top of page
Search
myanmarehs

မသန့်ရှင်းသောလေရှုရှိုက်နေရသည့် လက်ဖက်ရည်ဆိုင်ထိုင်ကြသူများ

EHS Myanmar | 18.11.2021


မန္တလေးမြို့တဝိုက်မှာ ကိုသန်းအေး မထိုင်ဖူးသည့် လက်ဖက်ရည်ဆိုင်ရယ်လို့ မရှိ။ လူပျိုဘဝကပင် အိမ် နှင့် ကား ဝယ်ရောင်းအလုပ်လုပ်ကိုင်တဲ့ ကိုသန်းအေး တယောက် လူမျိူးစုံ နှင့် အကြောင်းအရာမျိုးစုံဖြင့်တွေ့ဆုံဖို့ သူရဲ့ ရုံးခန်းတွေကို လာဖို့ ဖိတ်ပါတယ်။ သူရဲ့ရုံးခန်းတွေဆိုသည်မှာ အခြားမဟုတ်၊ မြန်မာအမျိုးသားများရဲ့ အလေ့အကျင့်ရိုးရာဓလေ့လိုဖြစ်နေသည့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကပင် သူရဲ့ရုံးခန်း တစ်နည်းအားဖြင့် ဧည့်သည်များနှင့်တွေ့ဆုံရာ နေရာပင်ဖြစ်ပါသည်။ လက်ဖက်ရည်လေးတစ်ခွက်မှာပြီး မိမိဧည့်သည်မိတ်ဆွေများနှင့် အလုပ်အကိုင်အကြောင်း သို့မဟုတ် ရောက်တက်ရာရာပြောဖို့အတွက် လက်ဖက်ရည်ဆိုင်များက ကိုသန်းအေး အတွက်နေရာကောင်း တွေမဟုတ်ပါလား။ မနက် ၈ နာရီ မထိုးခင် ၁၀ မိနစ် အလို ဆို မိန်းမ နှင့် သမီးဖြစ်သူကိုနှုတ်ဆက်ပြီး အိမ်ကနေ ထွက် လက်ဖက်ရည်ဆိုင်တစ်ခုမှာဝင်ထိုင် မိတ်ဆွေတွေနဲ့ စကားစမြည်ပြောပြီး အရောင်းအဝယ်အငှား ကိစ္စတွေလုပ်ရတဲ့သူဖြစ်တဲ့အလျောက် နေ့လည်စာဆိုလဲလက်ဖက်ရည်ဆိုင်တခုခုမှာစား ညနေ ၅ နာရီကျော်ကျော်လောက်မှ ပြန်လာတက်တဲ့သူဖြစ်သည်။ ဒါက ကိုသန်းအေး ၏ ဒီအလုပ်စတင်ခဲ့သည့် ၂၅ နှစ်တာကာလ၏ နိစ္စဓူဝ။

.

