environmental Health နှင့် Environmental Sustainablity အကြောင်း အသေးစိတ်လေ့လာဖို့ သင်နောက်မကျသေးပါဘူး။ မတ်လ (၁၂) ရက်နေ့တွင်ဖွင့်မည့် Online Course (Batch3) အတွက် သင်တန်းသားလျှောက်လွှာများလက်ခံနေပါသေးတယ်။ အသေးစိတ်သိချင်လျှင် https://www.facebook.com/ehsmyanmar/posts/494357115432377 တွင် လေ့လာနိုင်သလို (+95) 09755282383 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity."



16 views0 comments

Comments


bottom of page