top of page
Search
myanmarehs

အိမ်တွင်းလေထုသန့်စင်ရန် အကောင်းဆုံးအပင် ၁၀မျိုး

၁၉၈၉ တွင်ထုတ်ဝေခဲ့သောနာမည်ကျော် NASA ၏စမ်းသပ်မှုတစ်ခုတွင် အိမ်တွင်းအပင်များ သည်ကင်ဆာဖြစ်စေသော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည့် formaldehyde နှင့် benzene ကဲ့သို့လေထုညစ်ညမ်းစေသည့် air pollutants များကိုပွတ်တိုက်ပေးနိုင်ကြောင်းဖော်ပြထားသည်။ ထို NASA မှသုတေသီများသည်အာကာသစခန်းပတ်ဝန်းကျင်၏လေထုထဲရှိအဆိပ်အတောက်များကို သန့်စင်ရန်နည်းလမ်းများကိုရှာဖွေနေသည့်အချိန်လဲဖြစ်သည်။ နောက်ပိုင်းသုတေသနများအရ မြေပြင်ရှိ လေထုထဲရှိ အဆိပ်အတောက်အငွေ့များ နှင့် အဏုဇီဝပိုးမွှားများကိုပါ indoor plant များကစုပ်ယူပေးပြီး အိမ်တွင်းလေထုကိုသန့်ရှင်းရေးတွင်အကူအညီထောက်ပံ့ပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ . ထို့ကြောင့် ယနေ့မှာတော့ အိမ်တွင်းလေအရည်အသွေးကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်သည့်အပင် ၁၀ မျိုးကို ပြုစုရေးသားဖော်ပြပေးလိုက်ပါသည်။ အသေးစိတ်ကိုတစ်ပုံချင်းဆီထောက်ပြီးလဲဖတ်နိုင်ပါသည်။ . ၁။ ပထမဆုံးတစ်ခုကတော့ Snake Plant ဖြစ်ပါသည်။ ဆင်စွယ်ဂမုန်းဟုလူသိများပြီး နဂါးစက်ဂမုန်းလို့လဲခေါ်ပါတယ်။ Snake Plant က လေထုသန့်စင်ရန်ကူညီပေးပါသည်။ အိမ်တွင်းရှိ လေထုထဲတွင် မလိုလားအပ်သည့် အဆိပ်အတောက်ဓာတုအငွေ့များ နှင့် နှာခေါင်းယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိယားယံခြင်း စသည်တို့ကိုဖြစ်စေသည့် benzene, formaldehyde, trichloroethylene, xylene နှင့် toluene တို့အပြင် air pollutants အချို့ကိုပါသန့်စင်ပေးနိုင်သည်။


၂။ Dracaena သို့မဟုတ် ဇော်စိမ်းပင် က လူ့ကျန်းမာရေး ကောင်းအောင်အထောက်အကူပေးပါသည်။ အိမ်တွင်းလေထုရှိ benzene, formaldehyde, trichloroethylene နှင့် xylene စသည့်အန္တရာယ်ရှိ ဓာတုအငွေ့များကိုသန့်စင်ပေးပါသည်။


၃။ မာရ်နတ်၏ဆင်စွယ်များ - အပင်နာမည်ကတော့ထူးဆန်းပြီးကြောက်စရာကောင်းနေသလိုလိုပင်ဖြစ်နေသည်။ တကယ်တော့ လူသိများသည့်အမည်ကတော့ ရွှေလာငွေလာဂမုန်း အပင်ဖြစ်ပါသည်။ ၎င်းအပင်က လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် ကာဗွန်မိုနောက်ဆိုက် နှင့် Pollutants, Toluene, Xylene တို့ကိုပါ သန့်စင်စစ်ထုတ်ပေးပါကာ အိမ်တွင်းလေကိုကောင်းမွန်စေပါတယ်။


၄။ အိမ်များတွင် တွေ့ရလေ့ရှိသည့် ဝါးအုန်းပင် (Bamboo Palms) သည် ကာဗွန်မိုနောက်ဆိုက်၊ ခန္ဓာကိုယ်တွင် ယားယံခြင်း၊ လည်ချောင်းနာခြင်း ယားခြင်းတွေကိုဖြစ်စေသည့် Xylene နှင့် Cholorform တို့ကိုစုပ်ယူပေးပါသည်။


