top of page
Search

ဩဂုတ်လ က ရေနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာလ တစ်လ ဆိုတာသင်သိပါသလား?

ကမ္ဘာ့ကုလသမဂ္ဂ က ၂၀၀၅-၂၀၁၅ ခုနှစ်တွင် ရေကောင်းရေသန့်ရရှိရေး ဆယ်စုနှစ်အဖြစ်သတ်မှတ်ပြီး ရေ၏အရေးပါပုံ၊ လူသားတိုင်း ရေသန့်ရရှိစေရေး၊ ရေဆိုးသန့်စင်စနစ်များရရှိရေး စသည်တို့ကို လူ့အခွင့်အရေး အဖြစ် သတ်မှတ်ပြီး စွမ်းဆောင်လာခဲ့ကြရာ ဩဂုတ်လသည် "ရေအရည်အသွေးဆိုင်ရာလ (ဝါ) Water Quality Month" ဟု ခေါ်ဆိုကာ ကမ္ဘာ့နိုင်ငံအနှံ့ပညာပေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်။ "ရေအသက်တစ်မနက်" ဆိုတဲ့စကားအတိုင်း ရေ၏အရေးပါပုံ၊ ရေထု ညစ်ညမ်းမှုမရှိအောင် ထိန်းသိမ်းသင့်ပုံ စသည်တို့ကို ပညာပေးဖို့အတွက်ဖြစ်ပါတယ်။ . Water Quality Month မှာ မည်ကဲ့သို့ ပါဝင်ဆင်နွဲသင့်ကြောင်းကို National Water Quality Month အဖွဲ့ကြီးမှ အောက်ပါအတိုင်းအကြံပေးထားပါတယ်။


၁။ ကားရေဆေးခြင်းကို ဆိုင်မှာသာဆေးသင့်ပါတယ်။ ဆိုင်မှာကားရေဆေးခြင်းဖြင့် အကုန်အကျများနိုင်သော်လည်း ရေချိုများကိုချွေတာနိုင်ခြင်း၊ ရေဆိုးထုတ်လုပ်မှုကိုလျှော့ချနိုင်ခြင်း၊ ဓာတုပစ္စည်းများအသုံးပြုပြီးဆေးကြောခြင်းတို့ကိုစနစ်တကျပြုလုပ်နိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။


၂။ အသုံးမလိုသော အရည်များ၊ ပိုးသတ်ဆေးများ၊ ဆေးရည်များကို ရေမြောင်းများ အတွင်းသို့ စွန့်ပစ်ခြင်း ရှောင်ကျဥ်ရပါမယ်။ ထို ညစ်ညမ်းမှုများကြောင့် မြစ်ချောင်းအင်းအိုင်များရှိ ရေနေသတ္တဝါများသေဆုံးနိုင်ပါတယ်။


၃။ ရေကိုချွေတာသုံးပါ။ မဖြန်းတီးပါနှင့်။ မြေအောက်ရေ ကို မဆင်မခြင်ထုတ်ယူသုံးစွဲခြင်းမပြုရ။


၄။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုပိုးသတ်ဆေးများ ပေါင်းသတ်ဆေးများကို တက်နိုင်သမျှမသုံးပါနှင့်။ လူသားတွေရဲ့ကျန်းမာရေးကိုထိခိုက်နိုင်သည့်အပြင် မြေပေါ်မြေအောက် မြေဆီလွှာများပျက်ဆီးခြင်း၊ မြေအောက်ရေ များ ညစ်ညမ်းပြီး contaminate ဖြစ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။


၅။ "မိုးရွာတုန်းရေခံ" ဆိုသည့် စကားပုံအတိုင်း မိုးတွင်းတွင် ရေများကို စစ်ခံပြီးသုံးစွဲခြင်းဖြင့် မြေအောက်ရေ ရှားပါးလာမှု၊ ပျက်သုဥ်းလာမှု (Ground Water Depletion) တို့ကိုလျှော့ချနိုင်ပါတယ်။


၆။ မိမိ မိသားစုကျန်းမာရေးအတွက် သန့်ရှင်းသောသောက်သုံးရေဖြစ်စေရန် ရေသန့်စနစ်များ တပ်ဆင်အသုံးပြုပြီး ရေအရည်အသွေးကို လစဥ်စစ်ဆေးပါ။


---------------------------------------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."



ree

 
 
 

Comments


bottom of page