top of page
Search

ဟေမန္တရာသီ နှင့် လေထုညစ်ညမ်းမှု

Nov 23, 2021
1 min read

EHS Myanmar | 17.11.2021 . ယခုအခါမိုးအကုန်ဆောင်းအကူးရာသီသို့ရောက်ရှိလာပြီးဖြစ်သည်။ တောင်အရပ်မှမိုးသက်လေနှင်တို့ရုပ်သိမ်းသွားပြီးမြောက်အရပ်မှ မြောက်ပြန်လေနှင့်အတူနှင်းပွင့်များပါလာတော့မည်ဖြစ်သည်။ ထိုမြောက်ပြန်လေအေးများ နှင့် အတူ ဖြစ်ပေါ်လာမည့်သူကတော့ လေထုညစ်ညမ်းမှု ဟုသိကြသည့် ဗီလိန်ကြီး ပဲဖြစ်ပါသည်။ . လေထုညစ်ညမ်းမှုဖြစ်စဥ်သည် ကမ္ဘာ့လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စဥ် (Global Environmental Problem) တစ်ခုအဖြစ်ပညာရှင်များကသတ်မှတ်ထားကြသည်။ လေထုညစ်ညမ်းခြင်းသည် အချိန်ရာသီအလိုက် ပြောင်းလဲမှုရှိသည်။ ဆိုလိုရသော် - နွေရာသီတွင် လေထုညစ်ညမ်းခြင်းထက် အေးသောဆောင်းရာသီတွင် လေထုက ပိုညစ်ညမ်းမှုများလေသည်။ မည်ကဲ့ကြောင့်နည်း လေ့လာကြည့်ရသော် - . Winter Inversion မှာအဘယ်နည်း။

လေ (air) ၏ သဘောသဘာဝအရ ပူသောလေသည် သိပ်သည်းမှုနည်းပြီး လျင်မြန်စွာရွေ့လျားနိုင်စွမ်းရှိသည်။ သို့ပေမယ့် အေးသောလေသည် သိပ်သည်းမှုများပြီး (denser) လျင်မြန်စွာရွေ့လျားနိုင်ခြင်းမရှိပေ။ ထိုကြောင့် အေးသောရာသီဥတုများတွင် မသန့်ရှင်းသောလေထု (dirty air) များကို ပိတ်လှောင်ထားသကဲ့သို့ဖြစ်နေပြီး လေထုညစ်ညမ်းမှုပိုဖြစ်ရခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် အန္တရာယ်ရှိလေထုအမှုန်အမွှားများ (harmful air pollutants) များက တနေရာထည်းမှာအချိန်အကြာကြီးထိတည်ရှိနေပြီး လူသားများနှင့်ပိုမိုထိတွေ့မှုဖြစ်ခြင်း တနည်းအားဖြင့် High Exposure ဖြစ်ကာ ကျန်းမာရေးများ ထိခိုက်လာရခြင်းဖြစ်ပါသည်။

ဆောင်းရာသီမှာ အဘယ်ကြောင့် PM 2.5 Level မြင့်ရသနည်း။

.

PM 2.5 ညွှန်ကိန်း သည် ဆောင်းရာသီတွင် အထူးမြင့်မားသည်။ အကြောင်းရင်းကတော့ ဆောင်းရာသီတွင် လူသားတွေရဲ့ လေညစ်ညမ်းစေနိုင်တဲ့ လှုပ်ရှားမှုတွေ အများကြီး တိုးလာလို့ပါ။ ဥပမာ - လူနေအိမ်များကိုနွေးထွေးစေရန် Heater များကိုအသုံးပြုခြင်း၊ ကျေးရွာများတွင် ထင်းများ မီးရှို့ပြီး မီးလှုံခြင်း၊ စပါးရိတ်သိမ်းရာသီကုန်ဆုံးသည့်အချိန်ဖြစ်သည့်အတွက် လယ်ကွင်းများတွင် မီးရှို့ခြင်းများ တိုးပွားလာခြင်း တနည်းအားဖြင့် slash-and-burn များပိုမိုပြုလုပ်ကြခြင်း နှင့် မြို့ပြင်ဒေသများ တွင် အမှိုက်မီးရှို့ဖျက်ဆီးခြင်း (Open Burning/ Trash Burning) များပြုလုပ်လာကြခြင်း တို့ကြောင့်ဖြစ်ပါသည်။ ရန်ကုန် နှင့် မန္တလေးတို့တွင် အမှိုက်မီးရှို့ဖျက်ဆီးခြင်းကိစ္စရပ်များသည် PM 2.5 မြင့်မားလာခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဆောင်းတွင်းများတွင် အမှိုက်မီးရှို့ခြင်းများနှင့် slash-and-burn ပြုလုပ်ခြင်းများကို အတက်နိုင်ဆုံးရှောင်ရှားဖို့လိုပါမည်။


ရေးသားသူ - နိုင်ကျော်လူ




 
 
 

Comments


bottom of page