top of page
Search
myanmarehs

၂၀၂၃ မှာ ကမ္ဘာနှင့်မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ကြိုခန့်မှန်းကြည့်ရာဝယ်

လေ့------------------------------------------------------------------------------

EHS Myanmar | 1.2.23


၁။ သန့်ရှင်းသောစွမ်းအင်ပိုမိုသုံးလာနိုင်ခြင်း


ယခုနှစ်သစ်မှာ စွမ်းအင် ကဏ္ဍမှာအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် လောင်စာစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအစား Clean Energy ဖြစ်တဲ့ ပြန်လည်ပြည့်ဖြိူးမြဲစွမ်းအင် (Renewable Energy) တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများက ပိုမိုအသုံးပြုလာနိုင်ပါတယ်။ ရုရှ နဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲတွေကြောင့်လဲ ကမ္ဘာ့ရေနံ နှင့် ဥရောပနိုင်ငံများ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်မှုများဖြစ်ပေါ် ခဲ့တဲ့ အတွက် ရေနံဈေးတွေမြင့်တက်ခြင်း၊ လျှပ်စစ်လုံလောက်မှုမရှိခြင်းတို့ကြောင့် Renewable Energy သုံးဖို့အတွက် ဥရောပနိုင်ငံတွေကို ပိုမိုတွန်းအားပေးသလိုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် (၂၀၂၃) ခုနှစ်မှာ Clean Energy ကဏ္ဍတွင်ကျယ်လာလိမ့်မယ်လို့ခန့်မှန်းပါတယ်။


၂။ လျှပ်စစ်ကားအသုံးပြုမှုများလာနိုင်ခြင်း


(၂၀၂၂) ခုနှစ်နှစ်ဝက်ကိန်းဂဏန်းများအရ တကမ္ဘာလုံးမှာ Battery-powered Electric Vehicles (BEVs) နှင့် plug-in hybrid electric vehicles (PHEVs) ပေါင်း (၄.၃) သန်းကိုရောင်းချခဲ့ပြီးဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်နှစ်ကုန်မှာ ကားပေါင်း (၁၀.၆) သန်းထိရောင်းချဖို့မျှော်မှန်းထားကြောင်း စာတမ်းအချို့မှာတွေ့ရပါတယ်။ ထို EVs များသုံးစွဲမှုအများဆုံးနိုင်ငံမှာ နော်ဝေးနိုင်ငံဖြစ်ပြီး ရောင်းချမှုအားလုံး၏ (၈၆%) ထိရှိပါတယ်။ တရုတ်နိုင်ငံက (၁၆%) နှင့် အမေရိကန်နိုင်ငံက (၅%) သာရှိပါတယ်။ ထိုကိန်းဂဏန်းများနှင့် အထက်ကပြောခဲ့တဲ့ ရေနံထုတ်လှပ်မှုလျှော့ချလာခြင်း နှင့် ရေနံဈေးမြင့်တက်မှုများ ကိုပေါင်းစပ်လိုက်သည့်အတွက် BEVs နှင့် PHEVs အသုံးပြုမှုက (၂၀၂၃) ခုနှစ်မှာ ဆက်လက်မြင့်တက်လာဦးမယ်လို့ခန့်မှန်းရပါတယ်။


၃။ ကာဗွန်ဈေးကွက် (သို့မဟုတ်) Carbon Credit တွင်ကျယ်လာနိုင်ခြင်း


Carbon Offset ကဏ္ဍ ပိုမိုကျင့်သုံးလာမယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါသေးတယ်။ အထူးသဖြင့် Fashion ကဏ္ဍ မှာ ပိုမိုအသုံးပြုလာကြပါလိမ့်မယ်။ ကမ္ဘာ့ကုမ္ပဏီကြီးအများအပြားသည် ကာဗွန်ခရက်ဒစ်များ ဖန်တီးခြင်း၊ စစ်ဆေးအတည်ပြုခြင်းနှင့် ရောင်းချခြင်းအတွက် ငွေစုဆောင်းခြင်း စသည့်အလေ့အကျင့်များကို (၂၀၂၃) တွင်ပိုမိုအသုံးပြု လာကြမယ်လို့ ခန့်မှန်းထားပါတယ်။