ယနေ့လဲ ခါတိုင်းလိုပင် ကိုသန်းအေး တယောက် အိမ်ကနေစောစောထွက် ဧည့်သည်တယောက်နှင့်ဆုံဖို့ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်ခပ်နွမ်းနွမ်းတစ်ခုကိုအရောက်သွားပြီး လက်ဖက်ရည် နဲ့ အီကြာကွေး လေးမှာပြီး မနက်စာစားရင်း ဧည့်သည်အလာကိုစောင့်နေသည်။ တစ်နာရီလောက်အကြာ ချိန်းထားသည့် ဧည့်သည်က နောက် နာရီဝက်နေရင်ရောက်ပါမည်ဖုန်းဆက်လှမ်းပြောသည့်အတွက် ကိုသန်းအေးလဲ ထိုလက်ဖက်ရည်ဆိုင်မှာပင် ဂျာနယ်ဖတ်ရင်းထိုင်စောင့်နေလိုက်သည်။ ထိုစဥ် ကိုသန်းအေး ရုတ်တရက် ချောင်းတွေဆိုးလာပြီး အသက်ရှုရမဝ သလိုလိုဖြစ်လာသည်။ ရေနွေးကြမ်းလဲမြန်မြန်ငဲ့ပြီးသောက်လိုက်တော့ ပျောက်သွားပေမယ့် ဒါကလဲ ခဏတာပင်။ ချောင်းဆိုးတာကပျောက်မသွားသည့်အပြင် ခေါင်းတွေပါမူးဝေဝေဖြစ်လာသည့် အတွက် ကိုသန်းအေး အိမ်ပြန်နားဖို့ ဆုံးဖြတ်လိုက်သည်။ ချိန်းထားသည့် ဧည့်သည့်ကို ဖုန်းဆက်ပြီး မီတင် cancel လိုက်ပြီး အိမ်ကိုပြန်လာခဲ့လိုက်သည်။ အိမ်ရောက်သည့်အခါ ကိုသန်းအေး ပန်ကာလေအေးခံရင်း ထိုင်ခုံပေါ်တွင်နားလိုက်သည် အဲဒီကျမှ ချောင်းဆိုတာ နည်းနည်းသက်သာသွားသည်။ ဒီလိုချောင်းဆိုးအသက်ရှုကျပ်ဖြစ်တာက ကိုသန်းအေးအတွက် ယခုမှစဖြစ်တာတော့မဟုတ် ဒီလိုဖြစ်တာ ၃လ- ၄လ လောက်ရှိနေပြီး ကျန်းမာရေးလိုက်စားသူမဟုတ်တော့ ကိုသန်းအေး က လျစ်လျူရှုထားခဲ့သည်။ နောက်နေတော့ ကိုသန်းအေး တစ်ယောက် ဆေးခန်းတစ်ခုသွားပြပြီး ဆရာဝန်နှင့်တွေ့ဖို့ချိန်းထားလိုက်သည်။ ကိုသန်းအေး ဘာသာဆိုအလုပ်အပျက်ခံပြီး ဆေးခန်းသွားမည်မဟုတ် ယခုက အမျိုးသမီးဖြစ်သူ အတင်းတိုက်တွန်းလို့ ဆေးခန်းရောက်လာရခြင်းဖြစ်ပါသည်။

.

ဒီလိုနဲ့ ကိုသန်းအေး အိမ်ပြန်ရောက်သော် ဆေးခန်းမသွားခင်က မျက်နှာမျိုးမဟုတ်တော့ စိုးရိမ်ပူပန်းပြီး ကြောက်ရွံ့နေသည့် မျက်နှာထားမျိုးဖြစ်နေသည်။ အိမ်ရှေ့ ထိုင်ခုံမှာထိုင်ရင်း ကိုသန်းအေးတစ်ယောက် ဆရာဝန်ပြောလိုက်သည့်စကားကိုပြန်ကြားယောင်နေသည်။ "ခင်ဗျားမှာ အဆုတ်ရောဂါတစ်ခုခုခံစားနေရပြီထင်တယ်၊ အဆိုးဆုံးတော့မပြောလိုပေမယ့် အဆုတ်ကင်ဆာ လက္ခဏာတွေရဲ့ အစလဲဖြစ်နိုင်တယ်၊ အဲ့တော့ ခင်ဗျား သေချာအောင် ဆေးရုံကြီးတစ်ခုမှာ CT Scan ရိုက်ကြည့်လိုက်တာအကောင်းဆုံးပါပဲ" ဟူ၍။ ကိုသန်းအေးအတွက် စိတ်ဗုန်းကနဲ လဲကျသွားချင်သည်။ ဒါနဲ့ပင် ကိုသန်းအေး ထိုင်နေရင်း ဘာကြောင့် ငါ့မှာဒီလိုဖြစ်ရတာလဲဆိုပြီး တွေးနေမိသည်။ ငါက ဆေးလိပ်သောက်တဲ့သူလဲမဟုတ်ပဲ ဘာလို့ငါမှာ ဒီလိုရောဂါရှိရတာလဲပေါ့။ ထိုကဲ့သို့တွေးတောရင်း အတွေးတစ်ခုခေါင်းထဲဝင်လာသည်။ ထိုအရာကတော့ ကိုသန်းအေး ဝယ်ရောင်းစလုပ်တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး နေ့စဥ်နီးပါး မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တွေပတ်ထိုင်ပြီး အလုပ်လုပ်ခဲ့ရတဲ့သူမဟုတ်ပါလား။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ လူ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အတွင်းလေထုညစ်ညမ်းမှုအကြောင်း EHS Myanmar Organization မှရေးသားသည့် ဆောင်းပါးတစ်ပုဒ်အကြောင်းကို ကိုသန်းအေး အမှတ်ရလိုက်သည်။

.