၅။ Areca Palm (သို့မဟုတ်) ကြိမ်ထန်းပင် သည် ကာဗွန်ဒိုင်အောက်ဆိုက် ကိုစုပ်ယူကာ သန့်စင်သည့် အောက်ဆီဂျင်ကိုပြန်ထုတ်ပေးပါသည်။ ထို့အပြင် မျက်စိယားယံခြင်း နှင့် မျက်ရည်ကျခြင်း၊ မျက်စိနာခြင်း၊ နှာခေါင်းယားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုခြင်းနှင့်မူးဝေခြင်းတို့ကိုခံစားရမည့် formaldehyde၊ benzene နှင့် Xylene အဆိပ်ငွေ့တွေကိုပါစုပ်ယူသန့်စင်ပေးပါသည်။


၆။ အိမ်တော်မင်္ဂလာဂမုန်းဟု လူသိများသည့် Chinese Evergreen က အိမ်တွင်းစိုထိုင်းမှုကိုလျှော့ချပေးပြီး ကာဗွန်မိုနောက်ဆိုက်၊ Toxins benzene formaldehyde တို့မှကာကွယ်ပေးပါသေးသည်။


၇။ English Ivy ဆိုလျှင် မသိတဲ့သူမရှိသည့်အပင် မြန်မာလိုဆိုလျှင် တိုက်ကပ်နွယ်ပင်ဟုခေါ်မည့် အပင်သည် အိမ်တွင်းလေအရည်အသွေးအတွက် များစွာအထောက်အကူပြုပါသည်။ လေထဲမှာရှိနေသည့် မှိုတွေ (mold) တွေကိုလဲစုပ်ယူပေးပါသေးသည်။


၈။ ဖိုင်းကပ် (Ficus) အပင်သည် အခြားအပင်များကဲ့သို့ပင် pollutants, benzene, formaldehyde တို့ကို စုပ်ယူပေးပါသည်။ ထူးခြားသည်က ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မျက်နှာထုံခြင်းနှင့် အားနည်းခြင်း တို့ကိုဖြစ်စေသည့် trichloroethylene ကိုပါစုပ်ယူပေးနိုင်ပါသည်။


၉။ ရှားစောင်းလက်ပတ် (Aloe Vera) ၏အကျိုးကျေးဇူးများပုံကတော့ လူတိုင်းသိထားပြီးဖြစ်ပါသည်။ လေထဲရှိ Formaldehyde ကိုပါသန့်စင်ပေးသေးသည့်အတွက် အကျိုးရှိသည့်အပင်တွေထဲမှ ၁ပင်အပါအဝင်ဖြစ်ပါသည်။


၁၀။ နောက်ဆုံးအနေဖြင့် ဂမုန်းအမျိုးအနွယ်ဝင် တစ်ခုဖြစ်သည့် ရှင်သီဝလိဂမုန်းသည်လည်း လေထုတွင်းရှိ benzene, formaldehyde, trichloroethylene တို့အပြင် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့်အသက်ရှူလမ်းကြောင်းများအတွက် အန္တရာယ်ပေးနိုင်သော အမိုးနီးယား (ammonia) ကိုလဲသန့်စင် (purify) ပေးပါသည်။


နိုင်ကျော်လူ၊ နှင်းသီရိ နှင့် ကောင်းပြည့် တို့မှပြုစုရေးသားသည်။ ----------------------------------------------------------------------------------------------------- လူကြီးမင်း နှင့် လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းအားဖြင့် "Let's build environmental friendly Society" ရရှိလာမည့်အကျိုးကျေးဇူးတွေကို တန်ဖိုးထားစိတ်ဝင်စားမယ်ဆိုလျှင်ဖြင့် EHS Myanmar ၏ "Environmental Corporate Training and Development program" လေးကအစွမ်းကုန်မျှဝေကူညီပေးပါရစေရှင့်။

Please do not hesitate to contact us and visit our Facebook Page.




7 views0 comments

Comments


bottom of page