၄။ ကမ္ဘာ့အပူချိန်မြင့်တက်လာနိုင်ခြင်း


ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် ကမ္ဘာကြီးပူနွေးလာခြင်း (Global Warming) တို့က တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာတာကိုသိပြိးသားဖြစ်ကြမှာပါ။ (၂၀၂၂) ခုနှစ် မှာဆိုလျှင် ကမ္ဘာ့အပူအချိန် သည် (0.84°C) ပိုမိုမြင့်လာခဲ့ပြီး၊ ယခုနှစ် (၂၀၂၃) မှာလဲ (1.2°C) ထပ်၍ မြင့်လာနိုင်ကြောင်း သုတေသီများကခန့်မှန်းထားပါတယ်။


၅။ သဘာဝဘေးအန္တရာယ်များပိုမိုခံစားလာရနိုင်ခြင်း


အချက် (၄) ကဖော်ပြခဲ့သလို ရာသီဥတုပြောင်းလဲခြင်းနှင့်ကမ္ဘာကြီးပူနွေးလာခြင်း တို့၏ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးအန္တရာယ်များကိုပိုမိုခံစားလာရနိုင်ပါတယ်။ အထူးသဖြင့် Mega City မြို့ပြကြီးတွေမှာ ရေကြီးရေလျှံမှုတွေများလာမယ်၊ ပူလွန်ခြင်း၊ အေးလွန်ခြင်းတွေဖြစ်လာမယ်။ ငလျင်လှုပ်မှုခြင်းနဲ့ ဟာရကိန်းမုန်တိုင်း တို့တွေလဲ ပိုမိုဖြစ်လာနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။


၆။ စွန့်ပစ်အမှိုက်ပြသနာကိုဖြေရှင်းနိုင်ဖို့ခက်ခဲနေပါဦးမည်


(၂၀၂၂) ခုနှစ် ကိန်းဂဏန်းများကိုလေ့လာကြည့်တဲ့အခါ တကမ္ဘာလုံးတွင်စွန့်ပစ်အမှိုက်ထုတ်လုပ်မှု (Global Waste Generation 2022) က (၂.၀၁) ဘီလျံတန် အထိရှိခဲ့ပါတယ်။ ဒီထကမှ (၃၀၀) မီလီယံက ပလတ်စတစ်အမှိုက်တွေပဲဖြစ်ပါ တယ်။ ဒီအမှိုက်များတွေအများစုက အမေရိကန်နိုင်ငံမှာဖြစ်ပြီး ထိုစွန့်ပစ်အမှိုက်များရဲ့ တဝက်က Landfill မှာပဲစုပုံနေလျက် ရှိပါတယ်။ စစ်တမ်းတစ်ခုအရ (၂၀၃၀) ခုနှစ်မှာ ယခုထွက်ရှိနေသောစွန့်ပစ်အမှိုက်များ၏ (၇၀%) ကျော်ထက် ပိုမိုများပြားလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ အဲ့ဒီအတွက်လဲ ယခု (၂၀၂၃) ခုနှစ်မှာ စွန့်ပစ်အမှိုက်ထွက်ရှိမှုကိုလျှော့ချနိုင် ဖို့ မရှိနိုင်သေးသလို စနစ်တကျစွန့်ပစ်ခြင်းများကလဲ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Marine Plastics Pollution ကလဲပိုမိုဆိုးရွားလာနိုင်ပြီး အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှုကိုလဲ ထိန်းချုပ်နိုင်ဖို့ခက်ခဲနေဦးမှာဖြစ် ကြောင်းခန့်မှန်းထားကြပါတယ်။