မန္တလေးမြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း စားသောက်ဆိုင်၊ အအေးဆိုင် နှင့် လက်ဖက်ရည်ဆိုင် အရေအတွက်စုစုပေါင်း ၃၄၁၈ ဆိုင်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ လက်ဖက်ရည်ဆိုင်တော်တော်များက ဟင်းချက်ရာတွင်အသုံးပြုသည့် မှန်ကန်ကောင်းမွန်သော ventalaion system အသုံးပြုသည့် ဆိုင်က နည်းသည်။ အဆင့်မြင့်လက်ဖက်ရည်ဆိုင်ကြီးတွေမှသာ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ဆောင်နေရကြသော်လည်း ခပ်နွမ်းနွမ်းဆိုင်များကတော့ ထိုမီးခိုငွေ့များ၊ ညော်နံ့များ နှင့် အကြော်အလှော်အငွေ့များကို အဆင်ပြေသလိုစီမံကြသည့်အတွက် ဆိုင်ထိုင်နေသည့် စားသုံးသူများအပေါ် မသန့်ရှင်းသောလေများရှုရှိုက်မိစေပြီး လက်ဖက်ရည်ဆိုင်ထိုင်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ ခဏတဖြုတ်စားသုံးသူများအတွက်တော့ အကြောင်းမဟုတ်သော်လည်း ကိုသန်းအေး လို ကျောက်ချထိုင်တဲ့သူများအဖို့ အန္တရာယ်ဆိုးကြီးပင်။ လက်ဖက်ရည်ဆိုင်များသည် ချက်ပြုတ်ရန်အတွက် ထင်းမီးသွေး မီးဖိုကို အသုံးပြုကြပြီး မီးခိုးများမှ အတွင်းလေထုညစ်ညမ်းမှု (indoor air pollution) မြင့်မားစေသည်။ ဆီများနှင့် အခြားအော်ဂဲနစ်ပစ္စည်းများ အများအပြားဖြင့် ချက်ပြုတ် ခြင်းကြောင့်လဲ အော်ဂဲနစ်လေမှုန်များကိုရှုရှိူက်မိသူများက ခေါင်းမူးခြင်း၊ အသက်ရှုမဝခြင်း စသည့်လက္ခဏာများခံစားရနိုင်သည်။ ထို့အပြင် ညဘက် ဘီယာဆိုင်များ အကင်ဆိုင်များ မှ အသားကင်ခြင်းများမှလဲ Polycyclic aromatic hydrocarbons (PAHs) များဖြစ်ပေါ်လာပြီး ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ အထူးသဖြင့် လက်ဖက်ရည်ဆိုင်များမှ အဓိကအကျဆုံးသော လေထုညစ်ညမ်းမှုမှာ ဆေးလိပ်သောက်ခြင်း (Tobacco Smoking) များမှဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ကို ဖြစ်စေသည်။ ဒါတင်မကသေးပဲ ဆေးလိပ်ငွေ့ကိုရှုရှိုက်မိသူ Second Hand Smoker များတွင်လဲ ပြင်းထန်သော ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်းနှင့် ရုတ်တရက် မွေးကင်းစကလေးသေဆုံးခြင်းရောဂါ (SIDS) စသည့်ရောဂါများခံစားရနိုင်သည်။

.

နောက်ဆုံးတော့ ဆေးလိပ်မသောက်တက်သည့် ကိုသန်းအေး မိမိကိုယ်မိမိသဘောပေါက်မိလိုက်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအကျိုးကျေးဇူးများကြောင့် ညော်နံ့များ၊ မီးခိုးငွေ့များ နှင့် ဆေးလိပ်ငွေ့များကို နိစ္စဓူဝရှုရှိုက်မိရာမှ အဆုတ်ရောဂါရှိသည့်အနေအထေားသို့ရောက်သွားရသည်။ နောက်ပိုင်းမှာတော့ ကိုသန်းအေး တယောက် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အကင်ဆိုင်များ နှင့် ဝေးဝေးရှောင်ပြီး ညော်နံ့ မီးခိုးနံ့များ စနစ်တကျစီမံခန့်ခွဲထားသည့် စားသောက်ဆိုင်များမှာသာ ထိုင်ဖြစ်ခဲ့တော့သည်။


ရေးသားသူ - နိုင်ကျော်လူ


ဒီထက်ပိုမိုလေ့လာချင်တယ်ဆိုလျှင် မကြာခင်ဖွင့်မည့် "Environmental Air Pollution" အွန်လိုင်းသင်တန်းကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။





15 views0 comments

Comments


bottom of page