top of page
Search
myanmarehs

ရာသီဥတုပြောင်းလဲမှုကိုလျော့ချဖို့ ကျိုတိုပရိုတိုကော နှင့် ကမ္ဘာ့နိုင်ငံများအကြားပြသနာအချို့

EHS Myanmar | 6.10.21


Kyoto Protocol ဆိုတာဟာ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု (Global climate change)အပေါ် အခြေခံထားတဲ့ သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Sustainable Development Goals (SDGs)ရဲ့ Goal No.13 ဖြစ်တဲ့ Climate Action နဲ့လဲ ချိတ်ဆက်လျက်ရှိနေပါတယ်။

.

Kyoto protocol ရဲ့ သဘောတူချက်သည် Carbon dioxide(CO2)ကို လျှော့ချရန်နှင့် ကမ္ဘာတစ်၀ှမ်းတွင် များစွာအသုံးပြုလျက်ရှိတဲ့ စက်ရုံများ ၊ စက်ပစ္စည်းများကြောင့် ကမ္ဘာကြီးပူနွေးမှု (global warming)ကို ဖြစ်ပေါ်စေသော

Methane (CH4), Nitrous Oxide(N2O), Hydroflurocarbon (HFCs), ပါဖလူရိုကာဗွန် (PFCs) နှင့် Hexafluoride (SF6) ဓာတ်ငွေ့များကို လျှော့ချရန် ရည်ရွယ်ထားခဲ့ပါတယ်။

.


.

Kyoto Protocol ရဲ့ ပထမဆုံးစာချုပ်သဘောတူ ကာလကို

2008 ခုနှစ်တွင် စတင်ခဲ့ပြီး 2012 ခုနှစ်တွင် အဆုံးသတ်ခဲ့ပါတယ်။ ပထမဆုံးစာချုပ်ကာလတွင် အပြည့်အ၀ ပါ၀င်ခဲ့သည့် နိုင်ငံ 36 နိုင်ငံလုံးက Kyoto Protocol ကို လိုက်နာခဲ့ကြပါတယ်။ သို့သော် နိုင်ငံ ၉ နိုင်ငံသည် အခြားနိုင်ငံများမှ ထုတ်လွှတ်မှုလျှော့ချရေးအတွက် ရန်ပုံငွေဖြင့် ပြောင်းလွယ်ပြင်လွယ် ယန္တရားများကို အသုံးပြုရန်လိုအပ်ခဲ့ပါတယ်။ သို့သော် နိုင်ငံ ၉ နိုင်ငံ၏ ထုတ်လွှင့်မှုပမာဏမှာ အခြားနိုင်ငံများထက် ပိုမိုများပြားလျက်ရှိပြီး သဘောတူညီချက်များအတိုင်း လျှော့ချမှု အားနည်းခဲ့ပါတယ်။ ယင်း Kyoto Protocol သဘောတူညီချက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံများက ထုတ်လွှတ်မှု လျှော့ချသည်ဟု ဆိုသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာထုတ်လွှတ်မှု 1990 ခုနှစ်မှ 2010 ခုနှစ်အထိ 32% အထိ တိုးမြှင့်ခဲ့ပါတယ်။ Kyoto Protocol ရဲ့ ဒုတိယစာချုပ်ကာလကို 2012 ခုနှစ်တွင် နိုင်ငံပေါင်း 37 နိုင်ငံ ပါ၀င်ခဲ့ကြပါတယ်။ ဘီလာရှစ် ၊ ကာဇတ်စတန် နဲ့ ယူရိန်းတို့ အနေဖြင့် Kyoto Protocol မှ နှုတ်ထွက်ခြင်း သို့မဟုတ် ဒုတိယအကြိမ်ရည်မှန်းချက်အတွက် ပြင်ဆင်ချက်ကို အတည်မပြုနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

.

၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် kyoto protocol တွင် ကြုံတွေ့ခဲ့ရသောရလဒ်များအပေါ်အခြေခံပြီး သီးခြားစာချုပ်ဖြစ်သော ပဲရစ်သဘောတူညီချက် (Paris Agreement)ကို စတင် အတည်ပြုခဲ့သည်။ပဲရစ်သဘောတူညီချက်​၏ အားသာချက်မှာ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေသာမက ဖွံ့ဖြိုးဆဲနိုင်ငံများကပါ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသော အရာများကို လျှော့ချရန်အတွက် အတူတူ လက်တွဲပါဝင်လာကြောင်း တွေ့ရပါတယ်။


Mon မှပြုစုရေးသားသည်။

--------------------------------------------------------------------------------------

EHS Myanmar မှာ Environmental Sustainability Batch-1 ဖွင့်နေပြီဆိုတာသိပြီးသွားပြီလား မသိသေးလျှင် - https://www.facebook.com/ehsmyanmar/posts/409378353930254





1 view0 comments

Comments


bottom of page