၇။ သစ်တောပြုန်းတီးမှုများဆက်ဖြစ်နေဦးမည်


Global deforestation statistics 2022 ကိုလေ့လာကြည့်လျှင် (၂၀၂၂) ခုနှစ်၌ တကမ္ဘာလုံးအတိုင်းအတာအရ သစ်တောဟက်တာပေါင်း သန်း (၄၂၀) ကျော်ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုက လွန်ခဲ့သော နှစ် (၃၀) ရဲ့သစ်တောပြုန်းတီးမှု၏ (၁၀.၃၄) ရာခိုင်နှုန်းရှိကြောင်းလေ့လာရပါတယ်။ (၂၀၂၃) ခုနှစ်မှာလဲ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူသားတွေကြောင့်ဖြစ်စေ သစ်တောပြန်းတီးမှုများဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။ အမြဲစိမ်းတော အမေဇုန်တောကြီး၏ ဟက်တာပေါင်း (၁ ၂၀၀ ၀၀၀) ကျော်ပျက်ဆီး ဦးမည်ဖြစ်ကြောင်းခန့်မှန်းထားပါတယ်။


ဟုတ်ပြီ... ခု စာရေးသူတို့မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကဏ္ဍကို ခန့်မှန်းသုံးသပ်ကြည့်ကြပါစို့။


၁။ လျှပ်စစ်ကဏ္ဍမှာတော့ Clean Energy ကို ယခုနှစ်များမှာ အသုံးပြုနိုင်ဖို့ခက်ခဲနေပါဦးမယ်။ ဆိုလာစွမ်းအင်ကို မြန်မာပြည်အထက်ပိုင်းအချို့မှာ project တွေအကောင်အထည်ဖော်နေသည်ဟုသိရသော်လည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ခက်ခဲ့ပါဦးမယ်။


၂။ လျှပ်စစ်ကားသုံးစွဲမှုကဏ္ဍမှာလဲ မူဝါဒဥပဒေများချမှတ်မည်ဟု သတင်းများထွက်နေသော်လည်း လက်တွေ့မှာ အောင်မြင်နိုင်ချေနည်းနေပါသေးသည်။ တနိုင်ငံလုံးမဆိုထားနှင့် မြို့ပြကြီတွေမှာတောင် လျှပ်စစ်မီးမမှန်တဲ့ပြဿနာကြောင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် လျှပ်စစ်ကားများကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ကအလှမ်းဝေးနေဆဲပါ။


၃။ သဘာဝဘေးအန္တရာယ်ခြိမ်းခြောက်မှုမှာဆိုလျှင်လဲ မြန်မာနိုင်ငံ Vulnerability အဖြစ်ဆုံးနိုင်ငံတွေမှာ ပါနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုန်းမုန် တိုင်းများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း စတဲ့ natural hazards တွေကို ခံစားနေရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၂၂) ခုနှစ်အတွေ့အကြုံများအရ ငလျင်ဒဏ်ကိုလဲသတိထားဖို့လိုပါမယ်။


၄။ ပလတ်စတစ်နှင့်အမှိုက်ပြသနာကတော့ ဆက်လက်ရှိနေပါဦးမယ်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာကထွက်ရှိတဲ့ Organisation for Economic Co-operation and Development (OECD) ၏ အစီအရင်ခံစာအရ မြန်မာနိုင်ငံတစ်လုံးမှာထွက်ရှိတဲ့အမှိုက်များရဲ့ (၁၆%) က ပလတ်စတစ်အမှိုက်တွေဖြစ် ပါတယ်။ (၂၀၃၀) ခုနှစ်တွင် တစ်နိုင်ငံလုံးအတွက် Waste Collection ရာနှုန်းပြည့် လုပ်ဆောင်မည်ဟု ချမှတ်ထားသော်လည်း ယခုနိုင်ငံရေးအခင်းအကျင်းများကြောင့် အနည်းငယ်နှောင့်နှေးသွားမည်။ တဖက်မှာလဲ The National Plastic Action Plan ကိုရေးဆွဲနေသည်ဟုသိရပြီး ဘယ်တော့ပြဌာန်းမလဲဆိုတော့မသိရပါ။


