top of page
Search
myanmarehs

ရုံးတွင်းလေထုညစ်ညမ်းမှုဖြစ်စေနိုင်သော ရင်းမြစ်များ

EHS Myanmar | 28.1.22

ရုံးလုပ်ငန်းခွင် နှင့် စက်ရုံအလုပ်ရုံတို့မှာ ရုံးတွင်းလေထုညစ်ညမ်းမှု (indoor air pollution) ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို ရုံးတွင်းလေထုညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ ရင်းမြစ်တွေများထဲမှာ အတွေ့ရအများဆုံးကတော့ -


၁။ လေဆာပရင်တာများ (Laser Printers) ၂။ ကော်ဇော်၊ ကူရှင် နှင့် ပရိဘောဂပစ္စည်းများ (Carpet, Upholstery and Furniture) ၃။ ဆောက်လုပ်ရေးပစ္စည်းများ (Construction Materials) ၄။ သန့်ရှင်းရေးပစ္စည်းများ (Cleaning Products) တို့ဖြစ်ပါတယ်။


ဒီလိုရုံးလုပ်ငန်းသုံးပစ္စည်းတွေက လုပ်ငန်းလည်ပတ်ဖို့အတွက်များစွာ အထောက်အကူပြုတာမှန်ပေမယ့် လေထုအရည်အသွေး (air quality) ကိုထိခိုက်စေနိုင်တာကိုလဲသတိမူရပါမယ်။ ဒီလိုရုံးတွင်းလေထုညစ်ညမ်းမှုတွေ ကိုနေ့စဥ်နှင့်အမျှ တိုက်ရိုက်ခံစားရပါက ဝန်ထမ်းတွေမှာ SBS လို့ခေါ်သည့် Sick Building Syndrome ရောဂါကို ခံစားလာရမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု ကိုပါထိခိုက်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် SBS မဖြစ်ပေါ်အောင် မိမိလုပ်ငန်းခွင်မှာ Risk Assessment လုပ်ဖို့အတွက် လုပ်ငန်းရှင်တွေမှာ အဓိကတာဝန် ရှိပြီး Environmental Officer၊ HSE Officer တို့နှင့်အတူ Indoor Air Pollution Hazard ကိုလျှော့ချဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ရေးသားသူ - နိုင်ကျော်လူ

-------------------------------------------------------------------------- မိမိအဖွဲ့အစည်းအတွင်း (သို့) မိမိကုမ္ပဏီရှိ ဝန်ထမ်းများ နှင့် မိမိလုပ်ငန်းခွင်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း သင်တန်းများ အတွက် EHS Myanmar ၏ Corporate Training and Development Program ရှိပါတယ်။ မိမိလုပ်ငန်းနှင့်ကိုက်ညီမည့် (လိုအပ်မည့်) Environmental Training များကို customize ကာသင်ကြားစေဖို့စိတ်ဝင်စားတယ်ဆိုလျှင်တော့ myanmarehs@gmail.com နှင့် Page Message သို့အချိန်မရွေးဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။




18 views0 comments

Comments


bottom of page