top of page
Search
myanmarehs

မိုးရာသီတွင် ဘာကြောင့် လေထုညစ်ညမ်းမှု နည်းရတာလဲ?

June 26 - EHS Myanmar ------------------------------------------------------------------------------------------- လေထုညစ်ညမ်းမှုဖြစ်ပေါ်ရတဲ့အကြောင်းအရင်းများထဲမှာ - စာရေးသူတို့ လူသားတွေကြောင့် ဖြစ်ရတဲ့ မော်တော်ယာဥ်အသုံးပြုမှုများ နှင့် စက်ရုံအလုပ်ရုံလည်ပတ်မှုတို့ကြောင့်ဖြစ်သလို သဘာဝတရားကြီးကြောင့်ဖြစ်ရတဲ့ တော်မီးလောင်မှု နှင့် အမှုန်အမွှားဖုန်မှုန့်များကြောင့်လဲ ညစ်ညမ်းမှုတွေဖြစ်စေပါတယ်။ ဒီလို ဖြစ်ရပ်များအပြင် ရာသီဥတုကလဲ လေထုညစ်ညမ်းမှု ကို တိုက်ရိုက်အကျိုးသက်စေပါတယ်။ . ယခု မိုးတွင်းကာလ ရောက်နေပြီမို့ စာဖတ်သူအချို့ သတိထားမိကောင်း မိနိုင်ပါတယ်။ မေလ ပထမ အပတ်မှစ၍ မြန်မာပြည်၏ မြို့ကြီးများမှာ မိုးဥတုနှင့်အတူ လေထုညစ်ညမ်းမှု ညွှန်းကိန်း များ သိသိသာသာကျလာပါတယ်။ PM 2.5 ညွှန်းကိန်း (၅၀ µg/m3) အောက်မှာသာရှိနေပြီး အစိမ်းရောင် အခြေအနေမှာရှိနေပါတယ်။ ဒါဟာဘာကြောင့်ပါလဲ? . မိုးရေ နဲ့ မိုးဥတု က လေထုထဲမှာရှိနေတဲ့ air pollutants တွေ dust တွေ နဲ့ pollen တွေကို သန့်စင်ဆေးကြောပေးပြီး လေထုအရည်အသွေးကောင်းအောင် လုပ်ပေးတာပါ။ "Wet Deposition" ဖြစ်စဥ်တနည်းအားဖြင့် သဘာဝတရားမှ ညစ်ညမ်းမှုအမှုန်အမွှားများကို တိမ်၊ ရေခိုးရေငွေ့၊ မိုးရေ တို့မှ သန့်စင်ပေးခြင်း ဖြစ်စဥ်တွေဖြစ်ပေါ်လာပြီး မြေပြင် နှင့် လေထုအတွင်းသို့ သန့်စင်သော လေအဖြစ်သို့ ရောက်ရှိစေပါတယ်။ ယခုဖြစ်စဥ်ကို techanical term အရ "'precipitation scavenging', 'wet removal', 'washout', နှင့် 'rainout' လို့ခေါ်ပါတယ်။ ဒီလိုဖြစ်စဥ်တွေကြောင့် မိုးရာသီရောက်တဲ့အခါ လေထု ရည်အသွေးတွေကောင်းမွန်လာရ ခြင်းဖြစ်ပါတယ်။ . ရာသီဥတုအပြင် လေတိုက်ခြင်း ကလဲ လေထုအရည်အသွေးပေါ်တိုက်ရိုက်သက်ရောက်ပါသေးတယ်။ လေတိုက်လျှင် မကောင်းတဲ့ လေထုအမှုန်အမွှားများကို ရှင်းထုတ်နိုင်ပြီး မြို့ပြလိုနေရာတွေမှာ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လေငြိမ်သက်တဲ့အခါမျိုး တွေမှာဆိုလျှင် အမှုန်အမွှား နဲ့ ဖုန်မှုန့်တွေက အနည်ထိုင်လာပြီး လေထုအရည်အသွေးကို ထိခိုက်လာစေပါတယ်။ ပင်လယ်ကမ်းခြေနားမှာရှိတဲ့ မြို့တွေ - ချောင်းသာ၊ ငွေဆောင်၊ ငပလီတို့မှာဆိုလျှင် လေထုအရည်အသွေးက မြို့ပြတွေထက် ပိုကောင်းနေတာသတိထားမိမှာပါ။ ကမ်းခြေရောက်လျှင် အသက်သာ ဝဝ ရှုပစ်လိုက်ပါ။ . တစ်ဖက်မှာကျတော့ နွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီရောက်တဲ့အခါမှာ လေထုအရည်အသွေး တစ်နည်းအားဖြင့် လေထုညွှန်းကိန်းတွေက သိသိသာသာ မြင့်လာပါတယ်။ ဒီလိုမြင့်လာရခြင်းအကြောင်းများစွာရှိပါတယ်။ ဥပမာ - ပွင့်လင်းရာသီရောက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာတာမျိုး၊ လောင်စာစွမ်းအင်သုံး မော်တော်ယာဥ်တွေအသုံးပြုမှုများလာတာမျိုး၊ ပွဲလမ်းသဘင်မျိုးတွေ ပိုလုပ်လာတာမျိုးတွေကြောင့်လဲ လေထုညစ်ညမ်းမှု ပိုလာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာပြောခဲ့သလို လေတိုက်မှုကလဲ လျော့ကျလာတဲ့အတွက် မကောင်းတဲ့ အမှုန်အမွှားများ စုမိလာပြီး လေထုညစ်ညမ်းလာရပါတယ်။ အထူးသဖြင့် ညဘက်အချိန်တွေမှာဆိုလျှင် အန္တရာယ်ရှိတဲ့ pollutants များက အနည်ကျပြီး လေထုအရည်အသွေး ထိခိုက်ပါတယ်။ ဒါကြောင့် နွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီရောက်တဲ့အခါ ရောက်လျှင် စာဖတ်သူတို့ လေထုအရည်အသွေးညွှန်းကိန်းကို သတိထားကြည့်ကြည့်ပါ။ ကျန် ရာသီဥတုမျိုးမှာ ထက် လေထုအရည်အသွေးပိုမိုးဆိုးရွားတက်ပါတယ်။ . နိဂုံးချုပ်ရသော် - လေထုညစ်ညမ်းမှုက ရာသီဥတု များနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို သိထားရပါမယ်။ ဒါတင်မကသေး ယခုဆိုလျှင် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမြေပေါ် နေရောင်ရရှိမှုနှင့် အပူဓာတ်ရရှိမှု လျော့နည်းလာကြောင်းကိုလဲ သိပ္ပံပညာရှင်များက သတိထားမိလာကြပါတယ်။ အဲဒီတော့ လေထုအရည်အသွေးကောင်းမွန်ဖို့အတွက်ကော၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်တွေထိန်းသိမ်းဖို့အတွက်ကော စာရေးသူတို့ လူသားတွေမှာ တာဝန်ရှိပါကြောင်းပြောကြားရင်း...။ . Ko Kaung Htet Swan (EHS Myanmar) မှရေးသားသည်။ . Ref - Breezon Meter . EHS Society - https://www.facebook.com/groups/2777617122284679 Clean air and Climate Change - https://www.facebook.com/groups/958709084625290 .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."




30 views0 comments

Comments


bottom of page