top of page
Search

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလုပ်အကိုင်အမျိုးအစားများ (၁)

EHS Myanmar | 12.12.2021


ယခင်က မြန်မာနိုင်ငံတွင် သဘာ၀ပတ်၀န်းကျင်နှင့် ပတ်သတ်၍ ပညာပေးမှုများ၊ကျောင်းပညာများ၊သင်တန်းများ တွင်ကျယ်စွာ မရှိခဲ့သော်လည်း ယခုတွင်မူ တက္ကသိုလ်သင်ရိုးများ၌ ထည့်သွင်းသင်ကြားခြင်းများ၊ အွန်လိုင်းပေါ်မှ သင်တန်းများ၊ seminar , webinarများ စသည်ဖြင့် အများအပြား ရှိလာကာ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သတ်သည့် အသိပညာများလည်း တစ်စ တစ်စ မြင့်မားလျင်ရှိပါသည်။ ထိုကဲ့သို့တွင်ကျယ် လာသည်နှင့်အမျှ ယင်းနှင့် သက်ဆိုင်သည့် အလုပ်အကိုင်များကိုလည်း စိတ်၀င်စားမှု မြင့်တက်လာပေသည်။


သဘာ၀ပတ်၀န်းကျင် ဆိုင်ရာ ဘာသာရပ်တွင် အဓိကအားဖြင့် အင်ဂျင်နီယာပိုင်း(Environmental Engineering )နှင့် သိပ္ပံပညာပိုင်း(Environmental Science)ဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့၏ သင်ရိုးနှင့် လေ့လာမှုများမှာ များသောအားဖြင့် တူညီမှုများ ရှိပါသည်။ ပတ်၀န်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များသည် ယေဘုယျအားဖြင့် ပတ်၀န်းကျင်နှင့် စပ်လျဉ်း၍ သုတေတန များပြုလုပ်ခြင်း၊‌ဒေတာ(data)များ စုဆောင်းခြင်း၊ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ခွဲခြမ်းစိတ်ဖြာ၍ သက်ဆိုင်ရာကို အကြံဉာဏ်ပေးခြင်း စသည်ကို လုပ်ဆောင်ကြပါသည်။ သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ အင်ဂျင်နီယာ များမှာမူ ရရှိလာသည့် ဒေတာများအပေါ်မူတည်၍ မိမိ၏ ပညာရပ်များကို အသုံးချကာ ဖြေရှင်းနည်းများ ဖော်ထုတ်၍ အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းများ စသည်ဖြင့် လုပ်ဆောင်ကြပါသည်။


အထက်ပါ ပညာရပ်နှစ်ခုလုံးနှင့် စပ်လျဉ်း၍ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အလုပ်အကိုင် အချို့ကို ဖော်ပြပေးလိုပါသည်။

.

-အင်ဂျင်နီယာ၊ဇီ၀ဗေဒ နှင့် ဓာတုဗေဒ ဆိုင်ရာ နိယာမများကို အသုံးပြု၍ သဘာ၀ပတ်၀န်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ တီထွင်ဖော်ထုတ်ခြင်းကို လုပ်ဆောင်ပါသည်။


-သန့်ရှင်းသော နည်းပညာ၊ ရေ ၊ လေနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဥပဒေသများကို ထောက်ခံအားပေးရန်အတွက် ဤ ရှေ့နေများသည် အဓိက ကျသော ဤ ကမ္ဘာမြေကြီး၏ နှလုံးအိမ်များပင် ဖြစ်ပါသည်။


#Environmental Protection Technician(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်)

-ဤ ပညာရှင်များသည် ပတ်၀န်းကျင်ကို စောင့်ကြည့်လေ့လာကာ ပတ်၀န်းကျင် ညစ်ညမ်းမှုနှင့် ညစ်ညမ်းမှုဖြစ်စေသည့် အရင်းအမြစ်များကို စုံစမ်းစစ်ဆေးပြီး စည်းကမ်း ချိုးဖောက်မှုများကို တားဆီးခြင်းများ လုပ်ဆောင်ကြပါသည်။


#Environmental Scientist

-လူကျန်းမာရေးနှင့် သဘာ၀ ပတ်၀န်းကျင်ကို ကာကွယ်ရန်အတွက် ပတ်၀န်းကျင် ညစ်ညမ်းမှုများ ဖြစ်နေသည့် ဧရိယာများကို သန့်စင်ရှင်းလင်းခြင်းများနှင့် မူဝါဒ ချမှတ်သူများကို အကြံဉာဏ်ပေးခြင်းများ လုပ်ဆောင်ကြပါသည်။


-ဤ ပညာရှင်များသည် လက်တွေ့ပိုင်းပြုလုပ်ရသော စောင့်ကြည့်ရေးကိရိယာများ၊နမူနာများ၊ စစ်တေးခြင်းများ ပြုလုပ်ရန်ရေကန်ချောင်းများ သို့ သွားလာရပြီးနောက် ကွန်ပျူတာများရှိသည့်ရုံ၌ ရရှိလာသည့် ဒေတာများကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုများ ပြုလုပ်ရပေသည်။


#Urban & Regional Planner(မြို့ပြနှင့် ဒေသဆိုင်ရာ စီမံကိန်းရေးဆွဲသူ)

-လူမှုအဖွဲ့အစည်း၊ အသိုက်အ၀န်းများ ဖန်တီးရန်၊လူဦးရေ တိုးပွားမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ၊အဆောက်အဦးများ ပြန်လည် အသက်၀င်လာစေရန် မြေယာအသုံးပြုမှု အစီအစဉ်များနှင့် ယင်းအစီအစဉ်များကို စနစ်တကျ ရေးဆွဲခြင်းများ လုပ်ဆောင်ကြသည်။


#Wildlife Biologist(တောရိုင်းတိရစ္ဆာန်ဇီဝဗေဒပညာရှင်)

-တိရိစ္ဆာန်လေးများသည် ၎င်းတို့၏နေထိုင်ရာ ၀န်းကျင် အသိုက်အမြုံများ (ဥပမာ-တောတောင်၊ပင်လယ်၊ကန္တာရ)နှင့် မည်ကဲ့သို့ သဟဇာတဖြစ်အောင် တုံပြန်နေထိုင်ကြသည်ကို သိရှိနိုင်ရန်အတွက် တိရစ္ဆာန်လေးများ အကြောင်းနဲ့ အမူအကျင့်များကို စူးစမ်းလေ့လာကြသည်။

.

အထက်ဖော်ပြပါ အလုပ်အကိုင်များသည် အနည်းအကျဉ်းမျှသာ ဖြစ်ပြီး သတ္တဗေဒ၊ မနုသာဗေဒ ၊ရုက္ခဗေဒပိုင်းနှင့်ပတ်သတ်သည့် ပတ်၀န်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်အကိုင်များလည်း ကျန်ရှိပါသေးသည်။


အချုပ်အားဖြင့်ဆိုသော် သဘာ၀ပတ်၀န်းကျငိဆိုင်ရာ ပညာရပ်များကို လေ့လာထားမှသာ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည် မဟုတ်ပါ။ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုသော ဆန္ဒရှိယုံနှင့်ပင် မိမိရှိရာ အရပ်၊လုပ်ငန်းခွင်များတွင် မိမိ၌ ရှိသည့် ပညာရပ်များဖြင့်လည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ပေသည်။


ရေးသားသူ - ရတနာ


ကိုးကားကျမ်း -

Environmental Careers That Help the Planet Lily Martis, Monster staff



 
 
 

Komentarze


bottom of page