🌱 "သစ်ပင်တစ်ပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ သစ်ပင်ကို ကိုယ်က မစိုက်နိုင်ရင်တောင် မခုတ်ဖြစ်အ
- myanmarehs
- Jun 5, 2021
- 1 min read
မြို့ပြတွင် သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ - (ပုံတစ်ပုံချင်း ထောက်ဖတ်နိုင်ပါတယ်။) . ၁။ မြို့ပြ အပူချိန် ကို လျှော့ချပေးခြင်း - မြို့ပြဒေသများတွင်သစ်ပင်များကို မဟာဗျူဟာကျသောနေရာတွင်ထားပါကအပူချိန် (၂ မှ ၈) ဒီဂရီဆဲလ်စီးယပ် အထိလျှော့ချပေးနိုင်စွမ်းရှိသည်။
၂။ လေထုအရည်အသွေးကိုထိန်းသိမ်းပေးခြင်း - လူသားတွေရဲ့ ကျန်းမာရေးကို ဒုက္ခပေးသော လေထု အမှူန်အမွှားများ - PM, CO, NOx, O3, SOx တို့ကို သန့်စင်ပေးနိုင်စွမ်းရှိသည်။
၃။ ရေစီးဆင်းမှုကို ထောက်ပံ့ပေးခြင်း - ရေစီးဆင်းမှုများကိုထိန်းညှိပြီးရေအရည်အသွေးကိုတိုးတက် နိုင်အောင် သန့်စင်ပေးနိုင်စွမ်းရှိသည်။
၄။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ကို ထိန်းညှိုပေးခြင်း - ဖွံ့ဖြိုးသစ်ပင်ကြီးတစ်ပင်က တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ပေါင်း (၁၅၀) ကီလိုဂရမ် ကို စုပ်ယူနိုင်စွမ်းရှိသည်။
၅။ ထင်းမီးသွေး ပေးခြင်း - အိုဟောင်းခြောက်သွေ့သွားသော သစ်ပင်များကို ထင်းမီးသွေးများအဖြစ်သုံးနိုင်ခြင်း။
၆။ အစားအစာများပေးခြင်း - အိမ်တွင်း သီးပင် စားပင်များ စိုက်ပျိူးထားပါက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပေးနိုင်စွမ်းရှိသည်။
၇။ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေး - မိမိအိမ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသော သစ်ပင် ပန်းပင်များ ရှိနေပါက စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူပြုနိုင်စွမ်းရှိသည်။
၈။ စွမ်းအင်ချွေတာနိုင်ခြင်း - သစ်ပင်များရှိခြင်းကြောင့် လေအေးပေးစက် အသုံးပြုမှုကို (၃၀%) လျှော့ချပေးနိုင် ပြီးအပူအတွက်အသုံးပြုသောစွမ်းအင်ကို (၂၀ မှ ၅၀%) အထိသက်သာစေသည်။
၉။ မြို့ပြဇီဝမျိုးစုံမျိုးကွဲများတိုးပွားလာခြင်း - ကျက်စားရာနေရာများပံ့ပိုးပေးခြင်းဖြင့်ဇီဝမျိုးစုံမျိုးကွဲများကိုကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဥပမာ - ငှက်၊ ရှဥ့်၊ ခရု စသဖြင့်။
၁၀။ အိမ်ခြံမြေ တန်ဖိုးတိုးမြှင့်နိုင်ခြင်း - သစ်ပင်များစိုက်ပျိုးခြင်းသည်အနာဂတ်၌ သင့်၏ပိုင်ဆိုင်မှုတန်ဖိုးကိုတိုးပွားစေသည်။
၁၁။ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ခြင်း - နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့်ပန်းနာရင်ကျပ်ရောဂါအခြေအနေများကို လျော့နည်းစေနိုင်စွမ်းရှိသည်။
Source - Food and Agriculture Organization (FAO)
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (၂၀၂၁) အထိမ်းအမှတ်အဖြစ်ရေးသားသည်။ Environment, Health and Safety Myanmar (EHS Myanmar) မှရေးသားသည်။ .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."

Opmerkingen