၅။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ သန့်ရှင်းသောရေရှားပါးမှု နဲ့ ကောင်းမွန်သော မိလ္လာစနစ်ရရှိမှုတို့အတွက် EHS Myanmar အပါအဝင် INGO နှင့် NGO များကဝိုင်းဝန်းလုပ်ဆောင်နေကြသော်လည်း ပြည့်စုံဖို့အတွက်ကတော့ လိုအပ်နေပါဦးမယ်။ အထူးသဖြင့် လေထုညစ်ညမ်းမှုအတွက် ကဏ္ဍအလိုက်တိကျသောမူဝါဒများမရှိသေးသလို မော်တော်ယာဉ်ညစ်ညမ်းမှုများ အတွက်လဲ enforcement မရှိနိုင်သေးပါ။


၆။ Global Forest Watch အဖွဲ့ကြီး၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှာ (၂၀၀၁) ခုနှစ်မှာ (၂၀၂၁) ခုနှစ်အထိ သစ်တော (၅၇%) ကိုဆုံးရှူံးခဲ့ပြီးဖြစ်ပါတယ်။ သစ်တောဆုံးရှုံးမှုမှာ ရှမ်းပြည်နယ်တွင် (၁.၄၇) Mha ဖြင့် အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းမှာ (၄၈၇) kha ဖြင့်ဒုတိယနေရာမှာရှိပါတယ်။ (၂၀၂၃) မှာလဲ သစ်တောပြုန်းတီး မှုများဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး မတည်ငြိမ်သောဒေသတွေမှာ ပိုမိုအဖြစ်များလာကြောင်းသုံးသပ်ထားကြပါတယ်။


နိဂုံးချုပ်ရသော် (၂၀၂၃) ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုတ်ယုတ်မှုတွေကို တွေ့ကြုံခံစားလာရနိုင်ပါ တယ်။ ဒီအချက်ကြောင့်ကနေပဲ တွန်းအားတစ်ခုသဖွယ်ဖြစ်ပြီး Sustainable Developement ဖြစ်အောင် ကမ္ဘာ့နိုင်ငံအသီးသီးက မရွေ့ချင်လဲရွေ့နေရသလိုဖြစ်လို့လာနေပါတယ်။ ဒါကတော့အကောင်းဖက်က မြင်ကြည့်တာပါ။ စာရေးသူတို့နိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကဏ္ဍက ခေတ်အဆက်ဆက် နောက်ဆုံးမှစဉ်းစားတဲ့ အလေ့အကျင့်ကရှိနေခဲ့တာဖြစ်တဲ့အတွက် ယခုနှစ်လဲ သိသာသောပြောင်းလဲမှုတွေ တွေ့ရမယ်လို့မထင်မိပါ။ သိသာသောပြောင်းလဲမှုတွေလို့ဆိုလိုတာဖြစ်တဲ့အတွက် အရွေ့အနည်းငယ်တော့ ၂၀၂၁၊ ၂၀၂၂ ထက်တော့ ဖြစ်လာလိမ့်မည်ဟုယူဆရပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ... သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုတွေကတော့ ကျွန်ုပ်တို့လို NGO တွေက ဆက်လက်လုပ်ဆောင်ပေးနေရဦးမှာဖြစ်ပါတယ်။ ။


ရေးသားသူ - နိုင်ကျော်လူ


ကိုးကား - Quantum Commodity Intelligence, Forrester.com, Theguardian.com, Environmental Defence, Global Waste Index 2022, The World Bank, Organisation for Economic Co-operation and Development.

--------------------------------------------------------

EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။





15 views0 comments

Kommentare


bottom of page