top of page
Search
myanmarehs

မည်သည့် စက်မှုလုပ်ငန်းက ရေဆိုး အများဆုံးစွန့်ထုတ်သလဲ?

EHS Myanmar | 16.03.2022

စက်မှုလုပ်ငန်းရေဆိုးများ (Industrial Wastewater) သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ဓာတုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများတွင်သာမကအစားအသောက်နှင့် ဖျော်ယမကာ လုပ်ငန်းများအပါအဝင် ကျွန်ုပ်တို့ လူသားများ နိစ္စဓူဝ ဝတ်ဆင်နေသည့် အဝတ်အစားများ၊ ဖိနပ်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ အလုပ်လုပ်ရာတွင်အသုံးပြုကြသည့် ကွန်ပြူတာများ၊ ဖုန်းများ ထုတ်လုပ်သည့် လုပ်ငန်းများ၊ မော်တော်ယာဥ်ထုတ်လုပ်သည့် လုပ်ငန်းများ စသည့် စက်မှုလုပ်ငန်းများမှ ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ထိုကဏ္ဍာများမှထွက်ရှိသော ရေဆိုးများတွင် Organic နှင့် Inorganic များပါဝင်နေနိုင်သည့်အတွက် ရေဆိုးများကို စွန့်ပစ်ခြင်း မပြုမီ မဖြစ်မနေ ဖယ်ရှားသန့်စင်ဖို့လိုအပ်ပါသည်။ . မည်သည့် စက်မှုလုပ်ငန်းက စက်မှုလုပ်ငန်းရေဆိုးအများဆုံး ထုတ်သလဲ? - သတ္တုအချောထည်လုပ်ငန်းများ (Metal Finishers) - အထည်ချုပ်လုပ်ငန်းများ (Textile Industries) - ဓာတုဗေဒ ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊ သိမ်းဆည်း နှင့် အသုံးပြုသည့် လုပ်ငန်းများ (Chemical Manufacturing, Packaging, Storing, Usage Industries) - သတ္တုတူးဖော်ခြင်းလုပ်ငန်းများ (Mining) - သံမဏိ နှင့် သံထည် ထုတ်လုပ်မှုများ (Steel/ Iron Production) - ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍာ (Oil and Gas Fracking) - လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ (Power Plants) - ရေသန့် နှင့် ရေဆိုးသန့်စင်ရေးစက်ရုံများ (Water/ Wastewater Treatment Plants) - အစားအသောက်နှင့် အဖျော်ယမကာများ လုပ်ငန်းများ (Food and beverages Processing) တို့ဖြစ်ပါသည်။ . မည်သည့် စက်မှုလုပ်ငန်းက ရေဆိုး အများဆုံးစွန့်ထုတ်သလဲ? ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေးစက်ရုံများ (Fossil-fuel power stations) အထူးသဖြင့် ကျောက်မီးသွေးသုံး စက်ရုံများ (coal-fired plants) သည် ရေဆိုးထွက်ရှိမှုအများဆုံးသော စက်မှုကဏ္ဍာပင်ဖြစ်ပါသည်။ ဤစက်ရုံအများစုသည် ခဲ (lead) ၊ ပြဒါး (mercury)၊ Cadmium နှင့် Chromium၊ Arsenic၊ ဆယ်လီနီယမ် (Selenium) နှင့် နိုက်ထရိုဂျင်ဒြပ်ပေါင်းများ (nitrates and nitrites) ကဲ့သို့သော သတ္တုဓာတ်ပါဝင်သော ရေဆိုးများကို စွန့်ထုတ်ပါသည်။

ရေးသားသူ - နိုင်ကျော်လူ

ကိုးကား - What is Industrial Wastewater, Micronics Engineered Filtration Group, Inc., 2021. ----------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar



11 views0 comments

Comments


bottom of page