top of page
Search
myanmarehs

အနီ နှင့် လိမ္မော်ရောင်အဆင့်ရောက်နေသည့် ရန်ကုန် AQI level

--------------------------------------------------------------------------------

EHS Myanmar | 1.2.23


IQ Air ၏ အစီရင်ခံစာများအရ ရန်ကုန်မြို့၏ PM2.5 level သည် WHO guideline ထက် (၉.၆) ဆ ပိုမိုများနေပြီး 47.8µg/m3 ထိရှိနေကြောင်းသိရသည်။ ထို့အပြင် AQI level ကိုလေ့လာကြည့်သည့်အခါမှာလဲ ဇန်နီဝါရီ (၁၅) ရက်နေ့တွင် 151 ဖြင့် အနီရောင်အဆင့်၊ (၁၆) ရက်နေ့တွင် 139 ဖြင့် လိမ္မော်ရောင်အဆင့် နှင့် (၁၇) ရက်နေ့တွင် အနီရောင်အဆင့်တို့အထိရှိခဲ့ပါသည်။ နောက်ရက်များကို ခန့်မှန်းကြည့်သည့်အခါ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ၁၁၃၊ (၂၀) ရက်နေ့တွင် ၁၁၀၊ (၂၁) ရက်နေ့တွင် ၁၁၂၊ (၂၂) ရက်နေ့တွင် ၁၁၀ နှင့် (၂၃) ရက်နေ့တွင် ၁၀၂ AQI ညွှန်းကိန်းများဖြစ်လာနိုင်ပါသည်။ AQI ညွှန်းကိန်းများအရ လိမ္မော်ရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိသော လေထုအရည်အသွေးဖြစ်ပါသည်။ အနီရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအပါအဝင် သာမာန်ကျန်းမာသော လူအုပ်စုအတွက်ပါ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတစ်ခုဖြစ်ပါသည်။


ရန်ကုန်လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုရှိအောင် ဘယ်လိုလုပ်သင့်သလဲ။

၁။ အပြင်သွားတိုင်း PM2.5 ကိုစစ်ထုတ်ပေးနိုင်သည့် အရည်အသွေးမြင့် Mask များတပ်ဆင်ပါ။

၂။ လေအရည်အသွေးဆိုးရွားနိုင်သည့်ဟုထင်သည့် ကားလမ်းနှင့်နီးကပ်သည့် နေအိမ်များတွင် တံခါးတွေပိတ်ထားပါ။

၃။ အိမ်အတွင်း နှင့် လုပ်ငန်းခွင်တို့တွင် လေသန့်စင်စက် (Air Purifier) များအသုံးပြုပါ။

၄။ တက်နိုင်လျှင်အပြင်မထွက်ပါနှင့်။


နိုင်ကျော်လူ ရေးသားသည်။


ကိုးကား - IQair Yangon Report 2023

------------------------------------------------------------------------------

Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/





6 views0 comments

Comments


bottom of page